"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

အ၀ှာ  

စာရေးသူ >> အညာသား


သီလရှင်ကျောင်းတွင်ဖြစ်သည်။
ထိုကျောင်းတွင် သီလရှင်အားလုံးသည် အပတ်စဉ် ဥပုသ်နေ့တိုင်း တစ်နေကုန် ဆွမ်းမစားပဲ ဥပုသ်စောင့်ကြသည်။ အဆာမခံနိုင်သော သီလရှင်တစ်ပါးသည် ဥပုသ်နေ့တိုင်းတွင် ဆွမ်းကျန် များကို ဖွက်ထားပြီး ဆွမ်းခိုးစားတတ်သည်။ တစ်ခါသော ဥပုသ်နေ့တွင် အခြားသီလရှင် တစ်ပါးက သူဖွက်ထားသော ဆွမ်းတွေကို ခိုးစားနေတာမြင်တော့ အလွန်ဒေါသထွက် သွားသည်။ သူဖွက်ထားသောဆွမ်းကို ခိုးစားနေသော ထိုသီလရှင်အား ရန်မတွေ့ပဲလဲ မနေနိုင်။ ဥပုသ်နေ့တိုင်း သူဆွမ်းခိုးစားနေတာကို အခြားသီလရှင်တွေ သိသွားမှာလဲ ကြောက် သောကြောင့် ခြင်ထောင်သံဖြင့် ရန်တွေ့လိုက်ပုံကတော့...
“အောင်မာ.. ဆရာလေးက ငါ့အ၀ှာတွေကို အ၀ှာပြုနေတယ်ပေါ့လေ.. ငါက အ၀ှာပြုနေကြမလို့ အ၀ှာပြုဘို့ ချန်ထားတာ၊ ငါ့လို အ၀ှာပြုချင်ရင် မနက်ကတည်းက အ၀ှာပြုထားပေါ့။ အခုတော့ ငါအ၀ှာပြုမယ့်ဟာတွေ သူက အ၀ှာပြုလိုက်တော့ ငါ့အတွက် အ၀ှာပြုစရာမရှိတော့ဘူးပေါ့။ ငါ့အ၀ှာတွေတော့ ကုန်ပါပြီ …”
ဟူလေသတည်း…။ ။

This entry was posted on Sunday, August 03, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

2 ယောက်ရဲ့အမြင်

Anonymous  

အ၀ှာတွေထပ်နေတာကို အ၀ှာက ကောင်လေး အ၀ှာလိုလိုလာဖတ်သွားပါတယ်း)

ယောက်ဖရေ.. ငါလည်း အ၀ှာပြုမလို့ အ၀ှာလုပ်ပြီး အ၀ှာ့ကို လိုက်ရှာနေတာ အ၀ှာက အ၀ှာဖြစ်နေလို့ အ၀ှာ မပြုနိုင်ဘူးတဲ့ ။ ငါလည်းတော်တော်လေး အ၀ှာဖြစ်သွားတယ်ကွာ... အဟေးဟေး