အတ္တ
2008
“အား ……” လို့ အော်တိုင်းသာ စိတ်ညစ်တာတွေပျောက်သွားမယ်ဆိုရင် အသက်တစ်ခါ ရှုပြီးတိုင်း ကျုပ်အော်နေမိမှာ အမှန်ပဲ။ “ဘာပဲဖြစ်ဖြစ် စိတ်မညစ်နဲ့” တဲ့၊ “ပျော်ပျော်နေ သေခဲ” တဲ့။ ဘ၀အတွက် အလေးအနက်ထားခဲ့မိတဲ့ မျှော်လင့်ချက်တစ်ခု ကျိုးပဲ့သွားတဲ့ စိတ်ညစ်မှုမျိုး ကြုံလာတဲ့အခါ ကျုပ်ဘယ်လိုလစ်လျူရှုပြီး ဘယ်လိုပျော်အောင် နေရမလဲ။ ခင်ဗျားရော ပျော်အောင်နေနိုင်ခဲ့ရဲ့လား?။ ညစ်နေတဲ့စိတ်ကို ဘယ်လိုကုစားပြီး ဘယ်လို နည်းလမ်းတွေနဲ့ လစ်လျူရှုခဲ့သလဲ?။ ကျုပ်ကိုပြောစမ်းပါ။ နှိုးရခက်အောင် အိပ်ချင်ယောင် ဆောင်နိုင်တဲ့စိတ်ကို ကျုပ်မပိုင်တာတော့ သေချာတယ်။ လူတွေအားလုံးဟာ မျှော်လင့် ချက်ကိုယ်စီနဲ့ အသက်ရှင်နေကြတာတဲ့။ မျှော်လင့်တာတွေ ဖြစ်မလာရင်ရော အမှန်တ ကယ် သေသွားတတ်ကြသလား?။ မျှော်လင့်နေတယ် ဆိုတဲ့စကားကို ပိုပြီးလေးနက် သွားအောင် ပြောကြတယ်လို့ပဲ ကျုပ်ထင်တယ်။ တစ်နေ့နေ့သေရမယ်ဆိုတာ မငြင်းဆန် နိုင်ပေမယ့် “ငါမသေသေးပါဘူး” ဆိုတဲ့ မျှော်လင့်ချက်(အတ္တ)ကတော့ ရှိကြတာပဲလေ။ “သေလောက်အောင်စိတ်ညစ်တယ်” လို့ ကျုပ်ညည်းမိတယ်ဗျာ။ တကယ်သေချင်လို့ လား?။ ကျုပ်မသေချင်သေးဘူး။ ကျုပ်လဲ အတ္တကိုယ်စီနဲ့ရှင်သန်နေကြတဲ့ လူတွေထဲက လူတစ်ယောက်ပဲလေ။ ကျုပ်အတ္တတွေရှင်သန်ဖို့အတွက် ကျုပ်အသက်ရှင်နေရအုံးမယ်။
0 ယောက်ရဲ့အမြင်