"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

သူ့ဟာနဲ့သူ  

စာရေးသူ >> အညာသား

တစ်နေ့

မောကြီးပန်းကြီးနှင့်ပြေးလာသော ဆင်နဲ့ကြွက်တို့ သူငယ်ချင်းနှစ်ယောက် လမ်းခုလတ်မှာဆုံကြလေတော့ ကြွက်က ဆင်ကိုမေးတယ်။

ကြွက်။ ။ ဘာဖြစ်လို့ မောကြီးပန်းကြီးနဲ့ ပြေးလာတာလဲ သူငယ်ချင်း။

ဆင် ။ ငါ့ကို ဆင်ရိုင်းတစ်ကောင်က ရန်ရှာပြီး သူ့အစွယ်နဲ့ လိုက်ထိုးနေလို့။ မယုံရင်ငါ့ကျောကုန်းကို ကြည့်ပါလား၊ ပြဲသွားတာ တစ်တောင်လောက်ရှိတယ်။ ဒါနဲ့ မင်းကရော ဘယ်လိုဖြစ်လို့ ဒီလောက်တောင်ပြေးလာတာလဲ။

ကြွက်။ ။ ငါလည်းမင်းလိုပဲကွ။ ငါ့ကို ကြောင်တစ်ကောင်က လိုက်ခုတ်နေလို့။ မယုံရင် င့ါကျောကုန်းကို ကြည့်ပါလား၊ ပြဲသွားတာ တစ်တောင်လောက်ရှိတယ်။

ဆင်။ အောင်မာ…. မင်းခန္ဓာကိုယ်က တစ်ထွာလောက်ပဲရှိတာကိုများ၊ ပြဲသွားတဲ့ဒဏ်ရာက တစ်တောင်ရှိမလားကွ။ ဟုပြောပြီး ဟားတိုက်၍ ရယ်လေသည်။ ပြန်လည်ချေပပြောဆိုလိုက်သော ကြွက်၏စကားမှာ..

ကြွက်။ ။ အေးလေ။ မင်းလည်း မင်းအတောင်နဲ့မင်း၊ ငါလည်း ငါ့အတောင်နဲ့ငါပေါ့။


This entry was posted on Friday, May 02, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 ယောက်ရဲ့အမြင်