"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ငါအိုသွားတဲ့အခါ  

စာရေးသူ >> အညာသား

ဆောင်းပါးလေးနှင့်သတိပေးလိုပါသည်။
“ငါအိုသွားတဲ့အခါ”
ငါအိုသွားတဲ့အခါ၊ ငါဟာ အရင်ကငါမဟုတ်တော့ဘူး။ ငါ့ကိုနားလည်ပေးပါ၊ စိတ်ရှည်ရှည်ထားပြီးဆက်ဆံပေးပါ။ ချိနဲ့တုန်ရီနေတဲ့လက်တွေနဲ့ ထမင်း၊ ဟင်းတွေကို အကျီပေါ်မတော်တဆ ဖိတ်ကြမိတဲ့အခါ ထမင်လုံးတွေ၊ ဟင်း ရည်တွေကို ငါ့ပါးစပ်ပေါက်ထဲ တည့်တည့်မတ်မတ်ရောက်အောင်မသွင်းနိုင် လို့ ငါ့နှုတ်ခမ်းမှာ သွားရည်တွေနဲ့ ပေကျန်သွားတဲ့အခါ၊ ငါ့ကိုမရွံကြပါနဲ့၊ ငယ်ငယ်တုန်းက မင်းကို ငါ့ရဲ့ပါးစပ်နဲ့ ထမင်းဝါးပြီး ခွံ့ကြွေးခဲ့တာကို ပြန်သ တိရကြည့်ပေးပါ။
ပွဲလမ်းသဘင်မှာ၊ လူများသူများရှေ့မှာ စတိုင်မကြ၊ ပုဝါမနိုင်၊ လုံချည်မခိုင် ပဲ အ၀တ်အစားဘိုသီဘတ်သီ ဖြစ်နေခဲ့ရင် ရှက်ပြီး ငါ့ကို မအော်ငေါက်ကြ ပါနဲ့၊ ငယ်ငယ်တုန်းက မင်းကိုငါ သနပ်ခါးလူးပေးပြီး ပါးနှစ်ဘက်ကို မွှေးမွှေး ပေးခဲ့တာကို ပြန်အောက်မေ့ကြည့်ပါ။ အက်ကြောင်းထက်မက ပြောခဲ့ဘူး တဲ့စကားတွေကို ငါပြန်ပြောမိတဲ့အခါ၊ နားပူလှချည်ရဲ့ဆိုပြီး စကားမဖြတ်ပဲ ကျေးဇူးပြုပြီး ဆုံးအောင်နားထောင်ပေးပါ။ ငယ်ငယ်တုန်းက ညအိပ်ယာဝင် တိုင်း တစ်ထောင့်တစ်ညပုံပြင်တွေကို မင်းနားထောင်ချင်လှပါချည်ရဲ့ ဆိုလို့ ပါးစပ်က အမြှုပ်ထွက်လုမတတ် ခေါက်ရိုးကြေအောင်ပြောရင်း ချော့သိပ်ခဲ့ ဘူးတာတွေကို ပြန်သတိရလိုက်ပါ။
မလှုပ်မရှားနိုင်တော့လို့ ကိုယ်လက်သုတ်သင်ဘို့ ငါအကူအညီလိုတဲ့အခါ ငါ့ ကိုမညူဆူကြပါနဲ့၊ ငယ်ငယ်တုန်းက မင်းရဲ့အညစ်အကြေးတွေကို သီချင်း တအေးအေးနဲ့ မရွံမရှာ သုတ်သင်ဆေးကြောပေးခဲ့တာတွေကို ပြန်သတိရ ကြည့်လိုက်ပါ။ ခေတ်သစ်၊ နည်းပညာသစ်၊ ပညာရေးစနစ်တွေကို ငါမသိ နားမလည်ခဲ့ရင် ငါ့ကို မလှောင်ကြပါနဲ့၊ မင်းငယ်ငယ်တုန်းက “အဲဒါဘာကြီး တုန်း၊ အဲဒါဘာလဲ၊ ဘာကြောင့်လဲ” လို့ မင်းကတဂျီဂျီမေးတိုင်း စိတ်ရှည် ရှည်နဲ့ ငါပြန်ဖြေပြီး သင်ကြားပေးခဲ့တာတွေကို ပြန်သတိရကြည့်လိုက်ပါ။
စိတ်သွားတိုင်းကိုယ်မပါတော့လို့ နွမ်းလျပြီး၊ လမ်းမလျှောက်နိုင်တော့တဲ့ အခါ ခွန်အားပါတဲ့လက်တစ်စုံနဲ့ ငါ့ကိုကူတွဲပေးပါ၊ လမ်းလျှောက်သင်စအ ရွယ်တုန်းက မင်းကိုငါ တစ်လှမ်းချင်း လမ်းလျှောက်လေ့ကျင့်ပေးခဲ့တာကို ပြန်မြင်ယောင်ကြည့်ပေးပါ။ စကားတွေကို တဗျစ်တောက်တောက်နဲ့ပြော ရင်း ရှေ့နောက်မညီပဲ ပြောပြီးသားစကားတွေကို ငါမေ့သွားတဲ့အခါ အချိန် ယူပြီး စဉ်းစားခွင့်ပေးပါ၊ စကားအကြောင်းအရာတွေက ငါ့အတွက်အရေးမ ကြီးပါဘူး၊ ဘေးကနေ ငါပြောသမျှကို နားထောင်ပေးရင်ပဲ ကြေနပ်လှပါပြီ။
တစ်နေ့ထက်တစ်နေ့ အိုစာသွားတဲ့အခါ၊ ငါ့ကိုကြည့်ပြီးဝမ်းမနည်းကြပါနဲ့။ နားလည်ပေးပါ၊ အားပေးပါ၊ အရင်တုန်းက လူ့ဘ၀တက်လမ်းအတွက် မင်း ကိုငါ လမ်းညွှန်ပေးခဲ့သလို အခုအချိန်မှာ ငါ့ဘ၀ရဲ့နောက်ဆုံးအချိန်တွေအ တွက် အဖော်အဖြစ် အနားမှာနေပေးပါ။ ချစ်ခြင်းမေတ္တာရဲ့ အေးမြမှုတွေကို ငါပြုံးပြုံးလေးလက်ခံမှာပါ။ အဲဒီအပြုံးတွေထဲမှာ မဆုံးနိုင်တဲ့ငါ့မေတ္တာတွေ ကို မင်း တွေ့ရမှာပါ။

“အိုမင်းရင့်ရော်နေတဲ့ မိဘများကို စိတ်ရှည်နိုင်ကြပါစေ။”
“မနိုင်းနိုင်းစနေ” ဘာသာပြန်ဆိုသည်။

This entry was posted on Tuesday, March 11, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 ယောက်ရဲ့အမြင်

I read it before at nineninesanay blog.