နတ်သျှင်နောင် လို ကလောင်စွမ်းထက်သူလဲ မဟုတ်ပါဘူး။
မင်းတုန်းမင်းကြီး လို မိဘုရားတွေအများကြီးထားနိုင်တဲ့အရည်အချင်းလဲ မရှိပါဘူး။
မင်းရဲကျော်စွာ လို ငယ်ငယ်ရွယ်ရွယ်နဲ့ ရဲစွမ်းသတ္တိရှိသူလဲ မဟုတ်ပါဘူး။
ဝေသန္တရာ လို အလှူအတန်းရက်ရောသူလဲ မဟုတ်ပါဘူး။
ဒါပေမယ့်… ချစ်တတ်သူတွေကို စာရင်းပြုစုလို့ အဆင့်သတ်မှတ်ပေးမယ် ဆိုရင်တော့၊ ချစ်သူအတွက်ဆိုရင် အသက်ကိုပဓာနမထား၊ သူ့ရဲ့ဦးခေါင်း(၁၀)လုံးကို စွပ်ပြုတ် ပြုတ်သောက်ရဲတဲ့ ကိုဒဿကြီးပြီးရင် ကျွန်တော်ပဲ ဖြစ်လိမ့်မယ်…။ ။

This entry was posted
on Tuesday, March 11, 2008
and is filed under
ဟိုရေးဒီရေး
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
2 ယောက်ရဲ့အမြင်