"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

မမေ့နိုင်သော ကျောင်းကလေး  

စာရေးသူ >> အညာသား

“ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း”

ကလေးငယ်များ၏ စာဖတ်သံများကို အဝေးမှပင် ကြားနေရသည်။ စာသင် ကျောင်းလေး၏ ရှေ့တွင် နိုင်ငံတော်အလံက ခန့်ညားထည်ဝါစွာ နေရာယူ လျှက်ရှိသည်။ ကျောင်းကလေး၏ ဘေးတဘက်စီတွင် လယ်ယာမြေများ ရှိကြသည်။ အပူပိုင်းဒေသ ဖြစ်သောကြောင့် ခြောက်ကပ်ကပ် ရှိလှသော် လည်း ကျောင်းပတ်ဝန်းကျင်ရှိ စီတန်းနေသော ထန်းပင်များ၊ ကျောင်းကို ၀န်းရံလျှက်ရှိသော မယ်ဇလီပင်များ၊ ကျောင်း၏ ရှေ့တွင်ရှိသော ဘော လုံးကွင်းနှင့်ရေကန် စသည်တို့က ထို စာသင်ကျောင်းကလေး၏ သာယာ ချမ်းမြေ့မှုကို ထောက်ပံ့ပေးလျှက်ရှိ ကြသည်။ စာသင်ကျောင်း ကလေးနှင့် တဖြည်းဖြည်း နီးလာလေလေ၊ ကျနော့်ရင်ခုန်သံ မြန်လာလေလေ။ တစ်ခါမှ မလုပ်ဘူးသောအလုပ်မို့ အဆင်မပြေဖြစ်မှာလဲ စိုးရိမ်မိသည်။

မနေ့က အိမ်ကို ကျောင်းအုပ်ဆရာကြီး လာသွားသည်။ ကျန်းမာရေး မကောင်းသော အဖေ့အခြေအနေကို လာကြည့်ရင်း၊ ကျောင်းကလေး၏ ဆရာ/ဆရာမ မလုံလောက်မှု အခက်အခဲ၊ ကလေးများ၏ စာသင်ချိန် အခက်အခဲများကို ပြောပြလေသည်။ ကြားရသော ကျနော့်အဖို့ စိတ် မကောင်းဖြစ်မိသည်။ ကျနော့်အတွက် ကျောင်းအားလပ်ရက်ဖြစ်သည့် အပြင်၊ စိုက်ပျိုးချိန် မဟုတ်သောကြောင့် အိမ်တွင်လည်း အလုပ်ရှုပ် လှသည်မဟုတ်ပေ။ ထို့ကြောင့် အဖေ့ကိုယ်စား ကလေးတွေအား စာသင်ရန် တိုင်ပင်ခွင့်တောင်းရာ အဖေက သဘောတူ ခွင့်ပြုခဲ့လေသည်။ အမေ ကလဲဝမ်းသာနေသည်။ ကျောင်းအုပ်ဆရာကြီးကလဲ ၀မ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောသွားခဲ့သည်။

“ဒေါင် ဒေါင်၊ ဒေါင် ဒေါင်”

မုန့်စားကျောင်းဆင်းချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းသို့ ၀င်လိုက်တယ်ဆိုရင်ပဲ ဆရာကြီးက “ကြွပါ ဆရာ” ဟု နှုတ်ဆက်ကာ ကြိုဆို လေသည်။ ကျနော့်ဘ၀မှာ ပထမ ဆုံး အခေါ်ခံရသော အသုံးအနှုံးပင်။ ကျနော့်အတွက် အံ့သြမှုနှင့်အတူ ကြည်နူးရသည်မှာ အမှန်။ ကျနော် စာသင်ရမည့် အတန်း၊ ကျောင်းဆင်းချိန်၊ ကျောင်းတက်ချိန် စသည်တို့ကို ရှင်းပြလေသည်။ ထို့နောက် မုန့်စားကျောင်းဆင်းချိန်ပြည့်ကျောင်းပြန် တက်သောအခါ ကျနော် စာသင်ရမည့် ဒုတိယတန်း အခန်းသို့ခေါ်သွားပြီး ကျနော့်အား ကလေးများနှင့် မိတ်ဆက်ပေးသည်။ “ငါတို့ကို စာသင် ပေးမယ့်ဆရာ” ဟူသော မျှော်လင့်ချက်ဖြင့် ကျနော့်အား ကြည့်နေ ကြဟန်တူသည်။ ရိုးသားပြီး အပြစ်ကင်းစင်သော ကလေးများ၏ မျက်နှာကို ကြည့်ပြီး ဂရုဏာသက်မိသည်။ ယခင် သင်ပြီးခဲ့သော သင်ခန်းစာများကို ပြန်လည်ရှင်းပြ၊ သင်ကြားရင်းနှင့်ပင် တစ်ရက်ကုန်သွားခဲ့သည်။
နောက်တစ်နေ့...

(ဇာတ်သိမ်းပိုင်း ကို ဆက်လက်ဖတ်ရှုရန် )

This entry was posted on Wednesday, April 30, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

0 ယောက်ရဲ့အမြင်