"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

Blogger ရွာသို့ …  

စာရေးသူ >> အညာသား

ကျေးလက်တောတန်းက မထင်မရှားလယ်သမား၊ အညာသားလေး။ လူက ပိန်ညော်ညော်၊ အသားအရေက မဲညိုညို။ ၀တ်တတ်တဲ့အကျီ၊ ဘောင်းဘီ က စုတ်ပြတ်ပြတ်(တောဂေါ်လီ ပေါ့ဗျာ)။ ဘ၀ပေးအခြေအနေအရတော့ အညာသားလေးက ခင်မင်ဖွယ်ကောင်းသော မောင်နှမများရှိရာ ဤရွာသို့ ရောက်လာနိုင်စရာ အကြောင်းမရှိပေ။
One day !
ကျွန်တော်မဖိတ်ပါပဲနဲ့ ကျွန်တော့်ဆီကို ဧည့်သည်တစ်ယောက် ရောက်လို့ လာပါတော့တယ်။ ဟန်ဆောင်တဲ့အပြုံးတွေနဲ့ ကြိုဆိုပြီး ကျွန်တော် မစားရက်၊ မသောက်ရက် ပုဆိုးဝယ်ဘို့စု ထားတဲ့ ချွေးနည်းစာလေးနဲ့ သူ့ကို ထမင်းကြွေးလိုက်ရပါတယ်ဗျာ။ စေတနာမပါပဲကြွေးတဲ့ ထမင်းကို မြင်မ ကောင်း၊ ရှုမကောင်းအောင် တ၀တပြဲစားနေတဲ့ ဧည့်သည်ကတော့ ကျွန် တော့်ညီတော် အချစ်တုံးလေး မင်းကျန်စစ် ပေါ့။ ထမင်းစားနေရင်းနဲ့ သူ သိသမျှ၊ တတ်သမျှ Computer အကြောင်း၊ Internet ၊ Website အစရှိသော မင်းကျန်စစ် ၏ ကြီးကျယ် သော စကားလုံးများကို အညာသား လေးခမျာ နားလည်ဘို့ဝေးစွ၊ ကြားတောင်မကြားဘူးပါ။ (ထမင်းပိုစား ကောင်းအောင် ပေါက်တတ်ကရ လျှောက်ပြောနေသည် ဟုသာ တွေးမိ သည်) နောက်ဆုံး ကျွန်တော်နားလည်လိုက်သည်မှာ ကျွန်တော်တို့ရွာထက် အဆ(၁၀၀၀)မက ကြီး မားသော၊ အစစအရာရာ ဖွံ့ဖြိုးတိုးတက်နေသော၊ Blogger ဟုခေါ်သော ရွာကြီးတစ်ရွာရှိ ကြောင်း၊ ထိုရွာတွင် တအားခင်စရာကောင်းသော Blogger မောင်နှမများ နေထိုင်ကြကြောင်း သိရသောအခါ ထိုရွာသို့သွားရန် စိတ်အားထက်သန်မိသည်။ သို့သော် အပျင်းထူရန် ၀ါသနာ ထုံသော အညာသားလေးအဖို့ လွန်စွာ ခက်ခဲ၊ ပင်ပန်းလှသော အလုပ်တစ်ခုဖြစ်ပေသည်။ ညီတော်၏ ဇွတ်အတင်း ဆွဲခေါ်မှုကြောင့် ကျွန်တော်အညာသားလေးခမျာ ဒရွတ်တိုက်၍ ကျွန်တော့်မောင်နှမများဆီသို့ ရောက်ခဲ့လေပြီ။ ။

ဆက်လက်ဖတ်ရှုရန်...