“ပန်းကလေးများပွင့်တော့မည်၊ ဖူးတံဝင့်လို့ချီ
နေခြည်မှာရွှေရည်လောင်း၊ ငါတို့စာသင်ကျောင်း”
ကလေးငယ်များ၏ စာဖတ်သံများကို အဝေးမှပင် ကြားနေရသည်။ စာသင် ကျောင်းလေး၏ ရှေ့တွင် နိုင်ငံတော်အလံက ခန့်ညားထည်ဝါစွာ နေရာယူ လျှက်ရှိသည်။ ကျောင်းကလေး၏ ဘေးတဘက်စီတွင် လယ်ယာမြေများ ရှိကြသည်။ အပူပိုင်းဒေသ ဖြစ်သောကြောင့် ခြောက်ကပ်ကပ် ရှိလှသော် လည်း ကျောင်းပတ်ဝန်းကျင်ရှိ စီတန်းနေသော ထန်းပင်များ၊ ကျောင်းကို ၀န်းရံလျှက်ရှိသော မယ်ဇလီပင်များ၊ ကျောင်း၏ ရှေ့တွင်ရှိသော ဘော လုံးကွင်းနှင့်ရေကန် စသည်တို့က ထို စာသင်ကျောင်းကလေး၏ သာယာ ချမ်းမြေ့မှုကို ထောက်ပံ့ပေးလျှက်ရှိ ကြသည်။ စာသင်ကျောင်း ကလေးနှင့် တဖြည်းဖြည်း နီးလာလေလေ၊ ကျနော့်ရင်ခုန်သံ မြန်လာလေလေ။ တစ်ခါမှ မလုပ်ဘူးသောအလုပ်မို့ အဆင်မပြေဖြစ်မှာလဲ စိုးရိမ်မိသည်။
မနေ့က အိမ်ကို ကျောင်းအုပ်ဆရာကြီး လာသွားသည်။ ကျန်းမာရေး မကောင်းသော အဖေ့အခြေအနေကို လာကြည့်ရင်း၊ ကျောင်းကလေး၏ ဆရာ/ဆရာမ မလုံလောက်မှု အခက်အခဲ၊ ကလေးများ၏ စာသင်ချိန် အခက်အခဲများကို ပြောပြလေသည်။ ကြားရသော ကျနော့်အဖို့ စိတ် မကောင်းဖြစ်မိသည်။ ကျနော့်အတွက် ကျောင်းအားလပ်ရက်ဖြစ်သည့် အပြင်၊ စိုက်ပျိုးချိန် မဟုတ်သောကြောင့် အိမ်တွင်လည်း အလုပ်ရှုပ် လှသည်မဟုတ်ပေ။ ထို့ကြောင့် အဖေ့ကိုယ်စား ကလေးတွေအား စာသင်ရန် တိုင်ပင်၍ ခွင့်တောင်းရာ အဖေက သဘောတူ ခွင့်ပြုခဲ့လေသည်။ အမေ ကလဲဝမ်းသာနေသည်။ ကျောင်းအုပ်ဆရာကြီးကလဲ ၀မ်းသာကြောင်း၊ ကျေးဇူးတင်ကြောင်း ပြောသွားခဲ့သည်။
(ဇာတ်သိမ်းပိုင်း ကို ဆက်လက်ဖတ်ရှုရန် )
0 ယောက်ရဲ့အမြင်