ချစ်သူနှင့်ဝေး၊ ပူဆွေးရယ်ကြုံ
ကြယ်မှုံကင်းကာ၊ ညချိန်ခါဝယ်
ကွယ်ကာပုန်းရှောင်၊ မှောင်တိမ်အားကိုး
ဖိုးရွှေလမင်း၊ အလင်းကင်းလျှက်
အရှိုက်ခက်ငြား၊ လိုက်ဖက်အား၏။
ကွယ်..ခုတော့
ကိုယ့်ရဲ့နံဘေး၊ ချစ်သူလေးနဲ့
ချစ်စကားတီတာ၊ ပြောနေတာတောင်
ပြောင်ပြောင်ဝင်းဝင်း၊ လင်းရောင်မပေး
ရှောင်ပြေးဖယ်ခွါ၊ နေနိုင်လိုက်တာ
ဖိုးလမင်းရယ်..။
မူဟန်ကျော့ရှင်း၊ မာယာကင်းလို့
သင်းကြည်ချိုအေး၊ မြင်သူငေးပေ
ရှုလေမ၀၊ ချစ်သူအလှကို
တိမ်ဖုံးကွယ်ကာ၊ တစ်နေရာကပဲ
ချောင်းကြည့်နေရော့သလား..။ ။
ရင်ဝယ်ထွေးကာ၊ သံသာချော့မြူး
နူးညံ့ပါးပြင်၊ နမ်းစဉ်ခဏ
လှပတဲ့ရှက်ပြုံး၊ တစ်သက်လုံးသိမ်းထားချင်လို့
အို..ဖိုးလမင်းရေ..
လင်းရောင်ပေးကာ၊ သာပါတော့လေး..။ ။
This entry was posted
on Friday, April 25, 2008
and is filed under
ကဗျာ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
0 ယောက်ရဲ့အမြင်