"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ချစ်ကြည်ရေးပွဲတော်  

စာရေးသူ >> အညာသား

ရုရှားဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲခင် ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် “လူမျိုးစုချစ်ကြည်ရေးတက္ကသိုလ်” (FriendShip University) ကိုစတင်တည်ထောင် ခဲ့သည်။ စတင်တည်ထောင်ခဲ့စဉ်ကတည်းက ဌာနကြီး(၁၀)ခု ရှိခဲ့လေသည်။

၁။ ရူပဗေဒ၊ သချာင်္ နှင့် သဘာဝသိပ္ပံဌာန၊
၂။ ဆေးပညာဆိုင်ရာဌာန၊
၃။ စိုက်ပျိုးရေးဌာန၊
၎။ သဘာဝလူ့ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဌာန၊
၅။ လူမျိုးနွယ်နှင့်လူမှုရေးသိပ္ပံဌာန၊
၆။ စိတ်ပညာဌာန၊
၇။ အင်ဂျင်နီယာပညာဌာန၊
၈။ စီးပွါးရေးပညာဌာန၊
၉။ ဥပဒေပညာဌာန၊
၁၀။ နိုင်ငံခြားဘာသာနှင့် အထွေထွေစည်းမျဉ်းဌာန တို့ဖြစ်ကြသည်။

ထိုကျောင်းတော်ကြီး၏ ပထမဆုံး ပါမောက္ခချုပ်မှာ ပရော်ဖက်ဆာ-ပက်ထရစ်လူမူဗာ (Patric Lumuva) ဖြစ်သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ လေသည်။ ယခုလက်ရှိ ပါမောက္ခချုပ်မှာ ဗလာဒီမာ မီဟာလာဘိခ်ျ ဖီးလစ်ပေါ့ဖ် (Владимир Михайлович Филиппов) ဆိုသူဖြစ်သည်။ ရုရှားနိုင်ငံပညာရေးဆိုင်ရာ သိပ္ပံအကယ်ဒမီ ကောင်စီတွင်လည်း အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေသည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်မှ လူမျိုးစုပေါင်း(၄၅၀)ကျော်တို့ ထိုကျောင်းတော်ကြီးတွင် ပညာသင်ကြားလျှက်ရှိကြသည်။ ထိုကျောင်းတော်ကြီး၏ နှစ်စဉ် မေ(၁)ရက်နေ့တွင် ကျင်း ပသော ချစ်ကြည်ရေးအထိမ်းအမှတ်ပွဲတော်တွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ ကျောင်းသားများသာ ပါဝင်ဆင်နွှဲခွင့်ရှိလေသည်။ ထိုကျောင်းတော်တွင် တက်ရောက်၍ ပညာသင်ကြားခြင်းမရှိသော ကျနော်တို့မြန်မာကျောင်းအဖို့ ပါဝင်ဆင်နွှဲနိုင်သော အခွင့်အ ရေးမရှိပေ။ ထိုကျောင်းတွင် ပညာသင်ကြားနေသော နိုင်ငံပေါင်း (၁၀၀)ကျော်မှ လူမျိုးစု (၄၅၀) ကျော် ကျောင်းသားများပင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတိုင်း ပါဝင်ဆင်နွှဲ နိုင်ခြင်းမရှိပေ။ MayDay တွင်ကျင်းပသော ချစ်ကြည်ရေးအထိမ်းအမှတ်ပွဲတော်တွင် (၇၅) နိုင်ငံကျော်သာ ပါဝင်ဆင်နွှဲနိုင်လေသည်။

(ယခင် “MayDay အမှတ်တရ” ဆောင်းပါးသည် MayDay နေ့အတွက် အမှတ်တရဖြစ်စေ ရန် အချိန်မှီအောင် တင်လိုက်ရခြင်းဖြစ်သောကြောင့် ထိုဆောင်းပါးတွင် မပြည့်မစုံဖော်ပြ လိုက်ရခြင်းအတွက် စာဖတ်သူအပေါင်းအား ကျနော် အညာသားလေး က အနူးညွတ်တောင်းပန်အပ်ပါသည်။)

This entry was posted on Sunday, May 04, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 ယောက်ရဲ့အမြင်