"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"
Showing posts with label ဗဟုသုတများ. Show all posts

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (Myanmar Wikipedia)  

စာရေးသူ >> အညာသား

မြန်မာပညာရေး လောကကို အနာဂါတ်မှာ အတော်လေးကို အထောက်အကူ ပေးမယ့် ၊ မြန်မာများအတွက် အသုံးဝင်မယ့် မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ဝဒ်ဆိုက်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ကမ္ဘာလုံးက အားထားတဲ့ ၊ ဘာသာစကား တော်တော်များများနဲ့ အင်တာနက်ရဲ့ search engine မှာ ရှာဖွေနိုင်တဲ့ Wikipedia မှာ ကျနော်တို့ရဲ့ မြန်မာဘာသာနဲ့ ရှာလို့ မရသေးတာ အခက်အခဲတစ်ခုပါပဲ။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ သိချင်တဲ့ အကြောင်းအရာကို မြန်မာလို ရှာဖွေနိုင်ဖို့ ၊ အချက်အလက် ပြည့်စုံစွာ ရရှိနိုင်ဖို့ မြန်မာဝီကီပီဒိယာ ကို ဖွဲ့စည်းထားခဲ့ပါတယ်။ မြန်မာ ၀ီကီပိဒိယ ပေါ်လာတာ အတော်လေးတော့ ကြာခဲ့ပါပြီ။ သိရသလောက်ကတော့ 2005 ဒီဇင်ဘာ မတိုင်ခင်လောက် ကတည်းက စခဲ့ကြတာပါ။ ဘယ်သူက Request လုပ်လို့ ၀ီကီပိဒိယ ဖောင်ဒေးရှင်း လုပ်ပေးသလဲ ဆိုတာတော့ ကျနော်မသိပါဘူး။ (၃) နှစ်နီးပါးကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာဝီကီ ဟာ အခုထက်ထိတော့ တိုးတက်မှု နည်းနေပါသေးတယ်။

ကျွန်တော် မြင်သလောက် ပြောရရင် မြန်မာဝီကီဟာ လူသိအရမ်းကို နည်းနေပါသေးတယ်။ သိခဲ့ရင်လဲ မြန်မာဝီကီဆိုတာ ရှိတယ် ဆိုတာမျိုးလောက်ပဲ သိတဲ့ အသိမျိုးပါ။ တစ်ချိန်မှာ မြန်မာဝီကီဟာလဲ အဲဒီလို အချက်အလက်စုံစုံ ၊ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ဖြစ်စေဖို့အတွက် သူများလုပ်ပေးတာ အရင်ကလို ထိုင်စောင့်နေလို့ မရတော့ပါဘူး။ တတ်အားသမျှ ပညာရှင်များ ၊ ကျောင်းသားများ ၊ စိတ်ဝင်စားသူများ ၊ မြန်မာမှန်ရင် အင်တာနက်လည်း အဆင်ပြေနေမယ်ဆိုရင် တတ်နိုင်သလောက် နည်းနည်းချင်း ၀င်ရေးသင့်တဲ့ ကိစ္စတစ်ခုအဖြစ် ကျွန်တော် တိုက်တွန်းချင်ပါတယ်။

ဝီကီရဲ့ အဓိက ရည်ရွယ်ချက်က ပင်တိုင်ဆောင်းပါးရှင်များနဲ့ ရေးဖို့ထက် မည်သူမဆို ၀င်ရောက်ရေးသားပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ၀င်ရေးချင်တဲ့ သူတွေမှာ စစချင်း ကြုံရလေ့ရှိတဲ့ အခက်အခဲက ဖွဲ့စည်းတည်ထောင်စဖြစ်လို့ နားမလည်တာလေးတွေ ၊ ဝဒ်ဆိုက်ရဲ့ မပြည့်စုံသေးမှုတွေကြောင့် စိတ်ပျက်သွားဖွယ်ရာရှိပါတယ်။ အဲဒီ အချက်တွေကို တကယ်တန်း နားလည်သူတွေက ဖြန့်ဖြူးပေးဖို့ နှောင့်နှေးနေတာကြောင့် လူသိနည်းပြီး ပြဿနာဖြေရှင်းနည်းတွေ ရေးတဲ့လူနည်းပြီး အခုလို တိုးတက်မှုနည်းနေရတယ်လို့ ယူဆမိပါတယ်။

မြန်မာဝီကီရဲ့ သဘောက ရှာလို့ရမယ် ၊ ဖတ်လို့ရမယ် ၊ ရှာလို့တွေ့တဲ့ အချက်အလက်ထဲမှာလဲ အမှားတွေ့ရင် ဒါမှမဟုတ် ထပ်ပြီး ဖြည့်စွက်ချင်ရင် စေတနာအလျှောက် လွတ်လွတ်လပ်လပ် ဖြည့်စွက်လို့ ရပါတယ်။ Register user တစ်ယောက် မဟုတ်ရင်လဲ ပြင်ဆင်လို့ ရတဲ့အတွက် အမှန်ကိုသာ ပြင်ဆင်စေချင်ပါတယ်။ ကိုယ်ပိုင် ရေးချင်တဲ့ အကြောင်းအရာ အချက်အလက်ကိုလဲ ခေါင်းစဉ်အသစ် ၊ စာမျက်နှာအသစ် ဖွင့်ပြီး ရေးလို့ရပါတယ်။ အရေးအသားကိုတော့ စွယ်စုံကျမ်းနဲ့ ကိုက်ညီအောင် ခံစားချက်ဆိုင်ရာ အရေးအသားမျိုး မဟုတ်ပဲ အချက်အလက် အထောက်အထားများနှင့် ရေးသားစေလိုပါတယ်။ မြန်မာဝီကီ ရေးသားနည်း သင်တန်းများ ဖွင့်ဖို့ အထိကိုပါ ရည်ရွယ်ထားကြောင်းနှင့် မီဒီယာများကနေပြီး ကူညီပညာပေးမယ့် အစီအစဉ်များလည်း လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ သူငယ်ချင်းများမှလည်း ထပ်ဆင့်ပြီး မြန်မာဝီကီ အကြောင်းကို သတင်းပေးတဲ့ ဆောင်းပါးများ ရေးပေးကြစေချင်ပါတယ်။

အခုလက်ရှိ မြန်မာဝီကီမှာ အကြောင်းအရာပေါင်း (၂၇၀) ကျော်ပဲ ရေးထားပါသေးတယ်။ မိမိတတ်နိုင်သလောက် တစ်တပ်တစ်အား ရေးသားထားကြမှသာ အချက်အလက်ပြည့်စုံတဲ့ မြန်မာ့အွန်လိုင်း စွယ်စုံကျမ်းတစ်ခုဖြစ်လာမှာ ဖြစ်တဲ့အတွက် အားလုံးကူညီရေးသားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျနော်တို့လည်း မြန်မာဝီကီ အကြောင်းကို လေ့လာနေဆဲဖြစ်လို့ သိသမျှ အချက်အလက်များနှင့် မြန်မာဝီကီမှ ကိုဘလူးဖိနစ်ရဲ့ ဆောင်းပါးကို ကိုးကားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပိုမိုစုံစုံလင်လင် လေ့လာချင်ရင် မြန်မာဝီကီ မှာ လေ့လာနိုင်ကြပါတယ်။

မြန်မာဝီကီအကြောင်းကို အသိပေးနိုင်ဖို့ ဓါတ်ပုံတင်ချင်သူများအတွက် ဒီကုတ်များကို အသုံးပြုနိုင်ပါတယ်။




<img width="150" alt="MM wiki" src=" http://h1.ripway.com/minnkyansis/mmWiki New.PNG" height="190"/>



ဒါကတော့ ခုလက်ရှိ မြန်မာဝီကီရဲ့ ပုံပါ။






<img width="150" alt="MM wiki Old" src=" http://h1.ripway.com/minnkyansis/mm Wiki Old.jpg" height="190"/>


ဒါကတော့ အရင်က မြန်မာဝီကီရဲ့ ပုံပါ။



ဆက်လက်ဖတ်ရှုရန်...

ဘ၀သင်္ချာ  

စာရေးသူ >> အညာသား

အညာသား ဖတ်ဖူးတဲ့ ဒဿနလေးတစ်ခုပါ။ မူရင်းစာမူရှင်ကိုမသိပါဘူး။ ကိုကို၊ မမ များရဲ့ ဘ၀အတွက်၊ ဖတ်ရှုဆင်ခြင်၊ တွေးမြင်ကြံဆ၊ သုံးသပ်ကြလော့ ….razz

အောက်ပါညီမျှခြင်းများကိုကြည့်လျှင် သင်အံ့သြသွားလိမ့်မည်။ သို့သော် ယင်းညီမျှခြင်း ရလဒ် များသည် ယေဘုယျအားဖြင့် မှန်ကန်ကြောင်းတွေ့ရလိမ့်မည်။

• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = အချစ်ဇာတ်လမ်း
• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = ကိုယ်ဝန်ဆောင်မှု
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = ပြဿနာ
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = လက်ထပ်ခြင်း

• အရည်အချင်းပြည့်ဝသောအလုပ်ရှင်+အရည်အချင်းပြည့်ဝသောအလုပ်သမား= အကျိုးအမြတ်
• အရည်အချင်းပြည့်ဝသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = ထုတ်လုပ်မှု
• အရည်အချင်းနည်းသောအလုပ်ရှင်+အရည်အချင်းပြည့်သောအလုပ်သမား= ရာထူးတိုးတက်မှု
• အရည်အချင်းနည်းသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = အပိုအလုပ်ချိန်

• ယောင်္ကျားတစ်ဦးသည် သူအလိုရှိသော (၁)ကျပ်တန်ပစ္စည်းကို (၂)ကျပ်ပေး၍၀ယ်ပါလိမ့်မည်။
• မိန်းမတစ်ဦးသည် သူမလိုချင်သော(၂)ကျပ်တန်ပစ္စည်းကို ငွေ(၁)ကျပ်သာအကုန်ခံလိမ့်မည်။
• မိန်းမတစ်ဦးသည် ခင်ပွန်းယောင်္ကျားမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်နေလိမ့်မည်။
• ယောင်္ကျားတစ်ဦးသည် ဇနီးခင်ပွန်းမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်မည်မဟုတ်ပေ။
• အောင်မြင်သောယောင်္ကျားတစ်ဦးသည် သူ၏ဇနီးသုံးစွဲနိုင်သည်ထက် ငွေပိုရှာနိုင်သူဖြစ်သည်။

အောင်မြင်သောမိန်းမတစ်ဦးသည် ယင်းယောင်္ကျားမျိုးကို ရအောင်ရှာနိုင်သူဖြစ်သည်။


ဆက်လက်ဖတ်ရှုရန်...

ငါအိုသွားတဲ့အခါ  

စာရေးသူ >> အညာသား

ဆောင်းပါးလေးနှင့်သတိပေးလိုပါသည်။
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ၊ ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီးဆက်ဆံပေးပါ။ ချိနဲ့တုန်ရီနေတဲ့လက်တွေနဲ့ ထမင်း၊ ဟင်းတွေကို အကျီပေါ်မတော်တဆ ဖိတ်ကြမိတဲ့အခါ ထမင်လုံးတွေ၊ ဟင်း ရည်တွေကို ငါ့ပါးစပ်ပေါက်ထဲ တည့်တည့်မတ်မတ်ရောက်အောင်မသွင်းနိုင် လို့ ငါ့နှုတ်ခမ်းမှာ သွားရည်တွေနဲ့ ပေကျန်သွားတဲ့အခါ၊ ငါ့ကိုမရွံကြပါနဲ့၊ ငယ်ငယ်တုန်းက မင်းကို ငါ့ရဲ့ပါးစပ်နဲ့ ထမင်းဝါးပြီး ခွံ့ကြွေးခဲ့တာကို ပြန်သ တိရကြည့်ပေးပါ။
ပွဲလမ်းသဘင်မှာ၊ လူများသူများရှေ့မှာ စတိုင်မကြ၊ ပုဝါမနိုင်၊ လုံချည်မခိုင် ပဲ အ၀တ်အစားဘိုသီဘတ်သီ ဖြစ်နေခဲ့ရင် ရှက်ပြီး ငါ့ကို မအော်ငေါက်ကြ ပါနဲ့၊ ငယ်ငယ်တုန်းက မင်းကိုငါ သနပ်ခါးလူးပေးပြီး ပါးနှစ်ဘက်ကို မွှေးမွှေး ပေးခဲ့တာကို ပြန်အောက်မေ့ကြည့်ပါ။ အက်ကြောင်းထက်မက ပြောခဲ့ဘူး တဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ၊ နားပူလှချည်ရဲ့ဆိုပြီး စကားမဖြတ်ပဲ ကျေးဇူးပြုပြီး ဆုံးအောင်နားထောင်ပေးပါ။ ငယ်ငယ်တုန်းက ညအိပ်ယာဝင် တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မင်းနားထောင်ချင်လှပါချည်ရဲ့ ဆိုလို့ ပါးစပ်က အမြှုပ်ထွက်လုမတတ် ခေါက်ရိုးကြေအောင်ပြောရင်း ချော့သိပ်ခဲ့ ဘူးတာတွေကို ပြန်သတိရလိုက်ပါ။
မလှုပ်မရှားနိုင်တော့လို့ ကိုယ်လက်သုတ်သင်ဘို့ ငါအကူအညီလိုတဲ့အခါ ငါ့ ကိုမညူဆူကြပါနဲ့၊ ငယ်ငယ်တုန်းက မင်းရဲ့အညစ်အကြေးတွေကို သီချင်း တအေးအေးနဲ့ မရွံမရှာ သုတ်သင်ဆေးကြောပေးခဲ့တာတွေကို ပြန်သတိရ ကြည့်လိုက်ပါ။ ခေတ်သစ်၊ နည်းပညာသစ်၊ ပညာရေးစနစ်တွေကို ငါမသိ နားမလည်ခဲ့ရင် ငါ့ကို မလှောင်ကြပါနဲ့၊ မင်းငယ်ငယ်တုန်းက “အဲဒါဘာကြီး တုန်း၊ အဲဒါဘာလဲ၊ ဘာကြောင့်လဲ” လို့ မင်းကတဂျီဂျီမေးတိုင်း စိတ်ရှည် ရှည်နဲ့ ငါပြန်ဖြေပြီး သင်ကြားပေးခဲ့တာတွေကို ပြန်သတိရကြည့်လိုက်ပါ။
စိတ်သွားတိုင်းကိုယ်မပါတော့လို့ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တော့တဲ့ အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ၊ လမ်းလျှောက်သင်စအ ရွယ်တုန်းက မင်းကိုငါ တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာကို ပြန်မြင်ယောင်ကြည့်ပေးပါ။ စကားတွေကို တဗျစ်တောက်တောက်နဲ့ပြော ရင်း ရှေ့နောက်မညီပဲ ပြောပြီးသားစကားတွေကို ငါမေ့သွားတဲ့အခါ အချိန် ယူပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမ ကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင်ပဲ ကြေနပ်လှပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့အခါ၊ ငါ့ကိုကြည့်ပြီးဝမ်းမနည်းကြပါနဲ့။ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် မင်း ကိုငါ လမ်းညွှန်ပေးခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေအ တွက် အဖော်အဖြစ် အနားမှာနေပေးပါ။ ချစ်ခြင်းမေတ္တာရဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ငါ့မေတ္တာတွေ ကို မင်း တွေ့ရမှာပါ။

“အိုမင်းရင့်ရော်နေတဲ့ မိဘများကို စိတ်ရှည်နိုင်ကြပါစေ။”
“မနိုင်းနိုင်းစနေ” ဘာသာပြန်ဆိုသည်။

ဆက်လက်ဖတ်ရှုရန်...

သွေး  

စာရေးသူ >> အညာသား

“အိုသွေး” - လွန်စွာပြင်းထန်သော၊ တိကျသော၊ ပြတ်သားသောသူများ ဖြစ် ကြပြီး၊ ရည်မှန်းချက်ကြီးမားကာ မဖြစ်မနေလုပ်ဆောင်တတ်ကြသလို၊ အား သွန်ခွန်စိုက် ဆောင်ရွက်တတ်ကြ၏။ အချစ်ရေးနှင့်ပက်သက်ပြီး မိမိကိုယ် ကို အစွဲအလမ်းကြီးသည်ဟု ထင်တတ်ကြသော်လည်း အမှန်မှာ ထိုလောက် မဟုတ်ပဲ ချစ်သူ နှင့် ခွဲခွါရလျှင် မကြာခင် ဖြေဖျောက်နိုင်သူများ ဖြစ်ကြသည်။
အေသွေး” - စိတ်ထိခိုက်လွယ်၊ စိတ်လှုပ်ရှားလွယ်သူများဖြစ်ကြပြီး၊ ဝေဖန် ခံနိုင်ရည်စွမ်းအား နည်းကြသည်။ အချစ်ရေးနှင့် ပက်သက်ပြီး အချစ်ကြီးသူ များဖြစ်ကြသည်။တစ်ဦးဆိုတစ်ဦး စွဲစွဲလမ်းလမ်းဖြစ်တတ်ကြပြီး၊ ချစ်သူနှင့် ခွဲခွါရလျှင် အခြားသူများထက် ပို၍ ခံစားရတတ်သည်။
“ဘီသွေး” - မိမိတို့နေတတ်သလို၊ စိတ်ချမ်းသာသလိုသာ နေထိုင်ပြုမူတတ် ကြသည်။ အချုပ်အခြယ်မခံလိုပဲ လွတ်လပ်စွာနေလိုစိတ် ပြင်းပြကြသကဲ့သို့ ဖန်တီးနိုင်စွမ်း၊ တီထွင်နိုင်စွမ်းရှိကြသည်။ အချစ်ရေးနှင့်ပက်သက်ပြီး ရံဖန် ရံခါ အချစ်ကို ပေါ့ပေါ့ဆဆ သဘောထားတတ်ကြသလို၊ မိမိကိုယ်ကိုသာ ပို မိုခင်တွယ်၊ ဦးစားပေးတတ်၍ ချစ်သူတို့၏ ငြီးငွေ့ခြင်းကို ခံရတတ်သည်။
“အေဘီသွေး” - အရာရာကိုမျှမျှတတ ဝေဖန်ပိုင်းခြား၊ ဆင်ခြင်တတ်ကြပြီး၊ မိမိသဘောဆန္ဒကိုမကြည့်ပဲ အများ၏ဆန္ဒကို ဆောက်ရွက်တတ်ကြသည်။ အချစ်ရေးနှင့် ပက်သက်ပြီး စိတ်ကူးယဉ်အိမ်မက် မက်လွန်းသူများ ဖြစ်ကြ သည်။ အခြေနေမှန်နှင့် ကင်းကွာနေတတ်ကြသည်။

(စံဇာနီဘို ဟုတ်ဘူးနော်၊ အညာသားလေး ဗေဒင်ဟောတတ်ဘူး။ ကျနော့် မောင်နှမများအတွက် ဖတ်ဖူးတာလေးတွေ ရေးထားတာပါ။ အညာသား လေး၏ အရည်အချင်းကိုယုံကြည်၍ ဗေဒင်မေးချင်သည်ဆိုပါလျှင် စေတနာ ဖြင့် အခမဲ့ကူညီပါမည်။ “ဒုက္ခရောက်လျှင် တာဝန်မယူပါ”)

ဆက်လက်ဖတ်ရှုရန်...