အညာသား ဖတ်ဖူးတဲ့ ဒဿနလေးတစ်ခုပါ။ မူရင်းစာမူရှင်ကိုမသိပါဘူး။ ကိုကို၊ မမ များရဲ့ ဘ၀အတွက်၊ ဖတ်ရှုဆင်ခြင်၊ တွေးမြင်ကြံဆ၊ သုံးသပ်ကြလော့ ….
အောက်ပါညီမျှခြင်းများကိုကြည့်လျှင် သင်အံ့သြသွားလိမ့်မည်။ သို့သော် ယင်းညီမျှခြင်း ရလဒ် များသည် ယေဘုယျအားဖြင့် မှန်ကန်ကြောင်းတွေ့ရလိမ့်မည်။
• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = အချစ်ဇာတ်လမ်း
• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = ကိုယ်ဝန်ဆောင်မှု
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = ပြဿနာ
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = လက်ထပ်ခြင်း
• အရည်အချင်းပြည့်ဝသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = ထုတ်လုပ်မှု
• အရည်အချင်းနည်းသောအလုပ်ရှင်+အရည်အချင်းပြည့်သောအလုပ်သမား= ရာထူးတိုးတက်မှု
• အရည်အချင်းနည်းသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = အပိုအလုပ်ချိန်
• မိန်းမတစ်ဦးသည် သူမလိုချင်သော(၂)ကျပ်တန်ပစ္စည်းကို ငွေ(၁)ကျပ်သာအကုန်ခံလိမ့်မည်။
• မိန်းမတစ်ဦးသည် ခင်ပွန်းယောင်္ကျားမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်နေလိမ့်မည်။
• ယောင်္ကျားတစ်ဦးသည် ဇနီးခင်ပွန်းမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်မည်မဟုတ်ပေ။
• အောင်မြင်သောယောင်္ကျားတစ်ဦးသည် သူ၏ဇနီးသုံးစွဲနိုင်သည်ထက် ငွေပိုရှာနိုင်သူဖြစ်သည်။
• အောင်မြင်သောမိန်းမတစ်ဦးသည် ယင်းယောင်္ကျားမျိုးကို ရအောင်ရှာနိုင်သူဖြစ်သည်။
5 ယောက်ရဲ့အမြင်