"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

သွေး  

စာရေးသူ >> အညာသား

“အိုသွေး” - လွန်စွာပြင်းထန်သော၊ တိကျသော၊ ပြတ်သားသောသူများ ဖြစ် ကြပြီး၊ ရည်မှန်းချက်ကြီးမားကာ မဖြစ်မနေလုပ်ဆောင်တတ်ကြသလို၊ အား သွန်ခွန်စိုက် ဆောင်ရွက်တတ်ကြ၏။ အချစ်ရေးနှင့်ပက်သက်ပြီး မိမိကိုယ် ကို အစွဲအလမ်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပဲ ချစ်သူ နှင့် ခွဲခွါရလျှင် မကြာခင် ဖြေဖျောက်နိုင်သူများ ဖြစ်ကြသည်။
အေသွေး” - စိတ်ထိခိုက်လွယ်၊ စိတ်လှုပ်ရှားလွယ်သူများဖြစ်ကြပြီး၊ ဝေဖန် ခံနိုင်ရည်စွမ်းအား နည်းကြသည်။ အချစ်ရေးနှင့် ပက်သက်ပြီး အချစ်ကြီးသူ များဖြစ်ကြသည်။တစ်ဦးဆိုတစ်ဦး စွဲစွဲလမ်းလမ်းဖြစ်တတ်ကြပြီး၊ ချစ်သူနှင့် ခွဲခွါရလျှင် အခြားသူများထက် ပို၍ ခံစားရတတ်သည်။
“ဘီသွေး” - မိမိတို့နေတတ်သလို၊ စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူတတ် ကြသည်။ အချုပ်အခြယ်မခံလိုပဲ လွတ်လပ်စွာနေလိုစိတ် ပြင်းပြကြသကဲ့သို့ ဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်းရှိကြသည်။ အချစ်ရေးနှင့်ပက်သက်ပြီး ရံဖန် ရံခါ အချစ်ကို ပေါ့ပေါ့ဆဆ သဘောထားတတ်ကြသလို၊ မိမိကိုယ်ကိုသာ ပို မိုခင်တွယ်၊ ဦးစားပေးတတ်၍ ချစ်သူတို့၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
“အေဘီသွေး” - အရာရာကိုမျှမျှတတ ဝေဖန်ပိုင်းခြား၊ ဆင်ခြင်တတ်ကြပြီး၊ မိမိသဘောဆန္ဒကိုမကြည့်ပဲ အများ၏ဆန္ဒကို ဆောက်ရွက်တတ်ကြသည်။ အချစ်ရေးနှင့် ပက်သက်ပြီး စိတ်ကူးယဉ်အိမ်မက် မက်လွန်းသူများ ဖြစ်ကြ သည်။ အခြေနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။

(စံဇာနီဘို ဟုတ်ဘူးနော်၊ အညာသားလေး ဗေဒင်ဟောတတ်ဘူး။ ကျနော့် မောင်နှမများအတွက် ဖတ်ဖူးတာလေးတွေ ရေးထားတာပါ။ အညာသား လေး၏ အရည်အချင်းကိုယုံကြည်၍ ဗေဒင်မေးချင်သည်ဆိုပါလျှင် စေတနာ ဖြင့် အခမဲ့ကူညီပါမည်။ “ဒုက္ခရောက်လျှင် တာဝန်မယူပါ”)

This entry was posted on Tuesday, March 11, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 ယောက်ရဲ့အမြင်

Ayartharlayy taw tal ha......baydin haw sar par lar..