ဝါသနာတူ ဂစ်တာသမားများအတွက် Software လေးတစ်ခု လက်တို့ပါရ စေ။ Lead Guitar သမားများအတွက်သာမက သာမာန်တီးတဲ့သူများ အ တွက်လဲ အသုံးဝင်ပါတယ်။ Software နှင့်အတူ လေ့ကျင့်ရမယ့်သင်ခန်းစာ Tabတွေ၊ Classical တွေ၊ Rock သီချင်းတွေ တော်တော်များများ ပါဝင်ပါ တယ်။
Software ကိုတော့ ဒီမှာ Dolnload ယူနိုင်ပါတယ်။ (167 Mb ရှိ ပါတယ်) လေ့ကျင့်ရမယ့် Tab တွေကတော့ ဒီမှာ ပါ။ ( Side Bar မှာလဲ တင်ပေးထားပါတယ် )
Guitar pro full 5.0 with rms ကို run ပါ။ User ID နဲ့ Key ID တွေထည့်ပြီး OK ပေး လိုက်တာနဲ့ Guitar Pro 5 တက်လာပါလိမ့်မယ်။
အသုံးပြုပုံကတော့ … Guitar Pro5 က ပြထားတဲ့ ဂစ်တာကြိုးတွေက မိတ်ဆွေတီးမယ့် ဂစ်တာနဲ့ အပေါ်အောက် ပြောင်းပြန်ဖြစ်နေတာကိုတော့ အထူး သတိထားဘို့ အရေးကြီးပါ တယ်။ ဂစ်တာတီးတော့မယ်ဆိုရင် File>> Open ကိုသွားပြီး “Tabs” folder မှတဆင့် မိမိတီးလိုတဲ့ Tab ကို Click ပေး လိုက်ရင် ရပါပြီ။ Instrument အများကြီးနဲ့တီးထားတဲ့ သီချင်းတွေမှာ ကိုယ်နားမထောင်ချင်တဲ့ Instrument ရဲ့ Volume ကို လျှော့ထားလို့ရပါ တယ်။ နောက်တစ်ခုက ကိုယ်တီးမယ့် Instrument ရဲ့ Volume ကို လျှော့ပြီး ကျန်တဲ့ Instrument တွေကို Background တီးလုံးအဖြစ် ထားပြီးတော့လဲ တီးနိုင်ပါတယ် (ကဲချင်တိုင်းကဲလို့ ရတာပေါ့ ) ။ Timing အတိုးအလျှော့ကိုလဲ စိတ်ကြိုက်ပြောင်းလို့ရပါတယ်။ မိမိလိုချင်တဲ့ Guitar Tab တွေ ရှာချင်တယ်ဆိုရင်တော့ http://www.ultimate-guitar.com/ နဲ့ http://www.tabscout.com/ မှာ ရှာ လို့ရပါတယ်။ “ နှစ်သက်ဖွယ်သံစဉ်တွေနဲ့အတူ လောကကြီးကို အလှဆင်နိုင်ပါစေ။ ”