"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"
Showing posts with label အမှတ်တရများ. Show all posts

အသက်ရှင်ခြင်း  

စာရေးသူ >> အညာသား


တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာကြွယ်ဝယုံသာမက အပေးအကမ်းရက်ရောပြီး အလွန်ရိုးသား သော လူရွယ်တစ်ယောက်ရှိသတဲ့။ ဆွေးမျိုးမရှိသည့်အပြင် လူပျိုလူလွတ်တစ်ယောက် ဖြစ်တာကြောင့် သူပိုင်တဲ့ ပစ္စည်းဥစ္စာတို့ကို စိတ်ချယုံကြည်စွာ ထိန်းသိမ်းပေးမယ့်သူ မရှိဘူးဖြစ်နေတာပေါ့။ ဒါကို သိကြားမင်းကြီးသိလေတော့ နတ်သမီးတမျှ ချောမောလှပသော မိန်းမပျိုတစ်ယောက်ကို ဖန်ဆင်းလိုက်ပြီး ထိုလူရွယ်ဆီသို့ ပို့ပေးလိုက်သတဲ့။ မိန်းမပျိုနှင့်အတူ အိုးလေးတစ်လုံးကိုပါ ပေးလိုက်ပြီး ၄င်းအိုးအားမဖွင့်ရန် အတန်တန်မှာကြားလိုက်တယ်။ အတိုခြုံးပြောရရင် ရိုးသားတဲ့လူရွယ်လေးရဲ့ ပစ္စည်းဥစ္စာတို့ကို မိန်းမပျိုလေးမှ ထိန်းသိမ်း စောင့်ရှောက်ပေးသတဲ့။ သိကြားမင်းကြီးပေးလိုက်တဲ့အိုးလေးကို လူရွယ်လေးက ဖွင့်ကြည့်ဘို့ ကြိုးစားတယ်။ ဒါကို မိန်းမပျိုလေးကမြင်တော့ ၄င်းအိုးအား လုံးဝမဖွင့်ရန် ပြောသတဲ့။ လူငယ်က အဘယ်ကြောင့်နည်းဟု မေးလတ်သော် မိန်းမပျိုလေးက ၄င်းအိုးအတွင်းမှ အရာအားလုံး ထွက်ကျသွားရင် လူ၊ သတ္တ၀ါအားလုံး ကွယ်လွန်အနိစ္စရောက်ရလိမ့်မယ် လို့ ပြောသတဲ့။ မိန်းမပျိုလေးရဲ့ စကားကို မယုံနိုင်သော လူရွယ်လေးက အိုးကို အတင်းဆွဲဖွင့်လိုက်တော့ “စိုးရိမ်ပူပန်ခြင်း၊ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ယုံကြည်ခြင်း၊ သစ္စာရှိခြင်း… စ,တာတွေ အားလုံး အိုးလေးထဲက ထွက်ကျကုန်သတဲ့။ မိန်းမပျိုလေးက လူရွယ်ထံသို့ပြေးလာပြီး အိုးလေးကို အလျှင်အမြန် ပိတ်လိုက်သတဲ့။ အိုးလေးထဲမှာ “မျှော်လင့်ခြင်း” တစ်ခုပဲ ကျန်ခဲ့သတဲ့။
ပီအက်စ်။ ။(၁၀)တန်းနှစ်က ကျနော့်ဆရာပြောပြခဲ့သော ဘယ်တော့မှမမေ့နိုင်တဲ့ အသက်ရှင်ခြင်း ပါ။

ဆက်လက်ဖတ်ရှုရန်...

အရိပ်မဲ့ပန်း မနွမ်းစေချင်  

စာရေးသူ >> အညာသား


ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ် များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစ ရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာ ဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ဝင်ငွေနှင့်မိမိ အတိုင်း အတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ မေတ္တာ၊ ကရုဏာသက်ဝင် လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်းနေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေ လုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံးနိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာနမထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရ အောင်လို့ တိုက်တွန်းပါရစေ။
အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow



ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြ တယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။


မလိုအပ်တဲ့နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီးရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင် ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်းလုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ အမှန်တစ်ကယ် သာသနာပြုတယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာ သနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင် ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှမလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါကြောင့် ကောင်းမှုဒါန လုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူသာဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာ ပေါများချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခိုလှုံ ရောက်ရှိလာရ သော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာတော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။ သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…
ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။
“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့…”။

ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်း။
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။

ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင် မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေသူများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)
ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)

စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)

ရုရှားရောက်မြန်မာကျောင်းသားများကိုယ်စား ကျွန်တော်တို့၏ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ် များအသင်း(YMBA) မှ ယခုလတွင် ဒိုးပင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးကျောင်းသို့ တတပ်တအား ပါဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်။
ရေးသားတင်ပြသူ- အောင်ဦး
http://dhammaratha.blogspot.com/
http://www.ymba-mephi.co.cc/

ဆက်လက်ဖတ်ရှုရန်...

ရေငုံနှုတ်ပိတ်  

စာရေးသူ >> အညာသား


မော်စကိုမြို့၏ ကျောင်းဆေးခန်းတစ်ခန်းတွင်...
ဒေါက်တာ။ ။ “နောက်တစ်ယောက်ဝင်ခဲ့ပါ။”
ဟု ဆေးခန်းအတွင်းမှ ခေါ်သံကြားလိုက်ရသဖြင့်
ဆေးခန်းကဒ်နဲ့ ကျောင်းသားကဒ်လေး ကိုကိုင်ပြီး တစ်လောကလုံး၏လုပ်စာကို ထိုင်စားနေရသော မျက်နှာပေးဖြင့် ဆေးခန်းအတွင်း သို့ ၀င်သွားသည်။ ဆေးခန်းအတွင်းတွင် ဒေါက်တာမ (၂) ယောက်ထိုင်နေသည်။ အသက် ကြီးသည်ဟုထင်ရသော ဒေါက်တာက လူနာအား အကျီချွတ်ခိုင်းလိုက်သည်။ အကျီကြယ်သီး လေးကိုကိုင်ကာ လူနာက အူကြောင်ကြောင်ဖြစ်နေသည်။ အဘယ့်ကြောင့် အကျီချွတ်ခိုင်း သည်ကို နားမလည်သောကြောင့် ဒေါက်တာအား ပြန်မေးမည်အပြု
ဒေါက်တာ။ ။ “ချွတ်ပါ၊ ရဲရဲချွတ်ပါ။ ဘာမှမကြောက်ပါနဲ့”
ဟု ထပ်ပြောရာ လူနာက အကျီအပေါ်ကြယ်သီး ၂ လုံးကို ဖြုတ်လိုက်သည်။
လူနာ။ ။ “ဟုတ်ကဲ့.. ကျနော်.....”
ဟု စကားချီပြီး ဒေါက်တာကို ပြန်မော့ကြည့်မိတော့ အထက်ကအတိုင်း နှုတ်က ပြောယုံသာ မက ကိုယ်ဟန်အမူအရာနှင့်ပါ လုပ်ပြလေသည်။
နောက်တစ်ခါထပ်မေးရင်လည်း ဒေါက်တာ ကိုယ်တိုင် ဆွဲချွတ်တော့မည့်အနေအထားသို့ ရောက်နေသဖြင့် မထူးတော့ပြီမို့ အကျီကို တုန်တုန်ရင်ရင်ဖြင့် ကိုယ်ပေါ်မှ ချွတ်ချလိုက်လေသည်။ ကြီးမားကျယ်ပြန့်သော လူနာ၏ ရင်အုပ်ကို ဒေါက်တာမ (၂) ယောက် သေချာကြည့်လေသည်။ အသက်ကြီးသည်ဟုထင်ရ သော ဒေါက်တာက မျက်မှန်တပ်၍ပင် ကြည့်နေသေးသည်။ လူနာသည် ဒေါက်တာမ (၂) ယောက်၏ အမူအရာကို တဖြည်းဖြည်း ပို၍နားလည်ရခက်လာသည်။ ထို့နောက်
ဒေါက်တာ။ ။ “မတ်တပ်ရပ်ပြီး ဟိုဘက်ကိုလှည့်ပါ။
အူကြောင်ကြောင်လူနာလည်း ဒေါက်တာဘက်သို့ပြန်လှည့်ကြည့်မိတော့ ဒေါက်တာမှ စကား မများနဲ့ ဟူသောအဓိပ္ပါယ်ဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ပြသည်။ “ဘုရား ဘုရား ... ငါတော့ ရေတိမ်နစ်ပြီထင်ပါရဲ့” ဟု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ဒေါက်တာမ (၂) ယောက်အား ကျောပေး၍မတ်တပ်ရပ်လိုက်သည်။ ကျောပြင်ကို သေချာ ကြည့်ပြီးနောက်
ဒေါက်တာ။ ။ “ရပါပြီ.. ပြန်ထိုင်ပါ၊ အကျီပြန်ဝတ်ပါ။”
ဟု ပြောပြီး.. ဆေးခန်းစာရွက်တွင် ဒေါက်တာများနှင့် ဆေးရောင်းသူများသာ ဖတ်တတ်သော၊ ဆေးညွှန်းစာဟုထင်ရသော စကားဝှက်များကို ထုံးစံအတိုင်းရေးချသည်။ အားလုံးရေးပြီးသွား တော့ ထိုစာရွက်ကို လူနာအားကမ်းပေးလေသည်။ လူနာလည်း ဒေါသ အလိပ်လိပ်တက်ကာ ရှိသမျှအားအင်တို့ကို ခြစ်ခြုတ်၊ ညှစ်ထုတ်ပြီး ပြောလိုက်ပုံက

“ကျနော် ခြေထောက်နာနေလို့ပါခင်ဗျာ”
မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်ပင် ဖြစ်လေသတည်း။ razz

ဆက်လက်ဖတ်ရှုရန်...

ပထမဆုံး Tag  

စာရေးသူ >> အညာသား


မအားချင်ယောင်ဆောင်နေတာ အတော်ကြာသွားတယ်ထင်ပါ့ ။ အခုမှ ဘလော့ဘက်ကို ပြန်လှည့်ဖြစ်ပါတယ်ခင်ဗျာ။ လည်လည်လာသူများကိုလည်း ဧည့်ဝတ်မကျေသောကြောင့် အားနာမိပါ၏။ မီးငယ်ရေ... စိတ်ဆိုးနဲ့နော်.. နော် .. နော်.. Tag ထားတာကြာလှပြီ...အခုမှ ရေးဖြစ်လို့။ Intro များသွားလို့ သောက်မြင်ကတ်ပြီး ကိုယ့်အကြောင်းကို စိတ်မ၀င်စားပဲ နေအုံးမယ်။ Anyarthar’s intro is the end. mrgreen

သားသားနာမည် ….. အညာသား
သူငယ်ချင်းတွေကဒီလိုခေါ်တယ် ….. (Rain၊ ဂျွန်စော.... ၊ အို.. စုံလို့ပါပဲ... :D)
အနော် နေတာက ….. ရွာ
အနော့်ဆီဖုန်းဆက်ချင်ရင် ….. အညာသားတို့ရွာမှာ ဖုန်းမရှိပါ။

အနော့် အကြိုက်ဆုံးတွေက…..

အရောင်ဆိုရင်….. သားသားနဲ့လိုက်မယ်ထင်တဲ့အရောင် အကုန်ကြိုက်
အ၀တ်အစားဆိုရင်….. သူများဆီက အလကားရတာ (မှတ်ချက်။ ။ အသစ်)
အစားအစာဆိုရင်….. ကြိုက်တာတွေရေးနေရင် တအားများလို့ မကြိုက်တာတွေပဲ ပြောပြတော့မယ်နော်… (အသားထဲမှာ..သစ်သား၊ အရွက်ထဲမှာ..စာရွက်၊ အသီးထဲမှာ..ဒုံးသီး၊ ခြေ ၄ ချောင်းဆိုရင်…သံကုတင်၊ ခြေ ၂ ချောင်းဆိုရင်...လင်းတ) :P
ပစ္စည်းဆိုရင်….. ကွန်ပျူတာ (မှတ်ချက်။ ။ အင်တာနက် တပ်ဆင်ပြီး) :D
သီချင်းဆိုရင်…..ဖြေသိမ့်လိုက်
စာရေးစာဆရာ….. ဒေါက်တာမတင်ဝင်း
စာအုပ်….. ကြိုက်ရင်ဖတ်ပါတယ်၊ ဖတ်သမျှကိုလဲ အကုန်ကြိုက်ပါတယ်။
Life style….. တောဂေါ်လီ
အနော့်ဝါသနာ….. ဂစ်တာတီး၊ ဘောလုံးကန်
အလိုချင်ဆုံးလက်ဆောင်….. ရေကူးကန်၊ အားကစားကွင်း၊ စားဖိုမှုးတစ်ယောက်၊ ကား ၂ စီး၊ ၂ ထပ်တိုက် တစ်လုံး… ရှိသော ၁၀ ဧကခန့်ကျယ်သော ခြံတစ်ခြံ :D


အနော်အချစ်ဆုံးသူက….. ကိုယ့်ကိုယ်ကို (မညာတတ်လို့ပါ)
အနော်အလေးစားဆုံးသူက….. အဖေ
အနော်အခင်ဆုံးသူငယ်ချင်းက….. ကျန်စစ်
အနော့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…..အမေ
အနော့်အမုန်းဆုံးသူက…..မရှိပါဘူး
ရင်အခုန်ဆုံးအချိန်…..စာမေးတဲ့အချိန်... (မီးငယ်နဲ့ တူတယ်) :D
အကြောက်ဆုံးအချိန်…..သေမယ့်အချိန်
အပျော်ဆုံးအချိန်….. အခုအရွယ်ထိတော့ သတိမထားမိသေးဘူး။
အမှတ်တရနေ့….. ၁၅.၃.၀၁
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….. တပည့်တော် ကျန်းမာစွာဖြင့် အသက် ၁၂၀ နေရပါလို၏ဘုရား :D
အချစ်ဆိုတာ….. အချစ်
အမုန်းဆိုတာ….. သိဘူး
အလွမ်းဆိုတာ….. အလွမ်းပေါ့
သံယောဇဉ်ဆိုတာ….. အခိုင်မာဆုံးကြိုး
ဘ၀ဆိုတာ….. “ဘ” နဲ့ “၀” .. ပေါင်းထားတာ
သူငယ်ချင်းဆိုတာ….. ရင်ဖွင့်ဘို့
ချစ်သူဆိုတာ….. ချစ်ဘို့
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….. တစ်ကြိမ်စကားပြောဘူးလျှင် အနော့်ကိုမှတ်မိကြသည် (အထူးသဖြင့် မိန်းကလေးများ :P)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
အပြောချင်ဆုံးစကားတစ်ခွန်း….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
(မှတ်ချက်။ ။ ဖြေရခက်သော မေးခွန်းများကို မေးမြန်းခြင်းမပြုလုပ်ပါရန်။ :D )

ဆက်လက်ဖတ်ရှုရန်...

Blogger Gathering (Moscow)  

စာရေးသူ >> အညာသား

ဇူလိုင်လ (၁၆) ရက်နေ့ မော်စကိုမြို့ MSU (Moscow State University) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော် တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် (Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီအစ်ကို ၊ မောင်နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….

……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ smile

ကိုရင်ညိန်းတင့်ထူးရွှေနတ်သျှင်နောင်Black Dreamမောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာရွှေရောင်ကောင်းကင်လင်းထွန်းလွမ်းသုခရတ်မွန်နေချိုအေးဝဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Everထိပေ့သျှင် ၊ ကိုစွမ်းကိုအောင်ညိမ်းညို ဖြိုးငယ်အောင်ဦးနန်းထိုက်ဝင်းမင်းဝေတင်နွယ်မောင် သုခရိပ်မင်းကျန်စစ်အလွမ်းရောင်စောမဏ္ဍိုင်အညာသားလေးမောင်ငယ်မောင်သုညလွမ်းစေ (မြန်မာပြည်)

ဆက်လက်ဖတ်ရှုရန်...

ကျနော့်မွေးနေ့  

စာရေးသူ >> အညာသား

၂၃ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ လူ့လောကထဲသို့ ကျနော့်ကို မွေးဖွါးသန့်စင် ပေးလိုက်သော အနန္တဂိုဏ်းဝင်မိဘနှစ်ပါးအား ရှိသုံးခါခိုးရိုကျိုးပါ၏ (သောက်ပြီးရင် ကန်တော့ဘို့ မေ့သွားမှာစိုးလို့ :P) ။ မွေးနေ့ကို ပျော်ပျော်ပါးပါး ဆင်နွှဲဘို့ စိတ်ကူးယဉ်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် စိတ်ကူး အိမ်မက်တို့ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ကျနော့်စိတ်ကူးတွေ အကောင်အထည် ပေါ်တဲ့ နေ့ဟာ ဒီနေ့(ပထမဆုံးအကြိမ်) ပါပဲခင်ဗျာ။ ကျနော့်မွေးနေ့ကို လာရောက်အားပေး ကြတဲ့ ကိုကိုမမအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုကိုမမများအတွက် မွေးနေ့အစီအစဉ်



မွေးနေ့ကိတ်






စားကောင်းသောက်ဖွယ်များ








Happy Birthday


ညီတော်မောင် အချစ်တုံးလေး “မောင်ကျန်ရစ်”ရဲ့ ကျနော့်အတွက် မွေးနေ့လက်ဆောင်ပါ။

မင်းဘဝအချိန်တွေရဲ့ ငါးပုံတစ်ပုံကို
ငါနဲ့အတူ တလိမ့်ကောက်ကွေး စီးမျောခဲ့ကြပြီး
လက်မောင်းသွေးဖောက် သစ္စာရေမသောက်ပဲ
ညီအစ်ကိုတွေဖြစ်ခဲ့ကြတဲ့ မင်းနဲ့ငါ
ဘဝအစိတ်အပိုင်းတွေ အားလုံးထွင်းဖောက်လို့
အတ္တဆိုတာ တစ်ယောက်ရဲ့ကောင်းကျိုးတယောက် ဖြည့်ခြင်းပဲ။
ဝမ်းနည်းမှုဆွတ်ပျံတိုင်း ပျော်ရွှင်ခြင်းလွန့်လူးတိုင်း
တူတူစားသုံးခဲ့ကြတာ မေ့နိုင်စရာမှ မဟုတ်တာ။
မင်းမိသားစုရဲ့ မြင့်မိုရ်လို ထူမတ်ထားတဲ့မင်း
ငါ့အတွက် သူငယ်ချင်းလည်းဟုတ် အစ်ကိုဆိုလည်း ဟုတ်တယ်။
ဒီနေ့ဟာ မင်းဘဝလမ်းကြမ်းကြမ်းရဲ့
(၂၃) ဆိုတဲ့ မှတ်တိုင်တခုပေါ့…
ဒီနေ့ ဒီရက်မှစပြီး ကံကောင်းခြင်းတွေစီးနင်းရင်း
ပီတိတွေစားသုံးလို့ ပျော်ရွှင်ငြိမ်းချမ်းတဲ့
ကမ္ဘာတစ်ခု မင်းဖန်တီးနိုင်ပါစေ သူငယ်ချင်း။
ကျန်နေတဲ့ မင်းဘဝအပိုင်းအစတွေမှာ
ငါဆိုတဲ့ မင်းသူငယ်ချင်း မင်းညီတစ်ယောက်
ဘေးမှာအမြဲရှိနေတယ်ဆိုတာ ယုံပေးထားလိုက်တော့ကွာ။

မောင်နှမအရင်းပမာ ချစ်ခင်ရသော အစ်မတော် “အစိမ်းရောင်မိန်းကလေး” ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးပါ။

မောင်လေးသို့…

နှစ်ဆယ့်တစ် ဇွန်
အသက်တစ်နှစ်လွန်
အဟောင်းတွေ မေ့ထား
မောင်အညာသား...
ဘ၀ခရီး ရှေ့ဆက်
ဇွဲမာန်အပြည့်နဲ့
နှစ်ဆယ့်လေးအတွက် အားအင်ထည့်...
စိတ်နှလုံးသား ဖြူစင်ရှင်းစေ
ဘ၀ခရီး စမ်းလိုအေးစေ
ပညာဥာဏ်အသိ ဓားလိုထက်စေ
ရည်ရွယ်ချက်ထား ပန်းတိုင်ရောက်စေ

အမိကောင်းသား ပီသစေ...
မြတ်ဆန္ဒနဲ့ ဆုမွန်ခြွေ
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် တည်ပါစေ...

“ကျနော့်မွေးနေ့ကို လာရောက်အားပေးကြတဲ့ ကိုကိုမမများအားလုံးကို Record လုပ်ထားမှာဖြစ်ကြောင်း၊ ရှိစုမဲ့စုလေးနဲ့ မွေးနေ့ပွဲလုပ်လိုက်ရသဖြင့် အညာသား ဆီမှာ လုံချည်တစ်ထည်သာကျန်ပါတော့ကြောင်း၊ မွေးနေ့ပွဲပြီးတာနဲ့ ကိုကိုမမများ ဆီသို့ တစ်အိမ် တစ်ရက် လိုက်လံစားသောက်မှာဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်ခင်ညာ” razz
(ဓာတ်ပုံတစ်ချို့အား http://myanmarbamar.blogspot.com/ မှ ရယူပါသည်။)

ဆက်လက်ဖတ်ရှုရန်...

အိပ်စက်ခြင်းနှင့်ဆိုင်သော  

စာရေးသူ >> အညာသား

ကျနော်တို့ ဂစ်တာဝါသနာအိုးနှစ်ယောက် စကားပြောနေတုန်း ဈေးရောင်းတဲ့ ကျနော့်သူငယ်ချင်း တစ်ယောက် အိပ်နေရာကနေ ထထိုင်လိုက်ပြီးတော့ “အဲဒါ အစိတ်(၂၅ကျပ်)..အဲဒါအစိတ်” လို့ ပြောတယ်။ ကျနော်တို့နှစ်ယောက် သူ့ကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေတုန်းမှာပဲ သူက သူ့ကွန် ပျူတာကိုကြည့်ပြီးတော့ “ငါ့ကွန်ပျူတာ ဘာဖြစ်သွားတာလဲ” လို့မေးပြန်ရော။ ကျနော်က သူ့ကို “သယ်ရင်း မင်း ယောင်နေတာလား” လို့မေးတော့ သူက “မဟုတ်ဘူး ငါယောင်နေတာမဟုတ်ဘူး” လို့ ပြန်ဖြေသေးတယ်ဗျ။ ပြီးတော့ “ဟင်.. ဟမ်.. အင်း အင်း” ဆိုပြီးတော့ ပြန်အိပ်ပျော်သွား တယ်။ မနက်မိုးလင်းတော့ သူ့ကိုပြန်မေးတော့ သူ ဘာဆိုဘာမှမသိတော့ဘူး။ သူ မယောင်တတ် ပါဘူး လို့တောင် ဇွတ်အတင်း ငြင်းလိုက်သေးသဗျ။

နောက်တစ်ယောက် ယောင်တာကြတော့ တစ်မျိုးဗျ။ အိပ်နေရင်းနဲ့ “ဟေ့ကောင် ထမင်းချက်ထား သေးလား” လို့ ကျနော့်ကိုမေးတယ်။ ကျနော်ကလဲ သူယောင်နေတာကို မသိပဲ ..“အင်း..” လို့ဖြေ လိုက်တယ်။ “မင်း ထမင်းမစားရသေးဘူးလား” လို့ ကျနော်သူ့ကို ပြန်မေးလိုက်တော့ သူက “အင်း” တဲ့။ “ထမင်းချက်တာက ခဏပါ.. ဟင်းကတော့ ကြက်ဥပဲ ကြော်ရမှာပဲ” လို့ ကျနော်ပြော တော့ သူဘာမှ ထပ်မပြောတော့ဘူး။ အဲဒီတော့မှ သူယောင်နေတယ်ဆိုတာ ကျနော်သိလိုက်တာ။

(၁၀)တန်းကျောင်းသားဘ၀တုန်းက ကျနော် အိပ်နေရင်းနဲ့ ကြွက်ကြောတက်တာတော့ ဖြစ်ဘူး တယ်။ ကျနော့်သူငယ်ချင်းတွေ ပြန်ပြောမှသိရတာပါ။ ကိုရွာသားလေးပြောသလိုပဲ အိပ်ရင်းနဲ့ ယောင်နေတဲ့သူရဲ့ခြေမ ကိုကိုင်ပြီးတော့ မေးရင် မေးသမျှကို ပြန်ဖြေတာတို့၊ အိပ်နေရာက ထပြီး လမ်းလျှောက်တာတို့တော့ ကြားဘူးတယ်။ ကျနော်ကတော့ လက်တွေ့မကြုံဘူးပါဘူး။

ကိုရွာသားလေးရဲ့ “အိပ်စက်ခြင်းနှင့်ဆိုင်သော” ခေါင်းစဉ်နှင့်ပက်သက်၍ ကျနော်ကြုံတွေ့ခဲ့ သမျှကို ပြန်လည်ဖောက်သည်ချခြင်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်...

အပြည်ပြည်ဆိုင်ရာအမေနေ့  

စာရေးသူ >> အညာသား


အမေနေ့ အထိမ်းအမှတ်အတွက် အကျွေးအမွေးနဲ့ဧည့်ခံတဲ့ မောင်တာယာကို ကျေးဇူးတင်ရှိကြောင်း ထပ်ဆင့်ပြောပါရစေ (မစားရသေးရင် အမြန်သွားဆွဲလိုက်အုံး razz)။ အမေနေ့ အမှတ်တရအတွက် ကျနော် အညာသားကလဲ မိတ်ဆွေတို့ကို တတ်နိုင်သလောက် မျှဝေချင်တဲ့ ဆန္ဒလေးရှိလို့ပါ။ ကမ္ဘာပေါ်မှာရှိတဲ့ အမေတွေအားလုံးကို တန်ဘိုးထား၊ ချစ်ခင် ကြည်ညိုကြတာချင်း တူပေမယ့် အမေနေ့ကို နိုင်ငံအလိုက် ကျင်းပတဲ့ ရက်တွေကျတော့ အများအပြား ကွဲပြားနေတယ်ဗျ။ နိုင်ငံ အများစုကတော့ မေလရဲ့ဒုတိယမြောက် တနင်္ဂနွေနေ့မှာ ကျင်းပကြတယ် (ကျနော်တို့ မြန်မာနိုင်ငံလဲ အပါအ၀င်ပေါ့ဗျာ)။ စာရေးဆရာကြီး ချစ်စံဝင်း ရေးထားတဲ့ “အမေနှင့်အမေ့အကြောင်း” စာအုပ်လေးကို မဖတ်ရသေးဘူး၊ စိတ်ဝင်စားတယ် ဆိုရင်တော့ ဒီမှာ DownLoad ယူပါခင်ဗျာ။ အမေနေ့ အထိမ်းအမှတ်အတွက် နိုင်ငံအလိုက် အမှတ်တရကျင်းပတဲ့ ရက်တွေကတော့ ကျနော် မျှဝေလိုက်ပါတယ်။


ကျင်းပကြတဲ့ရက် အသီးသီးကို စိတ်ဝင်စားလို့ DownLoad ဆွဲချင်ရင်တော့ ဒီမှာ ပါ။

အမေ အားလုံးအပါအ၀င် မြန်မာနိုင်ငံ ပြည်သူပြည်သားအားလုံး စိတ်ချမ်းသာ၊ ကိုယ်ကျန်းမာပြီး ကန္တာရကပ်ဆိုး၊ အန္တရာယ် အမျိုးမျိုးတို့မှ ကင်းဝေး၍ လိုအင်ဆန္ဒ တစ်လုံးတစ်ဝတည်း ပြည့်စုံနိုင်ကြပါစေ။

ဆက်လက်ဖတ်ရှုရန်...

ချစ်ကြည်ရေးပွဲတော်  

စာရေးသူ >> အညာသား

ရုရှားဆိုဗီယက်ပြည်ထောင်စုကြီး မပြိုကွဲခင် ၁၉၆၀ ခုနှစ် ဖေဖော်ဝါရီလ(၄)ရက်နေ့တွင် “လူမျိုးစုချစ်ကြည်ရေးတက္ကသိုလ်” (FriendShip University) ကိုစတင်တည်ထောင် ခဲ့သည်။ စတင်တည်ထောင်ခဲ့စဉ်ကတည်းက ဌာနကြီး(၁၀)ခု ရှိခဲ့လေသည်။

၁။ ရူပဗေဒ၊ သချာင်္ နှင့် သဘာဝသိပ္ပံဌာန၊
၂။ ဆေးပညာဆိုင်ရာဌာန၊
၃။ စိုက်ပျိုးရေးဌာန၊
၎။ သဘာဝလူ့ပတ်ဝန်းကျင်ဆိုင်ရာ သုတေသနဌာန၊
၅။ လူမျိုးနွယ်နှင့်လူမှုရေးသိပ္ပံဌာန၊
၆။ စိတ်ပညာဌာန၊
၇။ အင်ဂျင်နီယာပညာဌာန၊
၈။ စီးပွါးရေးပညာဌာန၊
၉။ ဥပဒေပညာဌာန၊
၁၀။ နိုင်ငံခြားဘာသာနှင့် အထွေထွေစည်းမျဉ်းဌာန တို့ဖြစ်ကြသည်။

ထိုကျောင်းတော်ကြီး၏ ပထမဆုံး ပါမောက္ခချုပ်မှာ ပရော်ဖက်ဆာ-ပက်ထရစ်လူမူဗာ (Patric Lumuva) ဖြစ်သည်။ ၁၉၆၁ ခုနှစ်မှ ၁၉၉၂ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ လေသည်။ ယခုလက်ရှိ ပါမောက္ခချုပ်မှာ ဗလာဒီမာ မီဟာလာဘိခ်ျ ဖီးလစ်ပေါ့ဖ် (Владимир Михайлович Филиппов) ဆိုသူဖြစ်သည်။ ရုရှားနိုင်ငံပညာရေးဆိုင်ရာ သိပ္ပံအကယ်ဒမီ ကောင်စီတွင်လည်း အရေးပါသော ပုဂ္ဂိုလ်တစ်ယောက်ဖြစ်လေသည်။ ကမ္ဘာ့နိုင်ငံပေါင်း (၁၀၀)ကျော်မှ လူမျိုးစုပေါင်း(၄၅၀)ကျော်တို့ ထိုကျောင်းတော်ကြီးတွင် ပညာသင်ကြားလျှက်ရှိကြသည်။ ထိုကျောင်းတော်ကြီး၏ နှစ်စဉ် မေ(၁)ရက်နေ့တွင် ကျင်း ပသော ချစ်ကြည်ရေးအထိမ်းအမှတ်ပွဲတော်တွင် ပညာသင်ကြားနေသော နိုင်ငံအသီးသီးမှ ကျောင်းသားများသာ ပါဝင်ဆင်နွှဲခွင့်ရှိလေသည်။ ထိုကျောင်းတော်တွင် တက်ရောက်၍ ပညာသင်ကြားခြင်းမရှိသော ကျနော်တို့မြန်မာကျောင်းအဖို့ ပါဝင်ဆင်နွှဲနိုင်သော အခွင့်အ ရေးမရှိပေ။ ထိုကျောင်းတွင် ပညာသင်ကြားနေသော နိုင်ငံပေါင်း (၁၀၀)ကျော်မှ လူမျိုးစု (၄၅၀) ကျော် ကျောင်းသားများပင် အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတိုင်း ပါဝင်ဆင်နွှဲ နိုင်ခြင်းမရှိပေ။ MayDay တွင်ကျင်းပသော ချစ်ကြည်ရေးအထိမ်းအမှတ်ပွဲတော်တွင် (၇၅) နိုင်ငံကျော်သာ ပါဝင်ဆင်နွှဲနိုင်လေသည်။

(ယခင် “MayDay အမှတ်တရ” ဆောင်းပါးသည် MayDay နေ့အတွက် အမှတ်တရဖြစ်စေ ရန် အချိန်မှီအောင် တင်လိုက်ရခြင်းဖြစ်သောကြောင့် ထိုဆောင်းပါးတွင် မပြည့်မစုံဖော်ပြ လိုက်ရခြင်းအတွက် စာဖတ်သူအပေါင်းအား ကျနော် အညာသားလေး က အနူးညွတ်တောင်းပန်အပ်ပါသည်။)

ဆက်လက်ဖတ်ရှုရန်...

May Day အမှတ်တရ  

စာရေးသူ >> အညာသား

Moscow မှာ FriendShip ဆိုတဲ့ ကျောင်းကြီးတစ်ကျောင်း ရှိသဗျ။ နိုင်ငံ ပေါင်း (၇၅) နိုင်ငံကျော်လောက်က ကျောင်းသားတွေရှိကြတယ်။ အဲဒီ ကျောင်းမှာနှစ်စဉ်မေ(၁)ရက်နေ့တိုင်း ချစ်ကြည်ရေး အထိမ်းအမှတ်အဖြစ် ပွဲတော်ကြီးတစ်ခု ကျင်းပလေ့ရှိတယ်။ အဲဒီပွဲမှာ နိုင်ငံအသီးသီးရဲ့ ကျောင်း သားတွေက ကိုယ့်နိုင်ငံရဲ့ ရိုးရာဓလေ့နဲ့ ယဉ်ကျေးမှုတို့ကို ဂုဏ်ယူ ၀ံ့ကြွားစွာ ပြသနေကြလေရဲ့။ ကိုယ့်ရိုးရာဓလေ့ အကြောင်းကို အပြန်အလှန် ပြောနေ လိုက်ကြတာများ အားရစရာ။ ခင်းကျင်းပြသထားတဲ့ ရိုးရာအမွေအနှစ်၊ ၀တ် ဆင်ထားကြတဲ့ ရိုးရာဝတ်စုံတို့ကို မြင်ရုံ၊ ပြောဆိုသမျှကို နားထောင်ရုံနဲ့ နိုင်ငံ အသီးသီးရဲ့ ယဉ်ကျေးမှု၊ ဓလေ့တို့ကို ခန့်မှန်းနိုင်ပေပြီ။ အမိမြေနှင့်ခွဲခွါ နေရ ပြီး သူများနိုင်ငံမှာ အမိနိုင်ငံရဲ့ ယဉ်ကျေးမှု၊ ရိုးရာဓလေ့ အမွေအနှစ်တို့ကို နိုင်ငံအများသိစေရန် ခုလို ပြောဆိုပြသနိုင်ရန်မှာ ကြီးမားသောအခွင့်အရေး တစ်ခုပင်။ နိုင်ငံအများအပြားမှ ပါဝင်ဆင်နွှဲကြတာဖြစ်လို့ ကိုယ့်နိုင်ငံအ ကြောင်းကို ဂုဏ်ယူပြောဆို၊ ပြသနိုင်ယုံသာမက တခြားနိုင်ငံတွေရဲ့ရိုးရာ၊ ဓလေ့၊ ယဉ်ကျေးမှုတို့ကိုပါ လေ့လာသိရှိနိုင်တာမို့ အလွန်တန်ဘိုးရှိပြီး ရှားပါးလှ တဲ့ ချစ်ကြည်ရေးပွဲကြီးပင်။ မှတ်တမ်းတင် ဗီဒီယို၊ ဓာတ်ပုံရိုက်သူ တွေကလဲ မနည်း။ “ကျနော်တို့ မြန်မာကျောင်းသားများသာ ပါဝင်ဆင်နွှဲ ခွင့်ရမယ်ဆိုရင်” ဟူသောအတွေးဖြင့် အမိမြေကို တမ်းတမိသည်။

FriendShip မြင်ကွင်း
Photobucket


အိန္ဒိယနိုင်ငံ ရိုးရာအမွေအနှစ်များPhotobucket

ကင်မရွန်းနိုင်ငံရိုးရာတီးလုံးဖြင့် လိုက်ဖက်အောင် ကြိုးစားကပြနေသော ကလေးငယ်။
Photobucket

နီပေါနိုင်ငံမှ အလှပဂေးများ
Photobucket

တာဂျစ်ကစ္စတန်တို့ရဲ့ရိုးရာ
Photobucket


အမှတ်တရဓာတ်ပုံရိုက်နေကြလေရဲ့
Photobucket

မြန်မာ့ရိုးရာလုံချည်၊ တိုက်ပုံတို့ကို ၀တ်ဆင်ပြီး မြန်မာ့ဒိုးပတ်ဝိုင်း၊ မြန်မာ့ အက၊ မြန်မာ့အလှ တို့အပြင် ပျူငှာဖော်ရွေသော ပြောဆိုဆက်ဆံမှုတို့ ကိုသာ ပါဝင်ပြသခွင့်ရမယ်ဆိုရင် အများနဲ့မတူ တစ်မူထူးလှတဲ့ ဂုဏ်ယူစရာ ယဉ်ကျေးမှုကြောင့် နိုင်ငံအများရဲ့ စိတ်ဝင်စားမှု၊ အထင်ကြီးလေးစားမှု တို့ တသွင်သွင်စီးဆင်းနေမှာ မလွဲပေ။ နိုင်ငံတိုင်းမှာ ကိုယ်ပိုင်ယဉ်ကျေး မှုရှိကြ သည်။ အခုလို အခွင့်အခါကြုံကြိုက်ပြီး အမိနိုင်ငံရဲ့ ရိုးရာဓလေ့ကို ဂုဏ်ယူ ၀င့်ကြွားစွာပြသနေသော နိုင်ငံအသီးသီးမှ ကျောင်းသားများကိုလဲ လေးစား မိသည်။ ကိုယ့်နိုင်ငံရဲ့ ရိုးရာ၊ ဓလေ့ကို တန်ဘိုးထားဂုဏ်ယူတတ်ဘို့၊ ထိန်း သိမ်းစောင့်ရှောက်ဘို့ဆိုတာ ကိုယ်ကလွဲလို့ ဘယ်သူ့မှာတာဝန်ရှိအုံးမလဲဗျာ။
(မြန်မာကျောင်းသားများ ပါဝင်ဆင်နွှဲခွင့်မရခြင်း အကြောင်းကို ဆက်လက်ဖော်ပြပါမည်။)

ဆက်လက်ဖတ်ရှုရန်...

မမေ့နိုင်သောကျောင်းကလေး  

စာရေးသူ >> အညာသား

(ဇာတ်သိမ်းပိုင်း)

ကျောင်းကိုရောက်တယ်ဆိုရင်ပဲ ကလေးများ ကျနော့်ဆီပြေးလာကြပြီး “မင်္ဂလာပါ ဆရာ” ဟု သံပြိုင်ရွတ်ဆိုကာ ကြိုဆိုကြလေသည်။ မမေ့နိုင်သော ခံစားမှုလေးတစ်ခု ကျနော့်ရင်ထဲတွင် တိုးလာတော့သည်။ ကြိုဆိုနှုတ် ဆက်ပြီးသောအခါ ကျနော့် လွယ်အိတ်ကို ယူသူက ယူ၊ ကျနော့်ထမင်းချိုင့်ကို လက်ကမ်းသူက ကမ်း။ အမြဲ အမှတ်တရဖြစ်စေသည့် မြင်ကွင်းလေးတစ်ခု ပင်။ နေ့လည် ထမင်းစားချိန်တိုင်း ကလေးတွေနှင့်အတူ စားဖြစ်သည်။ “ဆရာ့ အတွက်..” ဟုဆိုကာ အိမ်က ထမင်း၊ ဟင်း အပိုယူလာသူကလည်း မနည်း။ နေ့လည်နေ့ ခင်း ထမင်းစားပြီးချိန်တွင် “ဆရာ အိပ်ချင်ပြေစားဘို့” ဟုဆိုကာ လဖက်သုတ်ကို တစ်နေ့ တစ်ယောက် ပုံမှန်ယူလာတတ်ကြ သေးသည်။ ကျနော့် ဥာဏ်ရှိသလောက် ၀ရိယစိုက်ထုတ်သင်ကြားပေး ခဲ့သည်။ စာမလိုက်နိုင်သော ကလေးများကို တခြားသူများထက် ပို ဂရုတစိုက် သင်ကြားပေးသည်။ စာမရသော ကျောင်းသား/သူများအား အပြစ်ပေးဆုံးမ သကဲ့သို့၊ စာတော်သူများကိုလည်း အမြဲ ဆုပေးတတ်သည်။ ညနေ ကျောင်းဆင်းခါနီးတိုင်း ပုံပြင်တစ်ပုဒ် အမြဲ ပြောလေ့ရှိသည်။

တစ်နေ့ ….

ကျောင်းပျက်ရက် များယုံသာမက စာမေးလျှင်ကောင်းကောင်းမရ၊ အိမ်စာလဲ ပုံမှန်မလုပ်သော ကျောင်းသားလေး တစ်ယောက်ကို ကျနော်သတိထားမိ သည်။ ကျောင်းခေါ်ချိန်မပြည့်၊ စာမရသောကြောင့် စာမေးပွဲကျမှာလဲ စိုးရိမ် မိသည်။ စုံစမ်းကြည့်လိုက်တော့ ထိုကျောင်းသားလေးတွင် အဖေမရှိပေ။ မိခင်ဖြစ်သူကလည်း ပညာရေးကို အားကျသူမဟုတ်။ ဆက်လက်ဖြတ် သန်းရမည့် ဘ၀ခရီးရှည်ကြီး အတွက် “ပညာ” ဟူသော အသိဥာဏ်မရှိလျှင် လမ်းမှားသို့ ရောက်သွားနိုင်သော အဖမဲ့သားလေး ဘ၀အတွက် ရင်လေး မိသည်။ ကျောင်းအုပ်ဆရာကြီးနှင့်တိုင်ပင်ကာ “ပညာ” နှင့် အလှမ်းဝေး လှသော ထိုသားအမိဆီသို့သွားကလေးပညာရေးအတွက် လက်ခံ နားလည်အောင် ပြောဆိုရှင်းပြပြီးနောက် ထိုကျောင်းသားလေးအား ပညာ ရေးကို စိတ်ဝင်စားစေခဲ့သည်။ ထို့နောက်တွင် ၄င်းကျောင်း သားလေးသည် ကျောင်းတက်၊ စာဖတ်၊ စာကျက် ပုံမှန်ပြန်ဖြစ်လာတော့သည်။

ကျနော် ကျောင်းပြန်တက်ရတော့မည်။ ကလေးတွေနှင့် ခွဲရတော့မည် ဟူသော အသိနှင့်အတူ ၀မ်းနည်းမှုတွေက တပွေ့တပိုက်။ ကျောင်းအုပ် ဆရာကြီးမှ နှုတ်ဆက်ပွဲကျင်းပပေးသည်။ ကလေးများကျနော့်ကို ကန်တော့ ကြသည်။ ကန်တော့ချိုး ဆုံးသည်နှင့်တစ်ပြိုင်နက် တရှုံ့ရှုံ့ငိုကြ လေသည်။ ခွဲရတော့မည့်အချိန်ကြမှ ဆရာနှင့်တပည့်တို့၏ ဖြတ်မရသော သံယောဇဉ် ကို ကျနော် ကောင်းကောင်း နားလည်ခဲ့လေသည်။ “မင်းတို့လေးတွေ အတွက် ဆရာ အမြဲတမ်း ရှိနေချင်ပါတယ်ကွယ်” ။ ခံစားမှုတွေကို မျိုသိပ် မထားနိုင်တော့တဲ့ ကျနော် အချိန်ဘယ်လောက် ကြာကြာ တွေဝေသွား သည်မသိ။ “ဆရာ.. ကလေးတွေ ကို ဆုံးမစကားလေး ပြောခဲ့ပါအုံး” ဟု ကျောင်းအုပ်ဆရာကြီးက သတိပေးမှ ဆွေးမြည့်နေသော စိတ်တို့ကို ပြန် လည်အားမွေးကာ ဆုံးမစကားပြောလိုက်သည်။ ပြောရင်းနှင့်ပင် ရင်ထဲက ခံစားချက်တို့က ဝေ့တက်လာသော မျက်ရည်များအဖြစ် သက်သေထူ နေကြလေသည်။ လက်ပြ နှုတ်ဆက်ရင်း ကလေးများနှင့် ကျနော် ခွဲခဲ့ ရလေပြီ။

“ကျနော် ဘယ်တော့မှ မမေ့နိုင်ပါ။ အဖြူ၊ အစိမ်းမြင်လျှင် ကျောင်းသား ဘ၀ကိုသာမက တစ်ခဏသာ ကြုံတွေ့ခဲ့ရသော ကျောင်းသား၊ ကျောင်း သူလေးများနှင့် ကျောင်းဆရာဘ၀ကိုပါ ပြန်လည်တမ်းတ လွမ်းဆွတ် မိသည်။ ကျနော်တို့အားလုံး၏ အနန္တဂိုဏ်းဝင် ကျေးဇူးရှင် ဆရာ၊ ဆရာမ များကို ဆောင်းပါလေးနှင့် ရှိသုံးခါခိုး၊ ရိုကျိုးအပ်ပါသည်။”

ဆက်လက်ဖတ်ရှုရန်...

မမေ့နိုင်သော ကျောင်းကလေး  

စာရေးသူ >> အညာသား

“ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း”

ကလေးငယ်များ၏ စာဖတ်သံများကို အဝေးမှပင် ကြားနေရသည်။ စာသင် ကျောင်းလေး၏ ရှေ့တွင် နိုင်ငံတော်အလံက ခန့်ညားထည်ဝါစွာ နေရာယူ လျှက်ရှိသည်။ ကျောင်းကလေး၏ ဘေးတဘက်စီတွင် လယ်ယာမြေများ ရှိကြသည်။ အပူပိုင်းဒေသ ဖြစ်သောကြောင့် ခြောက်ကပ်ကပ် ရှိလှသော် လည်း ကျောင်းပတ်ဝန်းကျင်ရှိ စီတန်းနေသော ထန်းပင်များ၊ ကျောင်းကို ၀န်းရံလျှက်ရှိသော မယ်ဇလီပင်များ၊ ကျောင်း၏ ရှေ့တွင်ရှိသော ဘော လုံးကွင်းနှင့်ရေကန် စသည်တို့က ထို စာသင်ကျောင်းကလေး၏ သာယာ ချမ်းမြေ့မှုကို ထောက်ပံ့ပေးလျှက်ရှိ ကြသည်။ စာသင်ကျောင်း ကလေးနှင့် တဖြည်းဖြည်း နီးလာလေလေ၊ ကျနော့်ရင်ခုန်သံ မြန်လာလေလေ။ တစ်ခါမှ မလုပ်ဘူးသောအလုပ်မို့ အဆင်မပြေဖြစ်မှာလဲ စိုးရိမ်မိသည်။

မနေ့က အိမ်ကို ကျောင်းအုပ်ဆရာကြီး လာသွားသည်။ ကျန်းမာရေး မကောင်းသော အဖေ့အခြေအနေကို လာကြည့်ရင်း၊ ကျောင်းကလေး၏ ဆရာ/ဆရာမ မလုံလောက်မှု အခက်အခဲ၊ ကလေးများ၏ စာသင်ချိန် အခက်အခဲများကို ပြောပြလေသည်။ ကြားရသော ကျနော့်အဖို့ စိတ် မကောင်းဖြစ်မိသည်။ ကျနော့်အတွက် ကျောင်းအားလပ်ရက်ဖြစ်သည့် အပြင်၊ စိုက်ပျိုးချိန် မဟုတ်သောကြောင့် အိမ်တွင်လည်း အလုပ်ရှုပ် လှသည်မဟုတ်ပေ။ ထို့ကြောင့် အဖေ့ကိုယ်စား ကလေးတွေအား စာသင်ရန် တိုင်ပင်ခွင့်တောင်းရာ အဖေက သဘောတူ ခွင့်ပြုခဲ့လေသည်။ အမေ ကလဲဝမ်းသာနေသည်။ ကျောင်းအုပ်ဆရာကြီးကလဲ ၀မ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောသွားခဲ့သည်။

“ဒေါင် ဒေါင်၊ ဒေါင် ဒေါင်”

မုန့်စားကျောင်းဆင်းချိန် ဖြစ်သည်။ ကျောင်းအုပ်ဆရာကြီး၏ ရုံးခန်းသို့ ၀င်လိုက်တယ်ဆိုရင်ပဲ ဆရာကြီးက “ကြွပါ ဆရာ” ဟု နှုတ်ဆက်ကာ ကြိုဆို လေသည်။ ကျနော့်ဘ၀မှာ ပထမ ဆုံး အခေါ်ခံရသော အသုံးအနှုံးပင်။ ကျနော့်အတွက် အံ့သြမှုနှင့်အတူ ကြည်နူးရသည်မှာ အမှန်။ ကျနော် စာသင်ရမည့် အတန်း၊ ကျောင်းဆင်းချိန်၊ ကျောင်းတက်ချိန် စသည်တို့ကို ရှင်းပြလေသည်။ ထို့နောက် မုန့်စားကျောင်းဆင်းချိန်ပြည့်ကျောင်းပြန် တက်သောအခါ ကျနော် စာသင်ရမည့် ဒုတိယတန်း အခန်းသို့ခေါ်သွားပြီး ကျနော့်အား ကလေးများနှင့် မိတ်ဆက်ပေးသည်။ “ငါတို့ကို စာသင် ပေးမယ့်ဆရာ” ဟူသော မျှော်လင့်ချက်ဖြင့် ကျနော့်အား ကြည့်နေ ကြဟန်တူသည်။ ရိုးသားပြီး အပြစ်ကင်းစင်သော ကလေးများ၏ မျက်နှာကို ကြည့်ပြီး ဂရုဏာသက်မိသည်။ ယခင် သင်ပြီးခဲ့သော သင်ခန်းစာများကို ပြန်လည်ရှင်းပြ၊ သင်ကြားရင်းနှင့်ပင် တစ်ရက်ကုန်သွားခဲ့သည်။
နောက်တစ်နေ့...

(ဇာတ်သိမ်းပိုင်း ကို ဆက်လက်ဖတ်ရှုရန် )

ဆက်လက်ဖတ်ရှုရန်...

သို့..အဖေ  

စာရေးသူ >> အညာသား

၂၀၀၆ခုနှစ် သက်ြန်တုန်းက အဖေ့စကားတွေကို သား ပြန်ကြားယောင်နေမိတယ်အဖေ။

“သားကြီးရယ်..အဖေတို့မိသားစု အခုလိုပြန်ဆုံတဲ့အချိန် ခဏလေးမှာ ဘယ်ကိုမှမသွား ပါနဲ့လားကွယ်..” တဲ့။ ကျွန်တော့်ချစ်သူကို ကတိတွေအထပ်ထပ်ပေးခဲ့တယ် အဖေ။ သက်ြန်မှာ ကျွန်တော့်ချစ်သူရှိတဲ့မြို့ ကို ရေသွားကစားမယ် လို့ ဆုံးဖြတ်ထားတဲ့ကျွန်တော့် အတွက် မျှော်လင့်ချက်တွေ ဆုံးရှုံးရတော့မယ်ဆို တဲ့ အသိနဲ့အတူ ၀မ်းနည်းမိတာတော့ အမှန်ပဲအဖေ။ သားကို မျှော်လင့်ချက်တွေ အများကြီးနဲ့ပြောနေတဲ့ အဖေ့မျက်နှာကို ကြည့် ပြီး အဖေ့ဆန္ဒတွေကို သားဖြည့်ဆည်းပေးခဲ့ပါတယ် အဖေရယ်။ အဲဒီနှစ်သက်ြန်ကလဲ သား တို့မိသားစုအတွက် ခဲယဉ်းလှတဲ့ပြန်ဆုံမှုလေးပါပဲ အဖေ။ ချစ်သူနဲ့ပျော်ရွှင်ရမယ့် နေ့လေး တွေအစား အဖေ့အတွက်၊ သားမိသားစုအတွက် ပျော်ရွှင်ဖွယ်နေ့လေးတွေအဖြစ် သားပေး ဆပ်ခဲ့ပါတယ်အဖေ။ ကျွန်တော့်ချစ်သူနဲ့ ပြန်ဆုံတဲ့နေ့မှာ ကတိပျက်ခဲ့တဲ့ကျွန်တော့်ကို ခွင့် လွှတ်ဘို့ တောင်းပန်တော့ ချစ်သူက စိတ်မဆိုးတဲ့အပြင် မိဘစကားကိုနားထောင်တဲ့သား အဖြစ် ချီးကျူးစကားတောင် ဆိုခဲ့ပါသေးတယ် အဖေ။ ပြန်စဉ်းစားမိတိုင်း အဖေ့ကို ကျေးဇူး တင်မဆုံး ဖြစ်ရပါတယ်အဖေ။ ကျွန်တော့်ချစ်သူရဲ့ ချီးကျူးမှုတွေအတွက် မဟုတ်ပါဘူး အဖေ။ ညီလေး၊ ညီမလေးတွေအတွက် တာဝန်ကျေတဲ့ အစ်ကိုကြီးတစ် ယောက်အဖြစ် ရပ်တည်ပေးနိုင်ခဲ့လို့ပါ။

ဆက်လက်ဖတ်ရှုရန်...