မအားချင်ယောင်ဆောင်နေတာ အတော်ကြာသွားတယ်ထင်ပါ့ ။ အခုမှ ဘလော့ဘက်ကို ပြန်လှည့်ဖြစ်ပါတယ်ခင်ဗျာ။ လည်လည်လာသူများကိုလည်း ဧည့်ဝတ်မကျေသောကြောင့် အားနာမိပါ၏။ မီးငယ်ရေ... စိတ်ဆိုးနဲ့နော်.. နော် .. နော်.. Tag ထားတာကြာလှပြီ...အခုမှ ရေးဖြစ်လို့။ Intro များသွားလို့ သောက်မြင်ကတ်ပြီး ကိုယ့်အကြောင်းကို စိတ်မ၀င်စားပဲ နေအုံးမယ်။ Anyarthar’s intro is the end. ![mrgreen mrgreen](https://lh3.googleusercontent.com/blogger_img_proxy/AEn0k_u0LzT-HxKRN4ZaLTljeQeLOLDR4lGUx4hz_369pWsIH6Qd5VpVAjIk0XctuNn6XmvRz0_Qcyrb3A3pYG78Sn7RY2Ot9urL1evpidfXXmR3VOIyctyFaw=s0-d)
သားသားနာမည် ….. အညာသား
သူငယ်ချင်းတွေကဒီလိုခေါ်တယ် ….. (Rain၊ ဂျွန်စော.... ၊ အို.. စုံလို့ပါပဲ... :D)
အနော် နေတာက ….. ရွာ
အနော့်ဆီဖုန်းဆက်ချင်ရင် ….. အညာသားတို့ရွာမှာ ဖုန်းမရှိပါ။
အနော့် အကြိုက်ဆုံးတွေက…..
အရောင်ဆိုရင်….. သားသားနဲ့လိုက်မယ်ထင်တဲ့အရောင် အကုန်ကြိုက်
အ၀တ်အစားဆိုရင်….. သူများဆီက အလကားရတာ (မှတ်ချက်။ ။ အသစ်)
အစားအစာဆိုရင်….. ကြိုက်တာတွေရေးနေရင် တအားများလို့ မကြိုက်တာတွေပဲ ပြောပြတော့မယ်နော်… (အသားထဲမှာ..သစ်သား၊ အရွက်ထဲမှာ..စာရွက်၊ အသီးထဲမှာ..ဒုံးသီး၊ ခြေ ၄ ချောင်းဆိုရင်…သံကုတင်၊ ခြေ ၂ ချောင်းဆိုရင်...လင်းတ) :P
ပစ္စည်းဆိုရင်….. ကွန်ပျူတာ (မှတ်ချက်။ ။ အင်တာနက် တပ်ဆင်ပြီး) :D
သီချင်းဆိုရင်…..ဖြေသိမ့်လိုက်
စာရေးစာဆရာ….. ဒေါက်တာမတင်ဝင်း
စာအုပ်….. ကြိုက်ရင်ဖတ်ပါတယ်၊ ဖတ်သမျှကိုလဲ အကုန်ကြိုက်ပါတယ်။
Life style….. တောဂေါ်လီ
အနော့်ဝါသနာ….. ဂစ်တာတီး၊ ဘောလုံးကန်
အလိုချင်ဆုံးလက်ဆောင်….. ရေကူးကန်၊ အားကစားကွင်း၊ စားဖိုမှုးတစ်ယောက်၊ ကား ၂ စီး၊ ၂ ထပ်တိုက် တစ်လုံး… ရှိသော ၁၀ ဧကခန့်ကျယ်သော ခြံတစ်ခြံ :D
အနော်အချစ်ဆုံးသူက….. ကိုယ့်ကိုယ်ကို (မညာတတ်လို့ပါ)
အနော်အလေးစားဆုံးသူက….. အဖေ
အနော်အခင်ဆုံးသူငယ်ချင်းက….. ကျန်စစ်
အနော့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…..အမေ
အနော့်အမုန်းဆုံးသူက…..မရှိပါဘူး
ရင်အခုန်ဆုံးအချိန်…..စာမေးတဲ့အချိန်... (မီးငယ်နဲ့ တူတယ်) :D
အကြောက်ဆုံးအချိန်…..သေမယ့်အချိန်
အပျော်ဆုံးအချိန်….. အခုအရွယ်ထိတော့ သတိမထားမိသေးဘူး။
အမှတ်တရနေ့….. ၁၅.၃.၀၁
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….. တပည့်တော် ကျန်းမာစွာဖြင့် အသက် ၁၂၀ နေရပါလို၏ဘုရား :D
အချစ်ဆိုတာ….. အချစ်
အမုန်းဆိုတာ….. သိဘူး
အလွမ်းဆိုတာ….. အလွမ်းပေါ့
သံယောဇဉ်ဆိုတာ….. အခိုင်မာဆုံးကြိုး
ဘ၀ဆိုတာ….. “ဘ” နဲ့ “၀” .. ပေါင်းထားတာ
သူငယ်ချင်းဆိုတာ….. ရင်ဖွင့်ဘို့
ချစ်သူဆိုတာ….. ချစ်ဘို့
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….. တစ်ကြိမ်စကားပြောဘူးလျှင် အနော့်ကိုမှတ်မိကြသည် (အထူးသဖြင့် မိန်းကလေးများ :P)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
အပြောချင်ဆုံးစကားတစ်ခွန်း….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
(မှတ်ချက်။ ။ ဖြေရခက်သော မေးခွန်းများကို မေးမြန်းခြင်းမပြုလုပ်ပါရန်။ :D )
This entry was posted
on Wednesday, September 10, 2008
and is filed under
အမှတ်တရများ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
4 ယောက်ရဲ့အမြင်