"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

အို...မယ်တို့  

စာရေးသူ >> အညာသား

အမျိုးမျိုးပေတဲ့ ကိုးကိုးစနေ က
တင်ဇာမော်ကို အရင်အပါခေါ်ကာ

သိမ်းမြစ်ကိုပတ်နေပြီး

ကျက်သရေတိုးတဲ့ မမေမိုး က

အနုပညာကို အတုထွင်ကာ

အကောင်းမြင်နေသူပေါ့ဗျာ။

အတင်းအမြဲပြောတဲ့ ဂရင်းဂဲလ်ချော ရဲ့နာမည်ကတော့

အမြဲတစ်ကယ် “လဲလည်” တဲ့။

အသွင်ထူးနေတဲ့ ခင်ဦးမေ က

တိမ်ကွယ်ကာ အိမ်လည်ထွက်နေရဲ့။

ပန်းခရမ်းပြာ က ၀မ်းပန်းတသာနဲ့

နတ်မြင်းပျံကိုစီးပြီး ဘ၀င်နွေးအောင်

သမင်လေးတွေအကြောင်း တစ်စေ့တစ်စောင်း။


အလွမ်းတွေနဲ့ ပန်းခရေ က
စမ်းရေမှာ ပန်းအကြွေတွေငေး

အတွေးလေကာ မွေးဖေဖေကို တမ်းတနေရဲ့။

ဆူးလင်းသစ် ကတော့

ချစ်သောကမ္ဘာ သာယာလေအောင်

အလင်းရောင်ဖေးကူ ကြိုးစားနေသူပါ။

ရည်မွန် က နီယွန်တွေကြားမှာ

အရှုံးများကို နှလုံးသားမှာကဗျည်းထိုး

စောင်းကိုတီးကာ ကျောင်းအိုကြီးကိုလွမ်းနေသတဲ့။

မနောမြေကို အမောပြေလွမ်း

တမ်းတမှုတွေအတိ ဇနိ ကတော့ရိုးသားနေဆဲ။

အရှုပ်တွေလုပ်မိလို့ အလုပ်တွေရှုပ်

အကြောင်းဖန်ကာ တောင်းပန်နေသူက စမိုင်းလ်မေ

ဘလော့လောကကို ကျနော့သဘောဗျဆိုပြီး

စီဘောက်မှာ အတည်ပေါက်နဲ့လျှောက်ရေးနေသူတွေကို

ဖူးဖူး က အရူးအမူးတောင်းပန်နေသဗျ။

ကုသိုလ်ပြုယူ ရွာအလှူတွေဝယ်

ကွယ်ရင်အပြတ်တီးတတ်တဲ့ ကြယ်စင်နတ်သမီး က

နှလုံးသားဒိုင်ယာရီမှာ အရှုံးများမပိုင်ပါသည်ဆိုပေမယ့်

အလွမ်းပေါ်အလွမ်းတွေဆင့် ရင်နင့်နေသူပေါ့။

“စာမေးပွဲများနှင့်နပန်းလုံးနေသောကြောင့် ပို့စ်တင်တာနောက်ကျခြင်းကို မမ(မ)ရွှေချော များ ရွှေစိတ်တော်မညှိုးစေရန်အလို့ငှါ အနော်အညာသားလေးမှ တောင်းပန်အပ်ပါကြောင်း”

This entry was posted on Monday, June 16, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

10 ယောက်ရဲ့အမြင်

ကိုရွှေ အညာသား ရွှေဥာဏ်တော် ကွန့်မြူးလှချည်လား
မဇနိ

အို...မယ်တို့ ကဗျာကို စောင့်နေတာ၊ ကိုယ့်နာမည်မှ ပါ ပါ့မလားလို့ ရင်တထိတထိတ်နဲ့ ဖတ်ရတယ် :D ကျေးဇူးပါ အညာသားလေးရေ။

ကျေးဇူးနော်................
ကဗျာထဲမှာ ကိုယ့်အမည်ထည့်ပေးတာ...........
အရမ်းပျော်တာပဲ

တော်လိုက်တဲ့ အညာသားလေး ။ စာမေးပွဲကို အမှတ်အများဆုံးနဲ့အောင်ပါစေသော် ။ :D

အမယ်... တော်လိုက်တဲ့ ငါ့မောင်လေး...PHd ပါဆက်တက်ရပါစေ :P

မောင်လေးရေ ကဗျာလေးက မိုက်တယ်... ကိုယ့်နာမည်ပါလာတော့ ကျေးဇူးတင်ပါတယ်ရှင်...

အညာသားရယ် .. အပြောကြွယ်ပါဘိ...။

thank you. appreciated. congratulation's for your creation

မွေးနေ့မှာ ပျော်ရွှင်ပါစေ
အဖေအမေကို ချစ်တဲ့ သားလိမ္မာလေး
ဘဝတစ်လျှောက်လုံးကြီးပွားတိုးတက်ပါစေ
စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့
အများအကျိုး သယ်ပိုးနိုင်တဲ့ သူတစ်ယောက်
ဖြစ်ပါစေလို့....

Anonymous  

ဒီကဗျာလေးကတော့ မိုက်တယ်.. =)