"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ဇာတ်သိမ်း  

စာရေးသူ >> အညာသား


ကျေးလက်ရွာတစ်ရွာ၏ ဘုရားပွဲညတွင် ပြဇာတ်ဖြင့် ကပြဖျော်ဖြေနေလေသည်။ မြို့ပေါ်မှ ဇာတ်ကြီးများကိုမငှါးပဲ ရွာသားများကိုယ်တိုင် ပါဝင်သရုပ်ဆောင်ကြသော အရပ်ပြဇာတ်သာဖြစ် သည်။ ကြေကွဲစရာဇာတ်လမ်းဖြစ်သည့်အပြင် ဇာတ်လမ်းဇာတ်ကွက် ထိထိမိမိရှိလှသော ကြောင့် ပရိတ်သတ်မှာ မျက်ရည်တွဲလဲ၊ ပါးစပ်အဟောင်းသားဖြင့် ခံစားကြည့်ရှုနေလေသည်။ ပြဇာတ်က နောက်ပိုင်းရောက်လာလေ ပို၍ကောင်းလာလေဖြစ်သည်။ ဘယ်လိုဇာတ်သိမ်း မလဲဆိုတာကို ပရိတ်သတ်က ထင်ကြေးအမျိုးမျိုးပေးကာ ကြည့်ရှုနေကြလေသည်။ အနှစ်(၂၀)ကျော်ဝေးကွာခဲ့ရသော သားမိသားဖ(၃)ယောက်တို့ ပြန်လည်ဆုံတွေ့ကြသည့် နောက်ဆုံးဇာတ်သိမ်းခန်းပင်ဖြစ်သည်။ အဖေသည် သားဖြစ်သူ လူ့လောကသို့မရောက်ခင် ကတည်းက သားနှင့်မယားကို ခွဲခွါသွားခဲ့သည်။ အဖေနှင့်သား ပြန်လည်တွေ့ဆုံကြသည့်အခါ မိခင်ဖြစ်သူမှ
“သား…သားလေး…၊ အမေ့သားကိုယ်တိုင် သေနတ်နဲ့ပစ်ပြီးဖမ်းလိုက်တာ သားအရမ်းတွေ့ချင် နေပါတယ်ဆိုတဲ့ သားရဲ့အဖေ ဓါးပြလူမိုက်ကြီးပေါ့”
ဓါးပြ။ ။ “ဟင်…ဒါဆို.. ဒါဆို… ဒါ… ငါ့သားပေါ့… ဟုတ်လား မခင်လှ.. ငါ့သားလေးပေါ့..။ သားရယ်.. ငါ့သားလေး လူ့လောကထဲမရောက်ခင်ကတည်းက အဖေက သားနဲ့ခွဲခွါသွားခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီနော်..။ အဖေ့ကိုခွင့်လွှတ်ပါသားရယ်..၊ အဖေကသားကိုမသိ သားကလဲ အဖေ့ကိုမသိ၊ အဖေက ဓါးပြလူမိုက်၊ ငါ့သားလူလိမ္မာလေးက ရဲစခန်းမှုးကြီး၊ အဖေလူမိုက်ကြီးကို သားလေးကိုယ်တိုင် ဖမ်းမယ်ဆိုတာ အဖေသိခဲ့ရင် အဖေကိုယ်တိုင် လက်နက်ချပြီးအဖမ်းခံခဲ့ပါတယ်ကွယ်။ အခုတော့ အဖေနဲ့သားရဲ့ ပြန်လည်ဆုံတွေ့မှုက အဖေရဲ့ နောက်ဆုံးထွက်သက် အချိန်ဖြစ်သွားပြီ။ သားမှာအပြစ်မရှိပါဘူး၊ အားလုံးဟာ အဖေ့ရဲ့ မိုက်ပြစ်တွေပါ သားရယ်…။ အဖေကသားကို အရမ်းချစ်ပါတယ်၊ သားကလဲအဖေ့ကို ချစ်မယ်ဆိုတာ အဖေယုံပါတယ်။ အဖေက သားကို မမှတ်မိ၊ သားကလဲ အဖေ့ကိုမမှတ်မိ။ အဖေနဲ့သားတို့ရဲ့ ဇာတ်သိမ်းခန်း မလှပခဲ့တာ အဖေ လူမိုက်ကြီးကြောင့်ပါ။”
သို့နှင့်… ဓါးပြလုပ်သူသည် ပြောရင်းပြောရင်း သားတွေအဖေတွေရှုပ်ကုန်သည်။ ဘာဆက်ပြောရ မှန်းမသိတော့တဲ့အဆုံး အဖေဓါးပြကြီးပြောချလိုက်ပုံက
“အဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာ ငါ့သားလေးက အဖေ့ကို “သား….” လို့ တစ်ခွန်းလောက် ခေါ်ပါ သားရယ်…။”
ကြေကွဲဖွယ်ဇာတ်သိမ်းခန်းသည် ငိုအားထက် ရယ်အားသန်စွာ ပြီးဆုံးသွားလေတော့သည်။

ဆက်လက်ဖတ်ရှုရန်...

အရိပ်မဲ့ပန်း မနွမ်းစေချင်  

စာရေးသူ >> အညာသား


ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ် များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစ ရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာ ဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ဝင်ငွေနှင့်မိမိ အတိုင်း အတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ မေတ္တာ၊ ကရုဏာသက်ဝင် လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်းနေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေ လုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံးနိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာနမထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရ အောင်လို့ တိုက်တွန်းပါရစေ။
အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow



ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြ တယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။


မလိုအပ်တဲ့နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီးရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင် ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်းလုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ အမှန်တစ်ကယ် သာသနာပြုတယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာ သနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင် ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှမလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါကြောင့် ကောင်းမှုဒါန လုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူသာဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာ ပေါများချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခိုလှုံ ရောက်ရှိလာရ သော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာတော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။ သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…
ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။
“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့…”။

ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်း။
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။

ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင် မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေသူများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)
ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)

စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)

ရုရှားရောက်မြန်မာကျောင်းသားများကိုယ်စား ကျွန်တော်တို့၏ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ် များအသင်း(YMBA) မှ ယခုလတွင် ဒိုးပင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးကျောင်းသို့ တတပ်တအား ပါဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်။
ရေးသားတင်ပြသူ- အောင်ဦး
http://dhammaratha.blogspot.com/
http://www.ymba-mephi.co.cc/

ဆက်လက်ဖတ်ရှုရန်...

ရေငုံနှုတ်ပိတ်  

စာရေးသူ >> အညာသား


မော်စကိုမြို့၏ ကျောင်းဆေးခန်းတစ်ခန်းတွင်...
ဒေါက်တာ။ ။ “နောက်တစ်ယောက်ဝင်ခဲ့ပါ။”
ဟု ဆေးခန်းအတွင်းမှ ခေါ်သံကြားလိုက်ရသဖြင့်
ဆေးခန်းကဒ်နဲ့ ကျောင်းသားကဒ်လေး ကိုကိုင်ပြီး တစ်လောကလုံး၏လုပ်စာကို ထိုင်စားနေရသော မျက်နှာပေးဖြင့် ဆေးခန်းအတွင်း သို့ ၀င်သွားသည်။ ဆေးခန်းအတွင်းတွင် ဒေါက်တာမ (၂) ယောက်ထိုင်နေသည်။ အသက် ကြီးသည်ဟုထင်ရသော ဒေါက်တာက လူနာအား အကျီချွတ်ခိုင်းလိုက်သည်။ အကျီကြယ်သီး လေးကိုကိုင်ကာ လူနာက အူကြောင်ကြောင်ဖြစ်နေသည်။ အဘယ့်ကြောင့် အကျီချွတ်ခိုင်း သည်ကို နားမလည်သောကြောင့် ဒေါက်တာအား ပြန်မေးမည်အပြု
ဒေါက်တာ။ ။ “ချွတ်ပါ၊ ရဲရဲချွတ်ပါ။ ဘာမှမကြောက်ပါနဲ့”
ဟု ထပ်ပြောရာ လူနာက အကျီအပေါ်ကြယ်သီး ၂ လုံးကို ဖြုတ်လိုက်သည်။
လူနာ။ ။ “ဟုတ်ကဲ့.. ကျနော်.....”
ဟု စကားချီပြီး ဒေါက်တာကို ပြန်မော့ကြည့်မိတော့ အထက်ကအတိုင်း နှုတ်က ပြောယုံသာ မက ကိုယ်ဟန်အမူအရာနှင့်ပါ လုပ်ပြလေသည်။
နောက်တစ်ခါထပ်မေးရင်လည်း ဒေါက်တာ ကိုယ်တိုင် ဆွဲချွတ်တော့မည့်အနေအထားသို့ ရောက်နေသဖြင့် မထူးတော့ပြီမို့ အကျီကို တုန်တုန်ရင်ရင်ဖြင့် ကိုယ်ပေါ်မှ ချွတ်ချလိုက်လေသည်။ ကြီးမားကျယ်ပြန့်သော လူနာ၏ ရင်အုပ်ကို ဒေါက်တာမ (၂) ယောက် သေချာကြည့်လေသည်။ အသက်ကြီးသည်ဟုထင်ရ သော ဒေါက်တာက မျက်မှန်တပ်၍ပင် ကြည့်နေသေးသည်။ လူနာသည် ဒေါက်တာမ (၂) ယောက်၏ အမူအရာကို တဖြည်းဖြည်း ပို၍နားလည်ရခက်လာသည်။ ထို့နောက်
ဒေါက်တာ။ ။ “မတ်တပ်ရပ်ပြီး ဟိုဘက်ကိုလှည့်ပါ။
အူကြောင်ကြောင်လူနာလည်း ဒေါက်တာဘက်သို့ပြန်လှည့်ကြည့်မိတော့ ဒေါက်တာမှ စကား မများနဲ့ ဟူသောအဓိပ္ပါယ်ဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ပြသည်။ “ဘုရား ဘုရား ... ငါတော့ ရေတိမ်နစ်ပြီထင်ပါရဲ့” ဟု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ဒေါက်တာမ (၂) ယောက်အား ကျောပေး၍မတ်တပ်ရပ်လိုက်သည်။ ကျောပြင်ကို သေချာ ကြည့်ပြီးနောက်
ဒေါက်တာ။ ။ “ရပါပြီ.. ပြန်ထိုင်ပါ၊ အကျီပြန်ဝတ်ပါ။”
ဟု ပြောပြီး.. ဆေးခန်းစာရွက်တွင် ဒေါက်တာများနှင့် ဆေးရောင်းသူများသာ ဖတ်တတ်သော၊ ဆေးညွှန်းစာဟုထင်ရသော စကားဝှက်များကို ထုံးစံအတိုင်းရေးချသည်။ အားလုံးရေးပြီးသွား တော့ ထိုစာရွက်ကို လူနာအားကမ်းပေးလေသည်။ လူနာလည်း ဒေါသ အလိပ်လိပ်တက်ကာ ရှိသမျှအားအင်တို့ကို ခြစ်ခြုတ်၊ ညှစ်ထုတ်ပြီး ပြောလိုက်ပုံက

“ကျနော် ခြေထောက်နာနေလို့ပါခင်ဗျာ”
မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်ပင် ဖြစ်လေသတည်း။ razz

ဆက်လက်ဖတ်ရှုရန်...

ပထမဆုံး Tag  

စာရေးသူ >> အညာသား


မအားချင်ယောင်ဆောင်နေတာ အတော်ကြာသွားတယ်ထင်ပါ့ ။ အခုမှ ဘလော့ဘက်ကို ပြန်လှည့်ဖြစ်ပါတယ်ခင်ဗျာ။ လည်လည်လာသူများကိုလည်း ဧည့်ဝတ်မကျေသောကြောင့် အားနာမိပါ၏။ မီးငယ်ရေ... စိတ်ဆိုးနဲ့နော်.. နော် .. နော်.. Tag ထားတာကြာလှပြီ...အခုမှ ရေးဖြစ်လို့။ Intro များသွားလို့ သောက်မြင်ကတ်ပြီး ကိုယ့်အကြောင်းကို စိတ်မ၀င်စားပဲ နေအုံးမယ်။ Anyarthar’s intro is the end. mrgreen

သားသားနာမည် ….. အညာသား
သူငယ်ချင်းတွေကဒီလိုခေါ်တယ် ….. (Rain၊ ဂျွန်စော.... ၊ အို.. စုံလို့ပါပဲ... :D)
အနော် နေတာက ….. ရွာ
အနော့်ဆီဖုန်းဆက်ချင်ရင် ….. အညာသားတို့ရွာမှာ ဖုန်းမရှိပါ။

အနော့် အကြိုက်ဆုံးတွေက…..

အရောင်ဆိုရင်….. သားသားနဲ့လိုက်မယ်ထင်တဲ့အရောင် အကုန်ကြိုက်
အ၀တ်အစားဆိုရင်….. သူများဆီက အလကားရတာ (မှတ်ချက်။ ။ အသစ်)
အစားအစာဆိုရင်….. ကြိုက်တာတွေရေးနေရင် တအားများလို့ မကြိုက်တာတွေပဲ ပြောပြတော့မယ်နော်… (အသားထဲမှာ..သစ်သား၊ အရွက်ထဲမှာ..စာရွက်၊ အသီးထဲမှာ..ဒုံးသီး၊ ခြေ ၄ ချောင်းဆိုရင်…သံကုတင်၊ ခြေ ၂ ချောင်းဆိုရင်...လင်းတ) :P
ပစ္စည်းဆိုရင်….. ကွန်ပျူတာ (မှတ်ချက်။ ။ အင်တာနက် တပ်ဆင်ပြီး) :D
သီချင်းဆိုရင်…..ဖြေသိမ့်လိုက်
စာရေးစာဆရာ….. ဒေါက်တာမတင်ဝင်း
စာအုပ်….. ကြိုက်ရင်ဖတ်ပါတယ်၊ ဖတ်သမျှကိုလဲ အကုန်ကြိုက်ပါတယ်။
Life style….. တောဂေါ်လီ
အနော့်ဝါသနာ….. ဂစ်တာတီး၊ ဘောလုံးကန်
အလိုချင်ဆုံးလက်ဆောင်….. ရေကူးကန်၊ အားကစားကွင်း၊ စားဖိုမှုးတစ်ယောက်၊ ကား ၂ စီး၊ ၂ ထပ်တိုက် တစ်လုံး… ရှိသော ၁၀ ဧကခန့်ကျယ်သော ခြံတစ်ခြံ :D


အနော်အချစ်ဆုံးသူက….. ကိုယ့်ကိုယ်ကို (မညာတတ်လို့ပါ)
အနော်အလေးစားဆုံးသူက….. အဖေ
အနော်အခင်ဆုံးသူငယ်ချင်းက….. ကျန်စစ်
အနော့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…..အမေ
အနော့်အမုန်းဆုံးသူက…..မရှိပါဘူး
ရင်အခုန်ဆုံးအချိန်…..စာမေးတဲ့အချိန်... (မီးငယ်နဲ့ တူတယ်) :D
အကြောက်ဆုံးအချိန်…..သေမယ့်အချိန်
အပျော်ဆုံးအချိန်….. အခုအရွယ်ထိတော့ သတိမထားမိသေးဘူး။
အမှတ်တရနေ့….. ၁၅.၃.၀၁
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….. တပည့်တော် ကျန်းမာစွာဖြင့် အသက် ၁၂၀ နေရပါလို၏ဘုရား :D
အချစ်ဆိုတာ….. အချစ်
အမုန်းဆိုတာ….. သိဘူး
အလွမ်းဆိုတာ….. အလွမ်းပေါ့
သံယောဇဉ်ဆိုတာ….. အခိုင်မာဆုံးကြိုး
ဘ၀ဆိုတာ….. “ဘ” နဲ့ “၀” .. ပေါင်းထားတာ
သူငယ်ချင်းဆိုတာ….. ရင်ဖွင့်ဘို့
ချစ်သူဆိုတာ….. ချစ်ဘို့
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….. တစ်ကြိမ်စကားပြောဘူးလျှင် အနော့်ကိုမှတ်မိကြသည် (အထူးသဖြင့် မိန်းကလေးများ :P)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
အပြောချင်ဆုံးစကားတစ်ခွန်း….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
(မှတ်ချက်။ ။ ဖြေရခက်သော မေးခွန်းများကို မေးမြန်းခြင်းမပြုလုပ်ပါရန်။ :D )

ဆက်လက်ဖတ်ရှုရန်...