"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

အို...မောင်တို့  

စာရေးသူ >> အညာသား
June 07,
2008

စမ်းရေသံက အလွမ်းဖြေရန်
ကဗျာလေးတင်ထားသလို

ကျနော်နဲ့ အတင်းရန်ဖြစ်တဲ့

မင်းကျန်စစ်ရဲ့ မလှမပကမ္ဘာမှာတော့

သာဓုခေါ်ဘို့ မောင်းတီးနေလေရဲ့။

BlackDream က (တာဝန်)မပျက်မယွင်းပဲ

ရုရှားကလပ်ကို အပြတ်အသားနှပ်ကာ

အနိုင်ရရှိကြောင်း သတင်းကောင်း..။

အကျောမခံနိုင်တဲ့ စောမဏ္ဍိုင် ကတော့

သတင်းမကောင်းတဲ့ မင်းအကြောင်းကိုတွေးနေပြီး

ပြောင်လွန်းတဲ့ နောင်ထွန်းကတော့

အပြာရောင်ကို ဘာလချောင်(ကြော်) လိုကြိုက်သတဲ့။

အမြတ်ဘ၀င်ထောင်တဲ့ နတ်သျှင်နောင်ရဲ့

စာတွေကိုတော့ မဖတ်ချင်ပေါင်။

ဖြိုးငယ်ကလဲ အဖိုးတကယ်မဖြတ်နိုင်တဲ့

ချစ်သူ့ Birthday ကျင်းပပေးတယ်။

ကလောင်ပိုင်တဲ့ မောင်နိုင်က

အလျဉ်းဆိုးတဲ့ Window ပြဿနာရှင်းနေပြီး

အကြံထူးတဲ့ ၀ဿန်ဦးက

မြေမှာဟစ်ကြွေးကာ

အမေကဗျာအသစ်လေး တင်ထားတယ်။

အတင်းညှော်တဲ့ (ကို)၀င်းဇော်က

ကမ္ဘာ့ပတ်ဝန်းကျင်ကို အလှမပြတ်မယွင်းအောင် ထိန်းသိမ်းနေသူပါ။

အဇ္ဈတ္တပြခန်း က အလွမ်းတွေစာဖွဲ့

ကဗျာနဲ့သက်သေတည်ကာ မျက်ရည်ကြည်တွေကျနေရဲ့။

ဖိုရင်ထိန်းရမယ့် ကိုရင်ညိန်းက

အမြတ်ပြေအေး သက်ရှည်ဆေးတွေကြွေးနေတယ်။

ဗိုလ်တစ်ထောင်းသားက အချိုအချောင်တွေစားပြီး
ဂိုထောင်ကြားမှာ သူ့ဘလော့ကိုပစ်ထားတယ်။

အချိုရောင်းချင်တဲ့ ကိုကောင်းကင်က

စာမေးပွဲနဲ့နပန်းလုံးနေသဗျ။

ကြိုင်သင်းဘေးဖြာ မဒိုင်ကျင်းကျေးရွာမှ

မပြုမပြင်ကြောင်လိုချောတဲ့ ဘုတလင်မောင်ညိုချောက

မွေးမေမေအတွက် ၀မ်းမြောက်ဖွယ်စကား။

အပျိုကညာများဆွေးတဲ့ ကိုရွာသားလေးကတော့

အိပ်နေတုန်းပဲဗျ။

အလွမ်းတွေ စမ်းရေလိုစီးနေတဲ့ လွမ်းစေကြီးက

အသစ်ထွင်ကာ အချစ်ဝင်္ကပါကို ပတ်နေတယ်။

အပိုမပါတဲ့ ဂျိုကာက

ဝေးနေပူဆွေး ချစ်သူလေးကို

ပြန်လာပါ အဖန်တရာခေါ်နေသဗျာ။

အတွေးမှတ်စု မနှေးဖတ်ရှုချင်ရင်တော့

မီးပြတိုက် ဆီကိုသွားကြလော့…။

တစ်ချိန်တုန်းကအမှတ်တရတွေ ကတော့

မသိခြင်း…မသိခြင်း တွေပဲရှိတယ်။

အပျိုများရှိုးတဲ့ ကိုသားစိုး ကတော့

ရွှေအိုးထမ်းကိန်းမြင်တယ်ဗျ။

ဂစ်တာနဲ့ဂီတ..မပီမသဖြည်ချကာ

freshup ကတော့ ထက်မြက်နေမြဲ။

အပျော်တက်မက်တဲ့ (ကို)ကျော်သက်လက် က

အလှတရားကို ကမ္ဘာ့ဖလားလို တန်ဘိုးထားတဲ့သူပါ။

တိမ်တစ်ဘက်အစွန်မှ အိမ်မက်အလွန်ကတော့

အမြတ်ကြီးတဲ့ နတ်သမီးကို မပြတ်ညည်းနေတဲ့သူပေါ့။

ချောင်တိုးတဲ့ မောင်မျိုး ရဲ့ရင်ထဲမှ

အသဲတစ်စုံက ထွက်ပေါက်မဲ့နေတယ် ဆိုပဲ။

ဗြုတ်စဗြင်းတောင်း မောင်မောင်ဇောင်း က

စောဒကအထာနဲ့ ရောသမကဗျာရေးထားပြီး

အတွဲညီတဲ့ သရဲနီ တွေကတော့

ပန်းတိုင်ဆီ အလှမ်းပြိုင်ညီ ချီတက်နေဆဲ။

လူမမယ်သေးတဲ့ ညီမလေးအတွက်

ညိမ်းညို က ကဗျာတစ်ပုဒ်တင်ထားသဗျ။

လွမ်းတာကို ကျမ်းစာလို သမုတ်

မဟုတ်မဟတ်တွေရေးထားသူက ကိုချီရွန်

အပျိုဆိုးမမက်တဲ့ ကိုစိုးထက် နဲ့

ရစ်မူးနေတဲ့ တင့်ထူးရွှေ တို့ကတော့

ဘလော့ပိတ်သွားကြောင်းပါ ခင်ဗျာ...။ ။

မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုသော ဆန္ဒမပါရှိပါ။ ကျနော့်ပို့စ်တွင် စာဖတ် ပရိတ်သတ်အား စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်စေသော စကားများ၊ ရိုင်းပျ သောစာသားများ ပါဝင်ခဲ့လျှင် အနူးညွတ်တောင်းပန်အပ်ပါသည်။ ခင်မင်မှုကိုသာ အဓိ ကထား၍ ရေးခြင်းဖြစ်ပါသည်။ ဘလော့ဂါညီအစ်မများအတွက် ရေးသားနေဆဲဖြစ်သဖြင့် ဆက်ရန်ရှိပါသေးသည်။

This entry was posted on Saturday, June 07, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

13 ယောက်ရဲ့အမြင်

ဟားဟား။ အညာသား ကတော့ လုပ်ချလိုက်ပြန်ပြီ။ ရယ်ရတာ အူတွေကို နာနေတာပဲ. အမြတ်ကတော့ ဟုတ်ပါပြီ. ဘ၀င်ထောင်တယ်ဆိုတာ ဘာလဲကွ. ခင်ဗျားကတော့ဗျာ. :D မှတ်ထားလိုက်ဦး. တွေ့မယ်. ငှဲငှဲ.

Anonymous  

ဟေးး ဂလိုလည်းရတယ်လား ၇ယ်နေရတာ အရမ်းပဲ ကောင်းတယ် ကောင်းတယ်ချ စိတ်ဆိုးကြမှာမဟုတ်ပါဘူးဗျ ချောင်မတိုးရသေးပါဘူးဗျာ အခုမှကြံတုန်းရှိပါသေးတယ် ဒင်းလုပ်တာနဲ့ သိကုန်ပြီး မတိုးတော့ဘူး ထွက်ပေါက်ပဲတွေ့ အောင်ရှာတော့မယ်း)

ကဲ.... အပျိုတွေ မယိမ်းတဲ့ ကိုဗိုလ်ဟိန်းရေ ....
ဟဲ .. ဟဲ သူ့လိုပဲ ပြောကြည့်တာ ... ဘယ်ရမလဲ ...
ဟဲဟဲ ...

ဟားဟားဟား....ကောင်းပကောင်းပဆက်သာရေးအညာ
သားရေ။ချစ်ခင်မှု့သင်္ကေတပေါ့ဗျာ...

Anonymous  

ကောင်းတယ်ဗျာ...... မိုက်တယ်။
အတွေးကော အရေးပါ ကြိုက်၏။
ဆက်ချဗျာ..... စောင့်ဖတ်မယ်။
နေမကောင်းတဲ့ ကြားထဲ ရီချင်လို့ လာဖတ်တယ်ဗျာ။

ဆြာဟိန်းကြီး ခင်ညားကြီးနော် အဟက်ဟက်
စိတ်မချိုးပါဘူးဗျာ ခင်မင်မှုသင်္ကေတပေါ့ဗျာ
အခုရော ကျောင်းကပွဲတွေမှာ သီချင်းတွေဘာတွေ တက်ဟဲဖြစ်သေးလားဗျ :P ပျော်ရွှင်ပါစေခင်ဗျာ :) :)

Republic ကိုကျတော့မခေါ်ဘူး.. အဟီး၊ ပျော်ရွှင်ပါစေဗျာ

အကုန်သိမ်းတဲ့ ကိုဗိုလ်ဟိန်းလိုတော့ ၀ဿန်ဦးက အကြံမထူးပါဘူးဗျာ။ :P

ဒီလိုကျလည်း အဟုတ်သားပေပဲ..
ဖတ်လို့ကောင်းသဟ

ကဗျာလေးက ကောင်းတယ်ဗျို့... နောက်လာမယ့် ကဗျာတွေကို မျှော်နေပါတယ်....:D :D

နာမပါဘူးပေါ့....ရဘူး..နာ့လည်းရေးပေး..
သူတို့ကျတော့ရေးတယ် နာတော့မပါဘူးအဟင့်..ဘာလချောင်ကြော်ကြိုက်တဲ့ နောင်ထွန်းတော့ပါပီးတော့ အသေလန်းတဲ့ ပေခရမ်းတော့မပါဘူး အဟင့်...
ရေးပေးဒါပဲ..
ဂလောက်
ဒါနဲ့
နင့်ကဗျာသိပ်ကောင်းတာပဲ ပြောဖို့ကျန်သွားလို့
ထပ် ...ဂလောက်

ပြန်ဖွင့်ပြီဗျ ... :)

Anonymous  

ကိုရင်တောသားကြီးရေ
မိုက်တယ်ဗျာ ကြိုက်တယ်ဗျို့ :)