"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ပေါ်လိုက်ပျောက်လိုက်  

စာရေးသူ >> အညာသား


ဖူး.. ဖူး… ဘုန်း.. ဘုန်း.. ဘုန်း…
ဘလော့ကို ဖုန်ခါလိုက်တာခင်ဗျ။ မှိုတက်နေတဲ့ ဒီဂျင်းဘောင်းဘီကို OSO နဲ့လျှော်မှ ရတော့ မယ်ထင်တယ်။
မင်္ဂလာပါခင်ဗျာ… ကျွန်တော်တို့ မတွေ့တာလဲကြာပြီ….။ ဟုတ်တယ်… :D
ရိုးသားကြိုးစား ကျွန်တော်အညာသား အပျင်းတအားကြီးနေတော့ ဘလော့ပေါ်မှာ ပေါ်လိုက် ပျောက်လိုက်နဲ့ပေါ့။ ကိုယ့်အိမ်ကို လာလည်တဲ့သူတိုင်း ဧည့်ဝတ်မကျေခဲ့တာလဲ ကြာပြီဗျာ..။ Intro ပြန်ဝင်တဲ့အနေနဲ့ ကျွန်တော်ဖတ်ဘူး၊ ကြုံဘူးတဲ့ ဟာသလေးတွေနဲ့ ဧည့်ခံပါရစေ။

ဘာမီတွန်

ဆိုင်ရှေ့တွင် ခေါင်းကုတ်ကာ အူလည်လည်ဖြစ်နေသော ကလေးတစ်ယောက်ကိုတွေ့တော့ ဆိုင်ရှင်က
ဆိုင်ရှင်။ ။ ဟဲ့…ကလေး
ကလေး။ ။ ခင်ဗျာ…
ဆိုင်ရှင်။ ။ ဘာဝယ်မလို့လဲ… ပြောလေ ဦးဦးကို
ကလေး။ ။ အမေက ဆေးဝယ်ခိုင်းလိုက်တာ.. အဲဒါ ဆေးနာမည်မေ့နေလို့ပါ ဦးဦး
ဆိုင်ရှင်။ ။ သေချာစဉ်းစားပါအုံး ကလေးရဲ့…
ကလေး။ ။ သြော်… မီတွန်…. မီတွန်.. ဟုတ်တယ် ဦးဦး… မီတွန် ဆိုတာတော့ ပါတယ်။ ဒါပေမယ့် ဘာမီတွန် မှန်းမသိဘူး ဦးဦးရ။


လူမိုက်

မော်စကိုမြို့ပတ်ရထား တစ်စီးပေါ်တွင်
`ယခုဆိုက်ကပ်နေတဲ့ဘူတာကတော့ `မြို့လည်ရင်ပြင်´ ဖြစ်ပါတယ်။ သတိ မီးရထားတံခါးများ ပိတ်ပါတော့မယ်ခင်ဗျာ.. နောက် ဆိုက်ကပ်မဲ့ဘူတာကတော့ …´
ထိုအခိုက် ယာဉ်မောင်းခန်းအတွင်းသို့ လူမိုက်တစ်ယောက်ဝင်လာပြီး မီးရထားမောင်းသူ၏ လည်ပင်းကို ဓားဖြင့်ထောက်ကာ.. `စိန့်ပီတာစဘတ်မြို့ ကိုမောင်းစမ်း´ ဟု ခြိမ်းခြောက် လေသည်။
ယာဉ်မောင်း။ ။ အကို မှားနေပြီခင်ဗျ.. ကျွန်တော်တို့က မော်စကိုမြို့ပတ်ရထားပါ…
လူမိုက်။ ။ မရဘူးကွာ.. ရောက်အောင်မောင်း…
ယာဉ်မောင်း။ ။ မရောက်ပါဘူးခင်ဗျာ.. ကျွန်တော်တို့က မြို့ပတ်ရထားပါ.. စိန့်ပီတာစဘတ် မြို့ကို မောင်းဘို့ ဘယ်လိုမှ မဖြစ်နိုင်ပါဘူးခင်ဗျာ..
လူမိုက်။ ။ လျှာမရှည်နဲ့… သေသွားချင်လို့လား.. ငါ `စိန့်ပီတာစဘတ်´ ကိုသွားချင်တယ်.. ရောက်အောင်မောင်းကွာ.. ဒါပဲ.. ဘာဆင်ခြေမှ ပေးဘို့မစဉ်းစားနဲ့.. စကားသံထွက်လာရင် ငါ့ဓားက မင်းလည်ပင်းကို ထုတ်ချင်းပေါက်သွားလိမ့်မယ်..
ဘယ်လိုမှ ပြောလို့မရတော့တဲ့အဆုံး… မီးရထားမောင်းသူမှ
`ယခုဆိုက်ကပ်နေတဲ့ဘူတာကတော့ `မြို့လည်ရင်ပြင်´ ဖြစ်ပါတယ်။ သတိ မီးရထားတံခါး များပိတ်ပါတော့မယ်ခင်ဗျာ… နောက်ဆိုက်ကပ်မဲ့ဘူတာကတော့ `စိန့်ပီတာစဘတ်မြို့´ ဖြစ်ပါတယ်။´
နောက်ဘူတာကိုရောက်တော့ `ယခု ဆိုက်ကပ်နေတဲ့ဘူတာကတော့ `စိန့်ပီတာစဘတ်မြို့´ ဖြစ်ပါတယ်´ ဟုကြေငြာပြီး.. တံခါးဖွင့်ပေးလိုက်တော့… လူမိုက်က `အေး.. အဲလိုပဲဖြစ်ရ မှာပေါ့´ ဟုဆိုကာ… ရထားပေါ်မှ ဆင်းသွားလေတော့သည်။


မေ့တတ်လို့ပါ

မင်းသား။ ။ ဖြစ်ပါ့မလားဆရာ.. ကျွန်တော်က မင်းသမီးနဲ့တွေ့ရင် ပြောရမယ့်စကားတွေ အကုန်မေ့သွားတတ်တယ်ဗျ။
ဇာတ်ဆရာ။ ။ ဖြစ်ပါတယ်ကွ.. တစ်ကယ်လို့ မင်းသမီးနဲ့တွေ့တဲ့အခါ မင်းပြောရမယ့်စကားတွေ မေ့သွားခဲ့ရင် ကားလိပ်နားကို ကပ်ခဲ့.. ငါ တိုးတိုးလေး လှမ်းထောက်ပေးမယ်..´
မင်းသား။ ။ ဟုတ်.. ဟုတ်ကဲ့ဆရာ…
သို့နှင့် ပြဇာတ်တစ်ဝက်လောက် မင်းသားနဲ့မင်းသမီးနဲ့ ၂ ယောက်ရင်ဆိုင်တွေ့သော အခန်းတွင်..
မင်းသား။ ။ ဟားဟားဟားဟား… ဟားဟား… ဟားဟားဟား… ဒီမှာ မိခွါညို…´ ဟု အစပျိုးပြီး.. ပြောရမယ့်စကားကို စဉ်းစားတော့ တစ်လုံးမှထွက်မလာ… ။ သို့နှင့် မင်းသမီးကို လက်ညှိုးထိုးပြီး `ဟဲဟဲဟဲဟဲ.. ဟဲဟဲ.. ဟဲဟဲ… ခွါညို… ခွါညို…´ ထင်ထားသည့်အတိုင်း မင်းသားခမျာ ဘယ်ကစလို့ ဘာပြောရမှန်းမသိတော့ ရယ်သာ ရယ်နေတော့သည်။ ပရိတ်သတ်ကလည်း ဘာတွေဆက်ဖြစ်လာမလဲ ထင်ကြေးအမျိုးမျိုးဖြင့် စိတ်ဝင်တစား စောင့်ကြည့်နေကြလေသည်။ ဒီအတိုင်းဆက်သွားနေ၍မဖြစ်တော့.. ပြဇာတ်ပျက်သွားမှာ စိုးရိမ်ရသည်။ ဇာတ်ဆရာမှာထားသည့်အတိုင်း… ကားလိပ်နောက်နားသို့ ဆုတ်သွားလိုက်သည်။ ကားလိပ်နောက်ထဲမှ ဇာတ်ဆရာက… `နောက်ကိုသိပ်မဆုတ်နဲ့.. ကား(ကားလိပ်) ပြဲသွားမယ်..´ ဟုပြောလိုက်ရာ.. မင်းသားက ရှေ့သို့ ၂ လှမ်း ၃ လှမ်းခန့် ပြန်တိုးလိုက်ပြီး ပြောချလိုက်ပုံက…
မင်းသား။ ။ ဟားဟားဟားဟား.. ဒီမှာ မိခွါညို… နောက်ကိုသိပ်မဆုတ်နဲ့.. ကားပြဲသွားမယ်…´


This entry was posted on Sunday, February 15, 2009 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

6 ယောက်ရဲ့အမြင်

အိုး..မိုင်..ဗုဒ္ဓ.. ခင်ဗျား သက်ရှိထင်ရှား ရှိနေသေးတယ် ဆိုပါတော့လေ ...
ကျုပ်က သေပြီမှတ်နေတာ ။ သပိတ်သွတ်တော့မလို့
အဟေးဟေး :P

ကျွန်တော်တို့ မတွေ့ရတာလည်းကြာပြီ... ကိုယ့်လူ ပြန်ပေါ်လာပြီကို... ကိုရင်ညိန်းပြောသလိုတော့ မပြောရက်ပါဘူးဗျာ... ကျုပ်က မရှိတော့ဘူးလို့ကို ထင်နေတာ... :P :D

ငါ့မောင်လေး ပေါ်လာသေးတယ်ပေါ့နော် ဟီးဟီး

ကျမ-က ဟိုတုံးကတည်းက လာလည်ပါတယ်ရှင်--
ဒါပေမယ့်အညာသားလေးက မာနကြီးတယ်--လို့
ကျမက ကိုရင်ညိန်းကိုပြောပြတော့--
မာနမကြီးပါဘူးတဲ့သဘောကောင်းပါတယ်တဲ့--
သူကမအားတာများတယ်တဲ့--
ထပ်လာလည်ပြီနော်--
ရေးထားတဲ့စာတွေဖတ်သွားပါတယ်--
ကောင်းတယ်--

Idea လေးကတေ့ကြိုက်တယ်ဗျာ....။နောက်လဲလုပ်ပါအုံး...။

ကြိက်တယ်ဗျာစာသားကို