၂၃ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ လူ့လောကထဲသို့ ကျနော့်ကို မွေးဖွါးသန့်စင် ပေးလိုက်သော အနန္တဂိုဏ်းဝင်မိဘနှစ်ပါးအား ရှိသုံးခါခိုးရိုကျိုးပါ၏ (သောက်ပြီးရင် ကန်တော့ဘို့ မေ့သွားမှာစိုးလို့ :P) ။ မွေးနေ့ကို ပျော်ပျော်ပါးပါး ဆင်နွှဲဘို့ စိတ်ကူးယဉ်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် စိတ်ကူး အိမ်မက်တို့ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ကျနော့်စိတ်ကူးတွေ အကောင်အထည် ပေါ်တဲ့ နေ့ဟာ ဒီနေ့(ပထမဆုံးအကြိမ်) ပါပဲခင်ဗျာ။ ကျနော့်မွေးနေ့ကို လာရောက်အားပေး ကြတဲ့ ကိုကိုမမအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။
ကိုကိုမမများအတွက် မွေးနေ့အစီအစဉ်
စားကောင်းသောက်ဖွယ်များ
Happy Birthday
ညီတော်မောင် အချစ်တုံးလေး “မောင်ကျန်ရစ်”ရဲ့ ကျနော့်အတွက် မွေးနေ့လက်ဆောင်ပါ။
မင်းဘဝအချိန်တွေရဲ့ ငါးပုံတစ်ပုံကို
ငါနဲ့အတူ တလိမ့်ကောက်ကွေး စီးမျောခဲ့ကြပြီး
လက်မောင်းသွေးဖောက် သစ္စာရေမသောက်ပဲ
ညီအစ်ကိုတွေဖြစ်ခဲ့ကြတဲ့ မင်းနဲ့ငါ
ဘဝအစိတ်အပိုင်းတွေ အားလုံးထွင်းဖောက်လို့
အတ္တဆိုတာ တစ်ယောက်ရဲ့ကောင်းကျိုးတယောက် ဖြည့်ခြင်းပဲ။
ဝမ်းနည်းမှုဆွတ်ပျံတိုင်း ပျော်ရွှင်ခြင်းလွန့်လူးတိုင်း
တူတူစားသုံးခဲ့ကြတာ မေ့နိုင်စရာမှ မဟုတ်တာ။
မင်းမိသားစုရဲ့ မြင့်မိုရ်လို ထူမတ်ထားတဲ့မင်း
ငါ့အတွက် သူငယ်ချင်းလည်းဟုတ် အစ်ကိုဆိုလည်း ဟုတ်တယ်။
ဒီနေ့ဟာ မင်းဘဝလမ်းကြမ်းကြမ်းရဲ့
(၂၃) ဆိုတဲ့ မှတ်တိုင်တခုပေါ့…
ဒီနေ့ ဒီရက်မှစပြီး ကံကောင်းခြင်းတွေစီးနင်းရင်း
ပီတိတွေစားသုံးလို့ ပျော်ရွှင်ငြိမ်းချမ်းတဲ့
ကမ္ဘာတစ်ခု မင်းဖန်တီးနိုင်ပါစေ သူငယ်ချင်း။
ကျန်နေတဲ့ မင်းဘဝအပိုင်းအစတွေမှာ
ငါဆိုတဲ့ မင်းသူငယ်ချင်း မင်းညီတစ်ယောက်
ဘေးမှာအမြဲရှိနေတယ်ဆိုတာ ယုံပေးထားလိုက်တော့ကွာ။
မောင်နှမအရင်းပမာ ချစ်ခင်ရသော အစ်မတော် “အစိမ်းရောင်မိန်းကလေး” ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးပါ။
မောင်လေးသို့…
နှစ်ဆယ့်တစ် ဇွန်
အသက်တစ်နှစ်လွန်
အဟောင်းတွေ မေ့ထား
မောင်အညာသား...
ဘ၀ခရီး ရှေ့ဆက်
ဇွဲမာန်အပြည့်နဲ့
နှစ်ဆယ့်လေးအတွက် အားအင်ထည့်...
စိတ်နှလုံးသား ဖြူစင်ရှင်းစေ
ဘ၀ခရီး စမ်းလိုအေးစေ
ပညာဥာဏ်အသိ ဓားလိုထက်စေ
ရည်ရွယ်ချက်ထား ပန်းတိုင်ရောက်စေ
အမိကောင်းသား ပီသစေ...
မြတ်ဆန္ဒနဲ့ ဆုမွန်ခြွေ
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် တည်ပါစေ...
“ကျနော့်မွေးနေ့ကို လာရောက်အားပေးကြတဲ့ ကိုကိုမမများအားလုံးကို Record လုပ်ထားမှာဖြစ်ကြောင်း၊ ရှိစုမဲ့စုလေးနဲ့ မွေးနေ့ပွဲလုပ်လိုက်ရသဖြင့် အညာသား ဆီမှာ လုံချည်တစ်ထည်သာကျန်ပါတော့ကြောင်း၊ မွေးနေ့ပွဲပြီးတာနဲ့ ကိုကိုမမများ ဆီသို့ တစ်အိမ် တစ်ရက် လိုက်လံစားသောက်မှာဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်ခင်ညာ”
(ဓာတ်ပုံတစ်ချို့အား http://myanmarbamar.blogspot.com/ မှ ရယူပါသည်။)
This entry was posted
on Saturday, June 21, 2008
and is filed under
အမှတ်တရများ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
31 ယောက်ရဲ့အမြင်