"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ပထမဆုံး Tag  

စာရေးသူ >> အညာသား


မအားချင်ယောင်ဆောင်နေတာ အတော်ကြာသွားတယ်ထင်ပါ့ ။ အခုမှ ဘလော့ဘက်ကို ပြန်လှည့်ဖြစ်ပါတယ်ခင်ဗျာ။ လည်လည်လာသူများကိုလည်း ဧည့်ဝတ်မကျေသောကြောင့် အားနာမိပါ၏။ မီးငယ်ရေ... စိတ်ဆိုးနဲ့နော်.. နော် .. နော်.. Tag ထားတာကြာလှပြီ...အခုမှ ရေးဖြစ်လို့။ Intro များသွားလို့ သောက်မြင်ကတ်ပြီး ကိုယ့်အကြောင်းကို စိတ်မ၀င်စားပဲ နေအုံးမယ်။ Anyarthar’s intro is the end. mrgreen

သားသားနာမည် ….. အညာသား
သူငယ်ချင်းတွေကဒီလိုခေါ်တယ် ….. (Rain၊ ဂျွန်စော.... ၊ အို.. စုံလို့ပါပဲ... :D)
အနော် နေတာက ….. ရွာ
အနော့်ဆီဖုန်းဆက်ချင်ရင် ….. အညာသားတို့ရွာမှာ ဖုန်းမရှိပါ။

အနော့် အကြိုက်ဆုံးတွေက…..

အရောင်ဆိုရင်….. သားသားနဲ့လိုက်မယ်ထင်တဲ့အရောင် အကုန်ကြိုက်
အ၀တ်အစားဆိုရင်….. သူများဆီက အလကားရတာ (မှတ်ချက်။ ။ အသစ်)
အစားအစာဆိုရင်….. ကြိုက်တာတွေရေးနေရင် တအားများလို့ မကြိုက်တာတွေပဲ ပြောပြတော့မယ်နော်… (အသားထဲမှာ..သစ်သား၊ အရွက်ထဲမှာ..စာရွက်၊ အသီးထဲမှာ..ဒုံးသီး၊ ခြေ ၄ ချောင်းဆိုရင်…သံကုတင်၊ ခြေ ၂ ချောင်းဆိုရင်...လင်းတ) :P
ပစ္စည်းဆိုရင်….. ကွန်ပျူတာ (မှတ်ချက်။ ။ အင်တာနက် တပ်ဆင်ပြီး) :D
သီချင်းဆိုရင်…..ဖြေသိမ့်လိုက်
စာရေးစာဆရာ….. ဒေါက်တာမတင်ဝင်း
စာအုပ်….. ကြိုက်ရင်ဖတ်ပါတယ်၊ ဖတ်သမျှကိုလဲ အကုန်ကြိုက်ပါတယ်။
Life style….. တောဂေါ်လီ
အနော့်ဝါသနာ….. ဂစ်တာတီး၊ ဘောလုံးကန်
အလိုချင်ဆုံးလက်ဆောင်….. ရေကူးကန်၊ အားကစားကွင်း၊ စားဖိုမှုးတစ်ယောက်၊ ကား ၂ စီး၊ ၂ ထပ်တိုက် တစ်လုံး… ရှိသော ၁၀ ဧကခန့်ကျယ်သော ခြံတစ်ခြံ :D


အနော်အချစ်ဆုံးသူက….. ကိုယ့်ကိုယ်ကို (မညာတတ်လို့ပါ)
အနော်အလေးစားဆုံးသူက….. အဖေ
အနော်အခင်ဆုံးသူငယ်ချင်းက….. ကျန်စစ်
အနော့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…..အမေ
အနော့်အမုန်းဆုံးသူက…..မရှိပါဘူး
ရင်အခုန်ဆုံးအချိန်…..စာမေးတဲ့အချိန်... (မီးငယ်နဲ့ တူတယ်) :D
အကြောက်ဆုံးအချိန်…..သေမယ့်အချိန်
အပျော်ဆုံးအချိန်….. အခုအရွယ်ထိတော့ သတိမထားမိသေးဘူး။
အမှတ်တရနေ့….. ၁၅.၃.၀၁
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….. တပည့်တော် ကျန်းမာစွာဖြင့် အသက် ၁၂၀ နေရပါလို၏ဘုရား :D
အချစ်ဆိုတာ….. အချစ်
အမုန်းဆိုတာ….. သိဘူး
အလွမ်းဆိုတာ….. အလွမ်းပေါ့
သံယောဇဉ်ဆိုတာ….. အခိုင်မာဆုံးကြိုး
ဘ၀ဆိုတာ….. “ဘ” နဲ့ “၀” .. ပေါင်းထားတာ
သူငယ်ချင်းဆိုတာ….. ရင်ဖွင့်ဘို့
ချစ်သူဆိုတာ….. ချစ်ဘို့
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….. တစ်ကြိမ်စကားပြောဘူးလျှင် အနော့်ကိုမှတ်မိကြသည် (အထူးသဖြင့် မိန်းကလေးများ :P)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
အပြောချင်ဆုံးစကားတစ်ခွန်း….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
(မှတ်ချက်။ ။ ဖြေရခက်သော မေးခွန်းများကို မေးမြန်းခြင်းမပြုလုပ်ပါရန်။ :D )

This entry was posted on Wednesday, September 10, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

4 ယောက်ရဲ့အမြင်

လက်ဆွဲဆောင်ပုဒ်ကတော့မိုတ်တယ်အစ်ကိုရာ..
ကြောက်တဲ့အချိန်ကလဲတူသေးတယ်..ဟိ
MISA မှာဖုန်းမရှိဘူးပေါ့...ဟုတ်လား...
MISAကလူတွေကကိုရီးယားမင်းသားတွေချည်းပါလား...

အင်း ခုမှစဉ်းစားမိတယ် ဂျွန်စောနဲ့ တူတယ်နော်.. :D :P :) ကျန်စစ်လောက်တော့ မခန့်ပါဘူးပေါ့နော်.. :P :D :)

Anonymous  

သူ့ ရုပ်ကြီးကိုများ ဂျွန်စော တဲ့ အဟု အဟု ကယ်တော်မူကြပါအုံးးးးး) အစားအစာနဲ့  အလိုချင်ဆုံးလက်ဆောင်က ကြောက်စရာကြီး လောဘတွေ သိပ်မကြီးနဲ့  နောင်ညာရေ့ သေရင် ကိုယ့်နောက်ဘာမှမပါဘူး အပုပ်ကောင်ကြီးတဲ ဟီးး ကိုကျန့်  ကိုအချစ်ဆုံးဆိုတော့ သူ့ မှာ ညီမလေးရှိလို့ လားမသိ မောင်အညာသား ရိုးသားတာ ဘာမှမရှိ ...............။

နောင်တော်ရေ ခုမှ ဘလော့ဘက်ပြန်လှည့်ဖြစ်လို့ကွာ။
အလိုချင်ဆုံးဆုတွေကို ထီပေါက်တဲ့နေ့လုပ်ပေးမယ် :D
လိုက်ဖက်မယ့် အရောင်ဆိုတာ ဘယ်လိုအရောင်လေးပါလိမ့်နော် :P
မင်းရဲ့ အခင်ဆုံးသူငယ်ချင်း ဖြစ်ခွင့်ရတာ သိပ်ဝမ်းသာတယ်ကွာ။