"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

May Day အမှတ်တရ  

စာရေးသူ >> အညာသား

Moscow မှာ FriendShip ဆိုတဲ့ ကျောင်းကြီးတစ်ကျောင်း ရှိသဗျ။ နိုင်ငံ ပေါင်း (၇၅) နိုင်ငံကျော်လောက်က ကျောင်းသားတွေရှိကြတယ်။ အဲဒီ ကျောင်းမှာနှစ်စဉ်မေ(၁)ရက်နေ့တိုင်း ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ပွဲတော်ကြီးတစ်ခု ကျင်းပလေ့ရှိတယ်။ အဲဒီပွဲမှာ နိုင်ငံအသီးသီးရဲ့ ကျောင်း သားတွေက ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတို့ကို ဂုဏ်ယူ ၀ံ့ကြွားစွာ ပြသနေကြလေရဲ့။ ကိုယ့်ရိုးရာဓလေ့ အကြောင်းကို အပြန်အလှန် ပြောနေ လိုက်ကြတာများ အားရစရာ။ ခင်းကျင်းပြသထားတဲ့ ရိုးရာအမွေအနှစ်၊ ၀တ် ဆင်ထားကြတဲ့ ရိုးရာဝတ်စုံတို့ကို မြင်ရုံ၊ ပြောဆိုသမျှကို နားထောင်ရုံနဲ့ နိုင်ငံ အသီးသီးရဲ့ ယဉ်ကျေးမှု၊ ဓလေ့တို့ကို ခန့်မှန်းနိုင်ပေပြီ။ အမိမြေနှင့်ခွဲခွါ နေရ ပြီး သူများနိုင်ငံမှာ အမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ အမွေအနှစ်တို့ကို နိုင်ငံအများသိစေရန် ခုလို ပြောဆိုပြသနိုင်ရန်မှာ ကြီးမားသောအခွင့်အရေး တစ်ခုပင်။ နိုင်ငံအများအပြားမှ ပါဝင်ဆင်နွှဲကြတာဖြစ်လို့ ကိုယ့်နိုင်ငံအ ကြောင်းကို ဂုဏ်ယူပြောဆို၊ ပြသနိုင်ယုံသာမက တခြားနိုင်ငံတွေရဲ့ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုတို့ကိုပါ လေ့လာသိရှိနိုင်တာမို့ အလွန်တန်ဘိုးရှိပြီး ရှားပါးလှ တဲ့ ချစ်ကြည်ရေးပွဲကြီးပင်။ မှတ်တမ်းတင် ဗီဒီယို၊ ဓာတ်ပုံရိုက်သူ တွေကလဲ မနည်း။ “ကျနော်တို့ မြန်မာကျောင်းသားများသာ ပါဝင်ဆင်နွှဲ ခွင့်ရမယ်ဆိုရင်” ဟူသောအတွေးဖြင့် အမိမြေကို တမ်းတမိသည်။

FriendShip မြင်ကွင်း
Photobucket


အိန္ဒိယနိုင်ငံ ရိုးရာအမွေအနှစ်များPhotobucket

ကင်မရွန်းနိုင်ငံရိုးရာတီးလုံးဖြင့် လိုက်ဖက်အောင် ကြိုးစားကပြနေသော ကလေးငယ်။
Photobucket

နီပေါနိုင်ငံမှ အလှပဂေးများ
Photobucket

တာဂျစ်ကစ္စတန်တို့ရဲ့ရိုးရာ
Photobucket


အမှတ်တရဓာတ်ပုံရိုက်နေကြလေရဲ့
Photobucket

မြန်မာ့ရိုးရာလုံချည်၊ တိုက်ပုံတို့ကို ၀တ်ဆင်ပြီး မြန်မာ့ဒိုးပတ်ဝိုင်း၊ မြန်မာ့ အက၊ မြန်မာ့အလှ တို့အပြင် ပျူငှာဖော်ရွေသော ပြောဆိုဆက်ဆံမှုတို့ ကိုသာ ပါဝင်ပြသခွင့်ရမယ်ဆိုရင် အများနဲ့မတူ တစ်မူထူးလှတဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှုကြောင့် နိုင်ငံအများရဲ့ စိတ်ဝင်စားမှု၊ အထင်ကြီးလေးစားမှု တို့ တသွင်သွင်စီးဆင်းနေမှာ မလွဲပေ။ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေး မှုရှိကြ သည်။ အခုလို အခွင့်အခါကြုံကြိုက်ပြီး အမိနိုင်ငံရဲ့ ရိုးရာဓလေ့ကို ဂုဏ်ယူ ၀င့်ကြွားစွာပြသနေသော နိုင်ငံအသီးသီးမှ ကျောင်းသားများကိုလဲ လေးစား မိသည်။ ကိုယ့်နိုင်ငံရဲ့ ရိုးရာ၊ ဓလေ့ကို တန်ဘိုးထားဂုဏ်ယူတတ်ဘို့၊ ထိန်း သိမ်းစောင့်ရှောက်ဘို့ဆိုတာ ကိုယ်ကလွဲလို့ ဘယ်သူ့မှာတာဝန်ရှိအုံးမလဲဗျာ။
(မြန်မာကျောင်းသားများ ပါဝင်ဆင်နွှဲခွင့်မရခြင်း အကြောင်းကို ဆက်လက်ဖော်ပြပါမည်။)

This entry was posted on Saturday, May 03, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

2 ယောက်ရဲ့အမြင်

ကျေးဇူးပုံတွေ ဒီလိုမျှဝေတဲ့ အတွက်။ ။ ဟုတ်တယ် ရိုးရာမွေတွေ ပေါများလှတဲ့ မြန်မာ့ယဉ်ကျေးမှု ကိုတော့ဘယ်မီမလဲ… တိုင်းရင်းသားပေါးစုံရဲ့ အနံ့မွေးသော ပန်းေ၇ာင်(စုံယဉ်ကျေးမှု)တွေက
စံတင်လောက်ပါတယ်….။

ဓါတ်ပုံတွေပါတင်ပေးလို့ ကျေးဇူးပဲဗျို့
ရုရှားမှာ တိဘက်တန်တွေလည်း ရှိသကိုး။
ဒါဆို တခြားကျောင်းသားတွေလို မြန်မာကျောင်းသားတွေက ဘာလို့ ၀င်မပြကြတာလဲ
အများကြီး ရှိတာပဲ