Love Clock
2008
ဆော့ဖ်ဝဲ တစ်ခုပြောမလို့။
အထိမ်းအမှတ် နေ့လေး၊ အချိန်လေးတွေ အတွက်ပါ။ မှတ်ထားချင်တဲ့ မိနစ်၊ နာရီ၊ ရက်၊ လ၊ နှစ်တွေကိုအတိအကျတွက်ချက်ပေးမယ့် ဆော့ဖ်ဝဲလေးပါ။ မသိသေး/အသုံးမပြုဘူးသေးတဲ့ မိတ်ဆွေများအတွက် မျှဝေပါရစေ။ ပေါ့ပေါ့ပါးပါးလေးပါ ( 1 Mb တောင်မရှိဘူး)။
၁။ Double Click လုပ်လိုက်တာနဲ့ ဆော့ဖ်ဝဲ Run တဲ့အဆင့်ပြီးပြီဗျ။
၂။ System Tray ထဲက အနီရောင် အသဲပုံလေးရဲ့ R-Click > Setting ကိုသွားပါ။
၃။ Start Date မှာ မိတ်ဆွေမှတ်လိုတဲ့ ရက်၊ လ၊ နှစ် ကိုရွေးပါ၊ Start Time မှာ အချိန်ကိုရွေးပါ၊။ ပြီးတော့
It has been … ရဲ့အောက်မှာ ခင်ဗျားမှတ်ချင်တဲ့ စာသားလေးထည့်ပြီး OK ပေးလိုက်တာ နဲ့ အားလုံး ပြီးသွားပြီဗျ။ အသဲပုံလေးကို တစ်ချက် ကလစ်လိုက်တာနဲ့ ခင်ဗျားသိချင်တဲ့ အချိန်၊ ရက်၊ လ၊ နှစ်တွေကို ဒီ Software လေးက ပြောပြပါလိမ့်မယ်။
၎။ Run Love Clock at start up မှာ Check ပေးထားရင်တော့ ခင်ဗျား ကွန်ပျူတာဖွင့် လိုက်တာနဲ့ အနီရောင် အသဲပုံလေးက ကြိုဆိုပါလိမ့်မယ်။
0 ယောက်ရဲ့အမြင်