"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

အပြည်ပြည်ဆိုင်ရာအမေနေ့  

စာရေးသူ >> အညာသား


အမေနေ့ အထိမ်းအမှတ်အတွက် အကျွေးအမွေးနဲ့ဧည့်ခံတဲ့ မောင်တာယာကို ကျေးဇူးတင်ရှိကြောင်း ထပ်ဆင့်ပြောပါရစေ (မစားရသေးရင် အမြန်သွားဆွဲလိုက်အုံး razz)။ အမေနေ့ အမှတ်တရအတွက် ကျနော် အညာသားကလဲ မိတ်ဆွေတို့ကို တတ်နိုင်သလောက် မျှဝေချင်တဲ့ ဆန္ဒလေးရှိလို့ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံးကို တန်ဘိုးထား၊ ချစ်ခင် ကြည်ညိုကြတာချင်း တူပေမယ့် အမေနေ့ကို နိုင်ငံအလိုက် ကျင်းပတဲ့ ရက်တွေကျတော့ အများအပြား ကွဲပြားနေတယ်ဗျ။ နိုင်ငံ အများစုကတော့ မေလရဲ့ဒုတိယမြောက် တနင်္ဂနွေနေ့မှာ ကျင်းပကြတယ် (ကျနော်တို့ မြန်မာနိုင်ငံလဲ အပါအ၀င်ပေါ့ဗျာ)။ စာရေးဆရာကြီး ချစ်စံဝင်း ရေးထားတဲ့ “အမေနှင့်အမေ့အကြောင်း” စာအုပ်လေးကို မဖတ်ရသေးဘူး၊ စိတ်ဝင်စားတယ် ဆိုရင်တော့ ဒီမှာ DownLoad ယူပါခင်ဗျာ။ အမေနေ့ အထိမ်းအမှတ်အတွက် နိုင်ငံအလိုက် အမှတ်တရကျင်းပတဲ့ ရက်တွေကတော့ ကျနော် မျှဝေလိုက်ပါတယ်။


ကျင်းပကြတဲ့ရက် အသီးသီးကို စိတ်ဝင်စားလို့ DownLoad ဆွဲချင်ရင်တော့ ဒီမှာ ပါ။

အမေ အားလုံးအပါအ၀င် မြန်မာနိုင်ငံ ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကန္တာရကပ်ဆိုး၊ အန္တရာယ် အမျိုးမျိုးတို့မှ ကင်းဝေး၍ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်ကြပါစေ။

This entry was posted on Friday, May 09, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 ယောက်ရဲ့အမြင်

နိုင်ငံအမျိုးမျိုးမှာ သတ်မှတ်ထားတဲ့ အမေနေ့တွေကို စုစည်းပေးထားတာ တန်ဖိုးရှိလိုက်တာကွာ။ အားလုံးကို တခါတည်း သိနိုင်ဖို့ဆိုတာ မလွယ်ဘူး။ ကျေးဇူးနောင်တော်ရာ :D