"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ချစ်သူသိစေ  

စာရေးသူ >> အညာသား


ဘာကိုမှငါမလိုပါဘူးကွယ်
ကဗျာရယ် မင်းရယ်
ငါ့တဘ၀စာရှိမယ်ဆိုရင်ပေါ့
ငါဟာကဗျာတပုဒ်ဖြစ်တယ်
ချစ်သူရဲ့နှုတ်ခမ်းကလွဲရင်
ဘယ်အနမ်းကိုမှ ငါမလွမ်းဘူး
ချစ်သူရေ
ငါဆိုတဲ့ငါက
နင့်နှုတ်ခမ်းထက်မှာမှ
ရာရာစစ
ကြွေခချင်တဲ့နှင်းလေ
နင့်ရဲ့ခေါင်းတချက်အရမ်းမှာ
ပရမ်းပတာဘ၀ပျက်သွားမဲ့ငါပေါ့
`နင့်ကိုအရမ်းချစ်တယ်´
ဒီတစ်ခေတ်လုံးမှာ
ဘုရားဟောတာကလွဲရင်
အဲဒီစကားတခွန်းပဲငါယုံခဲ့ပါတယ်
နင်ပြောခဲ့တဲ့အဲဒီစကားနဲ့ပဲ
အရာရာကိုရင်ဆိုင်ရဲခဲ့ပါတယ်
ခုတော့လဲ
အချစ်ဆိုတာ
ချစ်နေခွင့်ရခြင်းလို့ ဘာသာပြန်ရင်း
နင်နဲ့ဝေးတဲ့ဘ၀မှာ
ငါနေသားတကျဖြစ်နေပါပြီ...။ ။

This entry was posted on Monday, October 20, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

12 ယောက်ရဲ့အမြင်

Anonymous  

ဒီကဗျာလေးကတော့ ကိုညာ့ ရင်တွင်းဖြစ်စစ်စစ်ပဲဖြစ်မယ် အောက်ဆုံးမှာ သူငယ်ချင်းတစ်ယောက်၏ ခံစားချက်ပါလို့ မပါတော့လို့း) ကောင်လေး ကွဲနေတာလား ..ရော့ပလာစတာကပ်လိုက်

ငါဆိုတဲ့ငါက
နင့်နှုတ်ခမ်းထက်မှာမှ
ရာရာစစ
ကြွေခချင်တဲ့နှင်းလေ

အရမ်းမိုက်တဲ့စာသားလေး ထိတယ် ၉ပေါက် :)

အလဲ လွမ်းပီးရင်းလွမ်းနေတပေါ့..
အဲဒီလို အချစ်မျိုးနဲ့ နင့်ချစ်သူဆိုတာကြီးနဲ့ရမှာပါ...
ဆက်လွမ်း အားပေးတယ် :P

လွမ်းတတ်လိုက်တာနော်း(

ဝူးးး ကြိုက်တယ်ဗျာ ကဗျာကတော့ ။ ရှယ်ပဲ ..။

ခေါင်းတချက်အရမ်းမှာ
ပရမ်းပတာဘ၀ပျက်သွားမဲ့ငါပေါ့

ဘုရားဟောတာကလွဲရင်
အဲဒီစကားတခွန်းပဲငါယုံခဲ့ပါတယ်

ရေလည်မိုက်တယ်ဗျာ ။ ခံစားနေရတယ် ထင်တယ် အစ်ကို
။ ဗောဓကာ နဲ့ ဖြေပါ။ :P

ပရမ်းပတာ ဘဝပျက်သွားပြီလား ဟိဟိ
ကဗျာက ဂျွိတ်တယ်ဟ
ငါတိတယ် ငါတိတယ် အဟိ

တကယ်ဟုတ်နေပါလား အညာသားရေ ...
ရေရေလည်လည်ကြွေတယ်ဗျာ ....
ဘာတဲ့ ...
ချစ်သူရဲ့နှုတ်ခမ်းကလွဲရင်
ဘယ်အနမ်းကိုမှ ငါမလွမ်းဘူး
ချစ်သူရေ
ငါဆိုတဲ့ငါက
နင့်နှုတ်ခမ်းထက်မှာမှ
ရာရာစစ
ကြွေခချင်တဲ့နှင်းလေ ...
ဆိုပဲ ...
အရမ်းလှတယ်ဗျာ

လူကြီးမင်းရဲ့ ကဗျာအတွက်လဲ ကျေးဇူးပါ ၊ အဟဲ ကွန်မန့်မှာရေးထားတာတွေ့လို့ ... ဒါနဲ့ တော်တော် နေသားကျနေပြီပေါ့ ...
ကဗျာလေးကောင်းတယ်ဗျ ၊ ခံစားချက်တွေ တူနေလို့လား မသိဘူး ... :P :P :P

အချစ်ဆိုတာ
ချစ်နေခွင့်ရခြင်း....တဲ့လား... မှတ်သားသွားပါသည်။

အားပါးပါးး ပိုးစိုးပက်စက် လွမ်းနေတဲ့ ကဗျာကို ပက်ပက်စက်စက်ကိုကြိုက်တယ်...ရက်ရက်စက်စက်ကို လန်းတယ်ကွာ....တော်တယ.် ငါ့အတိုင်းပဲး)

အစ်ကိုကဗျာတွေ အမြဲတမ်းလာဖတ်နေတဲ့သူ
တစ်ယောက်ပါအစ်ကို ဖြစ်နိုင်ရင် ကဗျာများများ
ရေးပါလား .... ညီကို အလွမ်းနဲ့ပတ်သက်ပြီး
ကဗျာလေးတစ်ပုဒ်လောက်ရေးပေးပါလားလို့
အစ်ကို ပရိတ်သတ်အနေနဲ့ တောင်းဆိုပါတယ်နော် .... ညီအိမ်ကိုလဲလာ
လည်ပါအုံးအကို .... အချိန်ရရင်ပေါ့
အစ်ကိုကဗျာတွေကို အမြဲတမ်းလာဖတ်သူ

လည်လည်ရောက်ပါတယ် အီညာသားရေ :P စီဘုံးက Copy & Paste လုပ်ပြီးစာရေးလို့မရဘူးနော် အဲဒါကြောင့်ဘာမှမပြောဖြစ်တာ :D

ဒီကဗျာမျိုးကို ရေးနိုင်တာ ဒို့ အညာသား တွေ ပဲ ဖြစ်မှာလို့  အစကတည်းက ထင်တော့ ထင်သား။ဒွေးလေး မစိန်မေသိရင် လွှတ်ဝမ်းသာမှာ ဗျာ။

မင်းဒင်