"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

သီချင်းလေးအတိုင်း  

စာရေးသူ >> အညာသား


`အရှိကိုအရှိတိုင်းသာ ဖွင့်ပြောမည်… မြင်မြင်ချင်း မင်းကို ချစ်သွားသည်.. ပိုင်ဆိုင်တဲ့အသည်းကို အရှုံပေးခဲ့ရာ.. ဒါ အချစ်ပဲလား စိတ်မှာ မော.. သည်..။ နားလည်မှုတံခါးတွေ ဖွင့်ထားသည်.. ကြင်နာစကားလေးတွေ မျက်ဝန်းဆီ… ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့သည်… ကို မညာတော့ဘူး မင်းကိုချစ်..သည်…´
အညာသား။ ။ `ဟေ့ကောင်… သီချင်းကို တိုးတိုးသက်သာ ဖွင့်စမ်းပါကွာ..။ ဒီမှာ အိပ်လို့မရတော့ဘူး။´ တကယ့်ရွာသားပီပီ သီချင်းကို အကျယ်ကြီးဖွင့်ကာ နားထောင်တတ် သော စောမဏ္ဍိုင်အား ကျွန်ုပ်မှ ထဟောက်လိုက်သည်။
မဏ္ဍိုင်။ ။ `ဟကောင်.. နာရီကိုလဲ ကြည့်အုံးကွ၊ လူအိပ်ချိန်မဟုတ်တော့ဘူး´
အညာသား။ ။ `အေးကွာ… ငါလဲ ဘလော့တွေလိုက်လည်နေတာနဲ့ မိုးလင်းမှပဲ အိပ်ဖြစ်တယ်။´ နာရီကို ငုံ့ကြည့်တော့.. လက်မှာ နာရီမရှိ.. ခေါင်းအုံးအောက်တွင်လဲမရှိ၊ စားပွဲပေါ်မှာလဲမတွေ့။ `ဟေ့ကောင် ငါ့နာရီတွေ့မိသေးလား…´
မဏ္ဍိုင်။ ။ `ဟေ့ကောင် အိပ်ချင်မူးတူးနဲ့ လျှောက်မေးမနေနဲ့..။ မင်းကျန်စစ် ငါတို့ဆီလာ တဲ့နေ့က ချက်ကြွေးစရာမရှိလို့ဆိုပြီးတော့ မင်းနာရီ သွားပေါင်ထားတယ်ဆို..´
အညာသား။ ။ `အော်.. ဟုတ်သားပဲ။ အေးကွာ.. အရင်လအကြွေးတွေလည်းမဆပ်ရသေးတော့ ဆိုင်ကလဲ ငါတို့ဝယ်ရင် အကြွေးမရတော့ဘူးကွ၊ အဲဒါနဲ့ (၁၀)တန်းအောင်တဲ့နေ့က ကောက်ရထားတဲ့ ငါ့နာရီလေး သွားပေါင်လိုက်ရတယ်´
မဏ္ဍိုင်။ ။ `မင်းကျန်စစ်ကို ထမင်း၊ ဟင်း ချက်ကြွေးတာ၊ ဘီယာတိုက်တာတွေက မင်းနာရီပေါင်ထားတဲ့ ပိုက်ဆံနဲ့တောင် မလောက်ဘူးငါ့ကောင်´
အညာသား။ ။ `ဟေ… ဟုတ်လား´
မဏ္ဍိုင်။ ။ `ဟုတ်ပါ့ဗျာ.. ငါ့ ဂျင်းဘောင်းဘီ(၁)ထည်တောင် အဆစ်ပါသွားသေးသဗျ´
အညာသား။ ။ `အေးကွာ.. ငါတို့ဆီ လာလည်သမျှဧည့်သည်တွေထဲမှာ အဲဒီ `ကျန်စစ်´ ဆိုတဲ့ကောင် အဆိုးဆုံးပဲ..။ မနက်မိုးလင်းရင် ကော်ဖီမစ်လေးနဲ့မုန့်လေးနဲ့မှ၊ ဟင်းဆိုရင်လည်း.. အရည်သောက်လေးနဲ့မှ စားတတ်တယ်ဆိုပဲ။ ပြီးတော့ ဟိုဟာမစားရတာနဲ့ ဒီဟာမကြိုက်ရတာနဲ့၊ ထမင်းစားပြီးရင်လည်း အချိုရည်လေးက သောက်လိုက်ချင်သေးသဗျာ.. တော်တော်ကြီးကျယ်တဲ့ကောင်ကွာ.. သူ့အဖေနဲ့အမေကတောင် ငါတို့ကြွေးသလို ကြွေးမယ် မထင်ဘူး။
မဏ္ဍိုင်။ ။ `မင်းကလဲ သူ့ရှေ့မှာကျတော့ မပြောရဲပဲနဲ့´
အညာသား။ ။ `မပြောရဲလို့ မပြောတာမဟုတ်ဘူး ငါ့ကောင်ရေ…၊ လကုန်ခါနီးမှ အဲကောင်ဆီကို အလည်သွားအုံးမှာ.. ပြီးရင် အမြင်ကတ်အောင် စားပစ်၊ သောက်ပစ်လိုက်အုံးမယ်´
မဏ္ဍိုင်။ ။ `ဟကောင်.. လျှောက်ပြောမနေနဲ့၊ ငါတို့ သူ့ဆီသွားရင်လည်း ကိုယ့်ဖာသာကိုယ် ချက်စားရတာပဲ´
အညာသား။ ။ `အေး .. ဟုတ်သားပဲနော်၊ ကဲ.. ထားလိုက်ပါတော့ကွာ.. အခုလောလောဆယ် ဗိုက်ဖြည့်ဘို့ ဘယ်လိုလုပ်မကြတုန်း´
မဏ္ဍိုင်။ ။ `အဲဒီမှာ ခေါက်ဆွဲခြောက်ဖျော်ထားတယ်လေကွာ..၊ ငါကတော့ စားပြီးပြီ´
အညာသား။ ။ `ဟာကွာ မင်းကလည်း ခေါက်ဆွဲခြောက်ချည်းပဲ သောက်နေရတာ (၃)ရက်တောင်ရှိပြီ.. ထမင်း၊ဟင်းလေးဘာလေး ချက်ပါအုံးကွ´
မဏ္ဍိုင်။ ။ `အောင်မလေး .. ကိုရွှေအညာသားရယ်… ခင်ဗျားနဲ့ကျုပ်နဲ့ (၂)ယောက်တည်း စားတာတောင် အကြွေးတင်နေတာဗျာ… ဒီကြားထဲ ဟိုကောင် `ငကျန်´ က ကျုပ်တို့နာမည်ပေးပြီး အကြွေးယူသွားတာတွေကလဲ နည်းတာမဟုတ်ဘူး.. လကုန်ဘို့ (၁)ပတ်ပဲ ကျန်ပါတော့တယ်ကွာ… အကြွေးပေါ်အကြွေးဆင့်လို့ လူးမွေးလူရောင် မပြောင်ပဲနေပါ့မယ်ကိုယ့်လူ.. ဖြစ်သလိုပဲ စားလိုက်ရအောင်ပါ´
အညာသား။ ။ `အေးကွာ.. မင်းပြောတာမှန်တယ်… ရှိပါစေတော့လေ... ဖြစ်သလိုပဲ စားကြတာပေါ့။ မင်းဖွင့်ထားတဲ့ Nကိုင်ရာသီချင်းကို ခဏပိတ်ကွာ…၊ မင်းနဲ့ငါနဲ့ဖြစ်သလိုစားတဲ့အကြောင်း သီချင်းတစ်ပုဒ်လောက် ဟစ်လိုက်ရအောင်´
မဏ္ဍိုင်။ ။ `ငါးပိရည်ကို ရဲယိုရွက်နဲ့တို့ပြီး ဆွဲဆိုဆွဲမယ်.. မင်းကိုတော့မရဲသလိုပဲ.. တော်ပြီကွာ ဆားနဲ့ပဲစားမယ်…´
အညာသား။ ။ `ဟာ… မဟုတ်ဘူးကွ ခဏရပ်အုံး။ အဲဒါမဟုတ်ဘူးမဏ္ဍိုင်ရ.. Nကိုင်ရာရဲ့ `ကိုမညာတော့ဘူး´ ကိုပြောတာလေကွာ..´
မဏ္ဍိုင်။ ။ `အော်.. အေးအေး .. သိပြီ.. စ မယ်´
အညာသား~မဏ္ဍိုင်။ ။ `လကုန်ဖို့ ၁ ပတ်သာ.. လိုတော့..သည်..။ အိမ်မှာလည်း စားစရာ တကယ်မရှိပြီ… ငါပိုင်တဲ့အကြွေးတွေ များလွန်းလှသည်… ဒါ ဘ၀ပဲလား စိတ်မှာ မော.. သည်…။ လကုန်ရက်ကျရင်… လာတောင်း..မည်… ဘယ်မှာပုန်းရမယ်.. ငါမသိပြီ… ငါပိုင်တဲ့အကြွေးတွေ.. ဆပ်ရတော့မည်.. .. ဒီနေ့လဲ.. ဖြစ်သလိုစား…….မည်..။´

ပီအက်စ်။ ။ ချင်းမလေးTAG ထားတဲ့ `ဖြစ်သလိုစားခြင်း´ ပါ။ ချင်းမလေးရေ.. ကျုပ်လဲ စာမေးပွဲရှိနေလို့ အခုမှရေးဖြစ်သဗျာ။ ရေးတာနောက်ကျသွားလို့ စိတ်ဆိုးနဲ့နော်.. mrgreen

This entry was posted on Saturday, October 18, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

7 ယောက်ရဲ့အမြင်

Good မှ Good ကွာ။ တော်လိုက်တဲ့ ငါ့မောင်လေး

ရေးပေးတာကျေးဇူးနော်..အညာသားလေးရေ..
ရိုးရိုးတန်းတန်းမရေးဘူး..ဇတ်လမ်းလေးနဲ့ ပါလား..
ဟီးဟီး.. :P :P

အားးးးးးးးး အညာသားရာ... ပြောရက်လိုက်တာ.... အင်းအင်း မှတ်ထားကျပ်ပြား :D :P

အမှန်တွေ သိပ်မရေးတဲ့လေ ။ ဟဲဟဲ ။
ကိုညာ ကတော့ လုပ်လိုက်မှဖြင့် ဟာသပဲ ။ ကောင်းသဗျာ။
သဘောတွေ့ သဗျ ရေးတာလေးကို ။ :D

ခေါက်ဆွဲခြောက်နဲ့ညားနေတယ်ပေါ့လေ....
တိနေတယ် အဲဒါကြောင့်မလို့ အစ်ကိုတို့ကို မ TGA တာ။
ဖတ်ရတာ တနားစရာတွေဖြစ်တွားမှာဆိုးရို့...အဟီး
ပီးတော့ ခေါက်ဆွဲခြောက်ပဲတောက်နေရတာ ပေါ်ကုန်မှာဆိုးလို့.. :P :P

ခင်ဗျားတို့ ၂ ယောက်ကလဲ အတိုင်အဖောက်ကို ညီနေတာပဲ ၊ အရင်က အကျင့်တွေ မပျောက်ကြသေးပဲကိုး
ဟိုကောင် ငကျန် ကလဲ အခြေအနေပေးရင် ခင်ဗျားတို့ကိုဆော်နေကြကိုး :P :P :P :P

သုံးလလောက်ရှိနေပီ ဒီပို့စ်ကိုပဲ မြင်မြင်နေရတယ် အသစ်ရေးအုံးးးးးးးး နာ့မျက်နှာကြီး ဘယ်နားထားရမှန်း မသိတော့ဘူး။ ဒီပို့စ်ကို အောက်ကျသွားမှာစိုးလို့ အသစ်မရေးတာလား မသိဘူး နောက်တခါ လာမှ သိအုံးမယ်