"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ချီးယားစ်နဲ့ ရေစစ်  

စာရေးသူ >> အညာသား

နောင်တော်
ရေစစ်ယူခဲ့ကွာ…
ဆုံတွေ့မှုအတွက် ချီးယားစ်ကြရအောင်။

တို့ချီးယားစ်နဲ့ ရေစစ်
နာဂစ်ဝင်မွှေသလို တစစီကွဲ
အလွဲလွဲမို့ အတွဲခက်လှချည့် ညီတော်ရ။

တို့သောက်မယ့် ဒီဘရန်းမှာ
အရသာအပြင် စကားလုံးတွေပါ
ပါသေးတယ် နောင်တော်ရ
ဒါ့ကြောင့် ဘရန်းထဲက
ကသန်းကရမ်းစကားတွေပါ မသောက်မိအောင်
ဒီရေစစ်နဲ့ စစ်ချလိုက်မယ်..
တော်ရာမှာသာကျန်ခဲ့ရအောင်ပေါ့ကွာ။

နားလည်မှုချင်း ပေါင်းကူးထားတဲ့
ရင်ဘတ်နှစ်ခုထဲကို စကားလုံးတွေ မစစ်ထားတဲ့
ဘရန်းတွေ ဝင်ခဲ့ရင်တောင်
ကသန်းကရမ်းစကားတွေအစား
ဆက်လျှောက်မယ့်မှတ်တိုင်တွေဆီ
ညီရင်းအကိုတွေလို ပေးဆပ်နားလည်ခြင်းတွေနဲ့
မေတ္တာမယိုင်ပဲ တွဲလက်မြဲစွာတည်နေမယ့်
သစ္စာစကားတွေက နေရာယူကြမှာပါ ညီတော်ရေ..။ ။

ကဲ ! ချီးယားစ်...

ကျန်စစ် နှင့် အညာသား ချီးယားစ်မလုပ်ခင် ရေးဖွဲ့သည်။ razz

This entry was posted on Thursday, June 26, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

6 ယောက်ရဲ့အမြင်

စာမေးပွဲတွေ ပြီးပြီဆိုတော့ လုပ်ကြပြီပေါ့လေ

ကောင်း၏ ကောင်း၏

Anonymous  

ဒင်းတို့ ခေတ်ပဲ လူုပ်ထားကြပေါ့လေး) ရောယောင်ပြီးး ချားယီးး အဲလေ ချီးယားစ်လိုက်မယ် ။

ဘရန်းထဲက
ကသန်းကရမ်းစကားတွေပါ မသောက်မိအောင်
ဒီရေစစ်နဲ့ စစ်ချလိုက်မယ်..

ဘရန်းထဲမှာ
ကသန်းကရမ်းတွေစစ်
ဖလမ်းဖလမ်း ထစေတဲ့ talking
အရမ်းပတမ်း ခိုက်စေတဲ့ talking တွေကြောင့်
ဆော်ကြည်နေတာ ဖြစ်ရမယ် ။

သြော်....ချီးယားစ်..............
ချီးယားစ်စ်စ်စ်..............နိုင်လွန်းပ...
တော်တော် ဟုတ်နေကြတယ်ပေါ့လေ..
(ခင်လေးငယ်)

နာလည်း ၀င်ချီးပြီး ချီးယားလို့ ရလားဟင်
ဟီးးးးးးး

ညီမလေးလည်း Cheers!
AK 47 (водка+ Green Lable+ ၀ိုင်+ရှန်ပိန်= AK-47)
တိုက်ပါဗျို့သောက်ချင်တယ်...
праздник မှာမူးပြီး ကမနေကြနဲ့နော်....သိနေတယ်...