"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ဘ၀သင်္ချာ  

စာရေးသူ >> အညာသား

အညာသား ဖတ်ဖူးတဲ့ ဒဿနလေးတစ်ခုပါ။ မူရင်းစာမူရှင်ကိုမသိပါဘူး။ ကိုကို၊ မမ များရဲ့ ဘ၀အတွက်၊ ဖတ်ရှုဆင်ခြင်၊ တွေးမြင်ကြံဆ၊ သုံးသပ်ကြလော့ ….razz

အောက်ပါညီမျှခြင်းများကိုကြည့်လျှင် သင်အံ့သြသွားလိမ့်မည်။ သို့သော် ယင်းညီမျှခြင်း ရလဒ် များသည် ယေဘုယျအားဖြင့် မှန်ကန်ကြောင်းတွေ့ရလိမ့်မည်။

• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = အချစ်ဇာတ်လမ်း
• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = ကိုယ်ဝန်ဆောင်မှု
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = ပြဿနာ
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = လက်ထပ်ခြင်း

• အရည်အချင်းပြည့်ဝသောအလုပ်ရှင်+အရည်အချင်းပြည့်ဝသောအလုပ်သမား= အကျိုးအမြတ်
• အရည်အချင်းပြည့်ဝသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = ထုတ်လုပ်မှု
• အရည်အချင်းနည်းသောအလုပ်ရှင်+အရည်အချင်းပြည့်သောအလုပ်သမား= ရာထူးတိုးတက်မှု
• အရည်အချင်းနည်းသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = အပိုအလုပ်ချိန်

• ယောင်္ကျားတစ်ဦးသည် သူအလိုရှိသော (၁)ကျပ်တန်ပစ္စည်းကို (၂)ကျပ်ပေး၍၀ယ်ပါလိမ့်မည်။
• မိန်းမတစ်ဦးသည် သူမလိုချင်သော(၂)ကျပ်တန်ပစ္စည်းကို ငွေ(၁)ကျပ်သာအကုန်ခံလိမ့်မည်။
• မိန်းမတစ်ဦးသည် ခင်ပွန်းယောင်္ကျားမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်နေလိမ့်မည်။
• ယောင်္ကျားတစ်ဦးသည် ဇနီးခင်ပွန်းမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်မည်မဟုတ်ပေ။
• အောင်မြင်သောယောင်္ကျားတစ်ဦးသည် သူ၏ဇနီးသုံးစွဲနိုင်သည်ထက် ငွေပိုရှာနိုင်သူဖြစ်သည်။

အောင်မြင်သောမိန်းမတစ်ဦးသည် ယင်းယောင်္ကျားမျိုးကို ရအောင်ရှာနိုင်သူဖြစ်သည်။


This entry was posted on Friday, May 16, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

5 ယောက်ရဲ့အမြင်

အောင်မြင်သော မိန်းမတစ်ဦးသည် ယင်းယောင်္ကျားမျိုးကို ရအောင်ရှာနိုင်သူဖြစ်သည်။

ဆိုတဲ့ စာသားကို အကြိုက်ဆုံးပဲ
နောက်လည်း ထပ်ပီးတင်ပေးပါအုံး အညာသားလေးရ
ကောင်းတယ်ဂွတ်ပဲ

စိတ်ရှုပ်သွားပြီ နောင်တော်။ မယူတော့ဘူးကွာ။ လာ - ဦးဇင်းသွားဝတ်ကြမယ် :D

အင်းအချစ်က အပေါင်းအနုတ် အမြာက်အစား ထက်ပိုလေးနက်တယ်.. :P

စဉ်းတော့စဉ်းစား စရာပဲ...။ အတည်တော့မပြုသေးဘူး.. ဟဲ..ဟဲ။

ဟုတ်သလိုလို ပဲ..... ဒါနဲ့  ကိုအညာသားကကော ဘယ် ညီမျှခြင်းထဲမှာ ပါနေလဲဗျ ?