"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

အခေါ်အဝေါ်  

စာရေးသူ >> အညာသား


စာမေးပွဲခန်းတစ်ခန်းအတွင်း ကောင်လေး ၁ ယောက်နှင့် ကောင်မလေး ၁ ယောက် တွဲလျှက်ကျသော ခုံတစ်ခုံ၌ဖြစ်သည်။
ကောင်မလေး။ ။ “ဟိတ်လူကြီး၊ ကျုပ်ကို မေးခွန်းနံပါတ် (၃) ရဲ့အဖြေလေး ပြောပြပါလား”
ဟုပြောလိုက်ရာ သူကိုယ်တိုင်ပင် စာမေးပွဲမဖြေနိုင်လို့ စိတ်ညစ်နေတဲ့ အချိန်မှာ သူ့ကို “ဟိတ်လူကြီး” ဟုခေါ်လိုက်သောကြောင့် ကောင်လေး အလွန်ဒေါသ ထွက်သွားသည်။ သူနှင့်ဆိုလျှင် အသက်ရွယ်တူလောက် သာရှိမည်။ သို့နှင့် ဒေါသကိုထိန်းကာ ကောင်မလေးဘက်သို့လှည့်မကြည့်ပဲ မကြားချင်ယောင်ဆောင် နေလိုက်သည်။ ခဏကြာတော့ အထက်ကအတိုင်း ထပ်ပြောပြန်သည်။ ကောင်လေးလဲ ကြိုးစားပြုံးလိုက်ပြီး ကောင်မလေး ဘက်သို့လှည့်ကြည့်ကာ
ကောင်လေး။ ။ “ ကိုကို.. ကျွန်မကို မေးခွန်းနံပါတ် (၃)ရဲ့အဖြေလေး ပြောပြပါလား ရှင်... လို့ပြောရင် အဖြေကိုငါပြောပြမယ်”
ဟု ပြောပြီး သူ့မေးခွန်း၏အဖြေကို ဆက်၍စဉ်းစားနေလေသည်။ ကောင်မ လေးခမျာ ရှက်စိတ်ဖြင့် မျက်နှာကြီးနီရဲနေသည်။ စာမေးပွဲခန်းထဲမှာမို့ ပြန်ပြီးတော့လဲ ရန်မတွေ့ရဲဖြစ်နေသည်။ ဖြေဆိုချိန်ကလဲပြည့်ခါနီးတော့ ကောင်မလေးခမျာ စိတ်ဒုန်းဒုန်းချကာ ကောင်လေးကို “ကိုကို” ဟု တိုးတိုးလေးခေါ်လိုက်လေသည်။
ကောင်လေး။ ။ “မကြားရဘူး”
ဟုပြောပြီး အကြည့်လွှဲသွားသည်။ ကောင်မလေးခမျာ ရှက်နေရင်လဲ မထူး တော့ပြီမို့ အသံကျယ်ကျယ်ဖြင့် ထပ်ခေါ်ပြီး
ကောင်မလေး။ ။ “ကိုကို ကျွန်မကို မေးခွန်းနံပါတ် (၃) ရဲ့အဖြေလေး ပြောပြပါလားရှင်” လို့ပြောလိုက်ရာ ကောင်လေးက ကောင်မလေးဘက်သို့ လှည့်ကြည့်ပြီးပြောလိုက်ပုံက
ကောင်လေး။ ။ “ကိုကိုလဲ မင်းလိုပါပဲကွယ်...”...။ razz

This entry was posted on Monday, June 30, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

9 ယောက်ရဲ့အမြင်

မဇနိ ၉ တန်းစာမေးပွဲဖြေတော့ ကသုတ်ကရက်နဲ့ နာရီလည်းမေ့၊ ပေတံလည်းမေ့သွားတာ။ စာမေးပွဲခန်းထဲရောက်တော့ နာရီဘယ်လောက်ရှိပြီလဲ၊ ပေတံလေးငှားစမ်းပါ ပြောချင်တာ လောကြီးပြီး “ဟိတ် နာရီလေးငှားစမ်းပါ“ လို့ သွားပြောမိတယ်။ အဲဒီကောင်လေးကလည်း လူလည်ကျတယ် “ကိုကို့ နာရီလေးငှားပါလို့ ပြောရင် ငှားမယ်“ ဆိုပြီး စာရေးပြတယ် အညာသားရေ။ :P
မဇနိ

အဲ့ဒါ အစ်မက ပြောလိုက်ကောလား...ဟီးဟီး နောက်တာနော အစ်မရ

ရီရတယ်..ဒါဆို ကောင်မလေးဘက်ကခံလိုက်ရတာပေါ. သူ.မှာ ခေါ်လဲခေါ်ရသေးတယ်... အဖြေလဲမရလိုက်ဘူး.. :D တော်တော် တင်းသွားမှာဘဲ

ကောင်လေးက မလည်ရှာဘူးနော်...
:D

kae... call p naw
ko ko yay...
mee mee lae call chin lo. par :P

Anonymous  

ကိုကိုလူလည်ပေါ့ အဲ့ကောင်လေးက ကိုညာများဖြစ်နေမလား အဖြစ်မှန်ဆို ၀န်ခံနော် မ၀န်ခံရင် လူပျိုကြီးဖြစ်ပါစေ ;)

တော်တော်ကိုလည်တာပဲကွ..ဟမ်
ကောင်မလေးသနားပါတယ်ကွာ...
အညာသား နင်မှန်မှန်ပြောစမ်း..
အဲဒါဘူတူလဲ..နာသိသလိုပဲနော်
း)
တော်တယ်ကွာ ဆက်ရေး
အားပေးတယ်..

Anonymous  

ဟား ဟား......လူလည်ကြီးပဲ....ရယ်ရတယ်ဗျို့...
ဲအဲဒီကောင်မလေးကလည်းတုံးတာကိုးဗျ....
ကောင်လေးကစာရမရအရင်မလေ့လာပဲနဲ့.....ဟဲ ဟဲ...
နောက်ဆိုသတိထားမှပဲ....

ယောက်ျားတွေများ အဲလို ..အဲလို ကို အသားယူချင်တာ...။