ရင်ဆို့တယ်
မင်းစကားသံကြားရတာ
ဒါနဲ့များတောင်မှ
“ကိုယ်စိုက်ပျိုးသလောက်
ရိတ်သိမ်းရတယ်” တဲ့
စကားပုံအမှားကြီး
ငါစိုက်ပျိုးခဲ့တာ
(၁၅၀၀)ဧကတစ်ခုလုံး
ထွန်ယက်ကြဲခဲ့ရတဲ့ မေတ္တာတရားတွေ
ဖျန်းပက်ခဲ့ရတဲ့ နှလုံးသွေးတွေ
ကွင်းပြင်တစ်ခုလုံး စွေးစွေးနီလို့
တကယ်ရိတ်သိမ်းခဲ့ရတာ
တစ်ပင်တည်းပါကွယ်
“အချစ်ရေ...” တဲ့
ငါ့ရင်ခွင်တစ်ခုလုံး
မိုးသားတွေအုံ့မှိုင်း
မုန်တိုင်းထန်စေတဲ့ စကားလုံးပါပဲ
ရင်နာတယ်
မြတ်မြတ်နိုးနိုးပေးဆပ်ခဲ့ရတဲ့မေတ္တာ
ထားရှိခဲ့တဲ့အကြင်နာတွေအတွက်
ရရှိလိုက်တာ
“အားနာလို့” တဲ့လား
မချစ်ပါနဲ့ကွယ်
အားနာပါးနာမင်းချစ်နေမယ့်အစား
ရက်ရက်စက်စက်ထားခဲ့တာမှ
ငါဖြေသာပါအုံးမယ်
သွားပါတော့ကွယ်
ငါ့မျက်ရည်စက်တွေ
မင်းအတွက်ထပ်မကျချင်ဘူး
မင်းဝဋ်လည်မှာစိုးတယ်...။ ။
“သူငယ်ချင်းရဲ့ခံစားချက်လေးက ဒီကဗျာလေးဖြစ်သွားခဲ့တယ်”
This entry was posted
on Wednesday, July 02, 2008
and is filed under
ကဗျာ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
14 ယောက်ရဲ့အမြင်