"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

သုံးသပ်ခြင်း  

စာရေးသူ >> အညာသား


ဒီနေ့မနက် စောစောနိုးနေတယ်။
ဘာဖြစ်လို့စောစောနိုးနေတာလဲလို့ စဉ်းစားမိလိုက်တော့
သြော်… သိပြီ.. “အိပ်ရေးဝလို့ပေါ့”။
ဘာလို့အိပ်ရေးဝတာလဲလို့ ထပ်ပြီးစဉ်းစားမိလိုက်တော့..
“စောစောအိပ်လို့ပေါ့” ။
ဘာဖြစ်လို့ စောစောအိပ်ဖြစ်နေတာလဲလို့ စဉ်းစားမိလိုက်ပြန်တော့
“ဘာမှမလုပ်ဖြစ်လို့ပေါ့” ။
အင်း … ဘာဖြစ်လို့ ဘာမှ မလုပ်ဖြစ်တာလဲလို့ မေးရင်တော့
အဖြေက “ဘာလုပ်ရင် ကောင်းမလဲလို့ ဦးနှောက်ကို အလုပ်မပေးလို့ပေါ့”
ဦးနှောက်ကို ဘာလို့ အလုပ်မပေးလဲဆိုပြန်တော့….
“ပျင်းလို့ပေါ့” ။
ထို့ကြောင့် စောစောနိုးသော သူများသည် ပျင်းသောသူ (ငပျင်း)များ ဖြစ်ကြသည်။
razz biggrin surprised lol mrgreen wink

This entry was posted on Saturday, August 09, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

15 ယောက်ရဲ့အမြင်

ဟေး .. ပျော်တယ် ပျော်တယ် .. သွန်းသွန်းတို့က အမြဲအိပ်ရာထနောက်ကျတာ .. အမေ့ကို ပြန်ပြောဖို့ စကားရပြီ.. ဟီး ။

ဟိ.. နံနက်စောစောတော့ ထတယ်.. အလုပ်သွားနေရလို့ဗျို့.. ပျင်းချင်လိုက်တာ..

မနက်တိုင်း ၁၀ နာရီက အစောဆုံးပါပဲ...
ဆင်ခြေပေးဖို့ စကားလုံးလှလှလေးတွေ အတွက် ကျေးဇူးတင်တယ်...
ဝင်းဇော်

ဟိဟိ... မာမီကို ဆင်ခြေပေးဖို့စကားလုံးတွေရပြီ..
AIT မှာအစောဆုံးက ၁၀နာရီပဲ...

ဘာမှ မပြောလိုတော့... စောစောထဖို့ကလဲ တာဝန်လေးတွေ ရှိသေးသကိုး.... အဟတ်ဟတ်

ငါကတော့ မပျင်းဘူး... ဟီးးး...... ၁၂ လောက်မှ နိုးလို့ ...

ဟီးးးဟီးးး
အနော်က 8 နာရီမှ ထတယ်
တားတားက အပျင်းဝူးနော်....
ဦးဦး....
:P

ကိုယ်က Morning Person မဟုတ်လေတော့ ဒီပို့စ်ထဲက အကြောင်းအရာကို အရမ်းသဘောကျသွားပါတယ်။ နောင် သူများတွေကို ပြန်ပြောဖို့ အကြောင်းပြချက် ရသွားလို့ ကျေးဇူးပဲ မောင်လေးရေ...း))

သိနေတယ်လေ...ကိုအညာသားလေးရဲ့..အပြောကို
မခံဘူး ။ ပျင်းတယ်ဆိုပြီး ပြောမှာကြောက်လို့ တစ်ခါမှ စောစောမထဘူး ။ တော်တော် တွေးတတ်တဲ့လူ။ :D

ဟေး..ဆောင်းလဲ အပျင်း list မှာမပါပါ..တော်သေးတယ်

ဘာဘာ ဘာမှ မသိပါ.

တကယ်မှန်ပါတယ်။ ကျနော်လည်း စောစောနိုးလေ့ရှိတယ်။

မှန်တယ် .. မှန်တယ် .. သားသားဆို နေ့ခင်း
၃ နာရီ .. ၄နာရီလောက်မှ ထတာ .. ငပျင်း
ဟုတ်ဘူးနော်

အင်း..
မှတ်သားစရာတွေ များတယ် =)