"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ချစ်သူသိစေ  

စာရေးသူ >> အညာသား


ဘာကိုမှငါမလိုပါဘူးကွယ်
ကဗျာရယ် မင်းရယ်
ငါ့တဘ၀စာရှိမယ်ဆိုရင်ပေါ့
ငါဟာကဗျာတပုဒ်ဖြစ်တယ်
ချစ်သူရဲ့နှုတ်ခမ်းကလွဲရင်
ဘယ်အနမ်းကိုမှ ငါမလွမ်းဘူး
ချစ်သူရေ
ငါဆိုတဲ့ငါက
နင့်နှုတ်ခမ်းထက်မှာမှ
ရာရာစစ
ကြွေခချင်တဲ့နှင်းလေ
နင့်ရဲ့ခေါင်းတချက်အရမ်းမှာ
ပရမ်းပတာဘ၀ပျက်သွားမဲ့ငါပေါ့
`နင့်ကိုအရမ်းချစ်တယ်´
ဒီတစ်ခေတ်လုံးမှာ
ဘုရားဟောတာကလွဲရင်
အဲဒီစကားတခွန်းပဲငါယုံခဲ့ပါတယ်
နင်ပြောခဲ့တဲ့အဲဒီစကားနဲ့ပဲ
အရာရာကိုရင်ဆိုင်ရဲခဲ့ပါတယ်
ခုတော့လဲ
အချစ်ဆိုတာ
ချစ်နေခွင့်ရခြင်းလို့ ဘာသာပြန်ရင်း
နင်နဲ့ဝေးတဲ့ဘ၀မှာ
ငါနေသားတကျဖြစ်နေပါပြီ...။ ။

ဆက်လက်ဖတ်ရှုရန်...

သီချင်းလေးအတိုင်း  

စာရေးသူ >> အညာသား


`အရှိကိုအရှိတိုင်းသာ ဖွင့်ပြောမည်… မြင်မြင်ချင်း မင်းကို ချစ်သွားသည်.. ပိုင်ဆိုင်တဲ့အသည်းကို အရှုံပေးခဲ့ရာ.. ဒါ အချစ်ပဲလား စိတ်မှာ မော.. သည်..။ နားလည်မှုတံခါးတွေ ဖွင့်ထားသည်.. ကြင်နာစကားလေးတွေ မျက်ဝန်းဆီ… ပိုင်ရှင်မဲ့အချစ်ကို ပေးအပ်ခဲ့သည်… ကို မညာတော့ဘူး မင်းကိုချစ်..သည်…´
အညာသား။ ။ `ဟေ့ကောင်… သီချင်းကို တိုးတိုးသက်သာ ဖွင့်စမ်းပါကွာ..။ ဒီမှာ အိပ်လို့မရတော့ဘူး။´ တကယ့်ရွာသားပီပီ သီချင်းကို အကျယ်ကြီးဖွင့်ကာ နားထောင်တတ် သော စောမဏ္ဍိုင်အား ကျွန်ုပ်မှ ထဟောက်လိုက်သည်။
မဏ္ဍိုင်။ ။ `ဟကောင်.. နာရီကိုလဲ ကြည့်အုံးကွ၊ လူအိပ်ချိန်မဟုတ်တော့ဘူး´
အညာသား။ ။ `အေးကွာ… ငါလဲ ဘလော့တွေလိုက်လည်နေတာနဲ့ မိုးလင်းမှပဲ အိပ်ဖြစ်တယ်။´ နာရီကို ငုံ့ကြည့်တော့.. လက်မှာ နာရီမရှိ.. ခေါင်းအုံးအောက်တွင်လဲမရှိ၊ စားပွဲပေါ်မှာလဲမတွေ့။ `ဟေ့ကောင် ငါ့နာရီတွေ့မိသေးလား…´
မဏ္ဍိုင်။ ။ `ဟေ့ကောင် အိပ်ချင်မူးတူးနဲ့ လျှောက်မေးမနေနဲ့..။ မင်းကျန်စစ် ငါတို့ဆီလာ တဲ့နေ့က ချက်ကြွေးစရာမရှိလို့ဆိုပြီးတော့ မင်းနာရီ သွားပေါင်ထားတယ်ဆို..´
အညာသား။ ။ `အော်.. ဟုတ်သားပဲ။ အေးကွာ.. အရင်လအကြွေးတွေလည်းမဆပ်ရသေးတော့ ဆိုင်ကလဲ ငါတို့ဝယ်ရင် အကြွေးမရတော့ဘူးကွ၊ အဲဒါနဲ့ (၁၀)တန်းအောင်တဲ့နေ့က ကောက်ရထားတဲ့ ငါ့နာရီလေး သွားပေါင်လိုက်ရတယ်´
မဏ္ဍိုင်။ ။ `မင်းကျန်စစ်ကို ထမင်း၊ ဟင်း ချက်ကြွေးတာ၊ ဘီယာတိုက်တာတွေက မင်းနာရီပေါင်ထားတဲ့ ပိုက်ဆံနဲ့တောင် မလောက်ဘူးငါ့ကောင်´
အညာသား။ ။ `ဟေ… ဟုတ်လား´
မဏ္ဍိုင်။ ။ `ဟုတ်ပါ့ဗျာ.. ငါ့ ဂျင်းဘောင်းဘီ(၁)ထည်တောင် အဆစ်ပါသွားသေးသဗျ´
အညာသား။ ။ `အေးကွာ.. ငါတို့ဆီ လာလည်သမျှဧည့်သည်တွေထဲမှာ အဲဒီ `ကျန်စစ်´ ဆိုတဲ့ကောင် အဆိုးဆုံးပဲ..။ မနက်မိုးလင်းရင် ကော်ဖီမစ်လေးနဲ့မုန့်လေးနဲ့မှ၊ ဟင်းဆိုရင်လည်း.. အရည်သောက်လေးနဲ့မှ စားတတ်တယ်ဆိုပဲ။ ပြီးတော့ ဟိုဟာမစားရတာနဲ့ ဒီဟာမကြိုက်ရတာနဲ့၊ ထမင်းစားပြီးရင်လည်း အချိုရည်လေးက သောက်လိုက်ချင်သေးသဗျာ.. တော်တော်ကြီးကျယ်တဲ့ကောင်ကွာ.. သူ့အဖေနဲ့အမေကတောင် ငါတို့ကြွေးသလို ကြွေးမယ် မထင်ဘူး။
မဏ္ဍိုင်။ ။ `မင်းကလဲ သူ့ရှေ့မှာကျတော့ မပြောရဲပဲနဲ့´
အညာသား။ ။ `မပြောရဲလို့ မပြောတာမဟုတ်ဘူး ငါ့ကောင်ရေ…၊ လကုန်ခါနီးမှ အဲကောင်ဆီကို အလည်သွားအုံးမှာ.. ပြီးရင် အမြင်ကတ်အောင် စားပစ်၊ သောက်ပစ်လိုက်အုံးမယ်´
မဏ္ဍိုင်။ ။ `ဟကောင်.. လျှောက်ပြောမနေနဲ့၊ ငါတို့ သူ့ဆီသွားရင်လည်း ကိုယ့်ဖာသာကိုယ် ချက်စားရတာပဲ´
အညာသား။ ။ `အေး .. ဟုတ်သားပဲနော်၊ ကဲ.. ထားလိုက်ပါတော့ကွာ.. အခုလောလောဆယ် ဗိုက်ဖြည့်ဘို့ ဘယ်လိုလုပ်မကြတုန်း´
မဏ္ဍိုင်။ ။ `အဲဒီမှာ ခေါက်ဆွဲခြောက်ဖျော်ထားတယ်လေကွာ..၊ ငါကတော့ စားပြီးပြီ´
အညာသား။ ။ `ဟာကွာ မင်းကလည်း ခေါက်ဆွဲခြောက်ချည်းပဲ သောက်နေရတာ (၃)ရက်တောင်ရှိပြီ.. ထမင်း၊ဟင်းလေးဘာလေး ချက်ပါအုံးကွ´
မဏ္ဍိုင်။ ။ `အောင်မလေး .. ကိုရွှေအညာသားရယ်… ခင်ဗျားနဲ့ကျုပ်နဲ့ (၂)ယောက်တည်း စားတာတောင် အကြွေးတင်နေတာဗျာ… ဒီကြားထဲ ဟိုကောင် `ငကျန်´ က ကျုပ်တို့နာမည်ပေးပြီး အကြွေးယူသွားတာတွေကလဲ နည်းတာမဟုတ်ဘူး.. လကုန်ဘို့ (၁)ပတ်ပဲ ကျန်ပါတော့တယ်ကွာ… အကြွေးပေါ်အကြွေးဆင့်လို့ လူးမွေးလူရောင် မပြောင်ပဲနေပါ့မယ်ကိုယ့်လူ.. ဖြစ်သလိုပဲ စားလိုက်ရအောင်ပါ´
အညာသား။ ။ `အေးကွာ.. မင်းပြောတာမှန်တယ်… ရှိပါစေတော့လေ... ဖြစ်သလိုပဲ စားကြတာပေါ့။ မင်းဖွင့်ထားတဲ့ Nကိုင်ရာသီချင်းကို ခဏပိတ်ကွာ…၊ မင်းနဲ့ငါနဲ့ဖြစ်သလိုစားတဲ့အကြောင်း သီချင်းတစ်ပုဒ်လောက် ဟစ်လိုက်ရအောင်´
မဏ္ဍိုင်။ ။ `ငါးပိရည်ကို ရဲယိုရွက်နဲ့တို့ပြီး ဆွဲဆိုဆွဲမယ်.. မင်းကိုတော့မရဲသလိုပဲ.. တော်ပြီကွာ ဆားနဲ့ပဲစားမယ်…´
အညာသား။ ။ `ဟာ… မဟုတ်ဘူးကွ ခဏရပ်အုံး။ အဲဒါမဟုတ်ဘူးမဏ္ဍိုင်ရ.. Nကိုင်ရာရဲ့ `ကိုမညာတော့ဘူး´ ကိုပြောတာလေကွာ..´
မဏ္ဍိုင်။ ။ `အော်.. အေးအေး .. သိပြီ.. စ မယ်´
အညာသား~မဏ္ဍိုင်။ ။ `လကုန်ဖို့ ၁ ပတ်သာ.. လိုတော့..သည်..။ အိမ်မှာလည်း စားစရာ တကယ်မရှိပြီ… ငါပိုင်တဲ့အကြွေးတွေ များလွန်းလှသည်… ဒါ ဘ၀ပဲလား စိတ်မှာ မော.. သည်…။ လကုန်ရက်ကျရင်… လာတောင်း..မည်… ဘယ်မှာပုန်းရမယ်.. ငါမသိပြီ… ငါပိုင်တဲ့အကြွေးတွေ.. ဆပ်ရတော့မည်.. .. ဒီနေ့လဲ.. ဖြစ်သလိုစား…….မည်..။´

ပီအက်စ်။ ။ ချင်းမလေးTAG ထားတဲ့ `ဖြစ်သလိုစားခြင်း´ ပါ။ ချင်းမလေးရေ.. ကျုပ်လဲ စာမေးပွဲရှိနေလို့ အခုမှရေးဖြစ်သဗျာ။ ရေးတာနောက်ကျသွားလို့ စိတ်ဆိုးနဲ့နော်.. mrgreen

ဆက်လက်ဖတ်ရှုရန်...

အပြောင်းအလဲ  

စာရေးသူ >> အညာသား


ကျော်ကြီး။ ။`အဲဒါပဲဗျာ အဲဒါပဲ.. လေးဆူဓာတ်ပုံရွှေတိဂုံစေတီတော်မြတ်ကြီးဆိုတာ… ဖူးစမ်း အားရပါးရကြီး ၀အောင်ဖူးလိုက်စမ်းပါ သူငယ်ချင်းရာ..။ မင်းက အခုမှ ဖူးဘူးတာမဟုတ်လား ဖူးစမ်း သူငယ်ချင်း..´
သာဝ။ ။ `အာ… တီဗွီထဲမှာတော့ ခဏခဏဖူးဘူးပါတယ်ကွာ… အေး.. အပြင်မှာတော့ မင်းပြော သလို အခုမှဖူးဘူးတယ်ဆိုပါတော့´
ကျော်ကြီး။ ။ `အင်းကွာ… ငါလဲ ရွာကို ပြန်မရောက်တာကြာပြီဆိုတော့ ရွာရဲ့သတင်းလေး ဘာလေး ဘာမှမကြားရဘူးဖြစ်နေတယ်၊ တို့ရွာမှာရော ဘာတွေပြောင်းလဲကုန်ပြီတုန်းကွ´
သာဝ။ ။ `ဘာမှ ထူးထူးခြားခြား မပြောင်းလဲပါဘူး´
ကျော်ကြီး။ ။ `ရွာက ဘာမှမပြောင်းလဲဘူးဆိုတော့ နေပါအုံး.. ငါတို့အိမ်ရော ဘာတွေပြောင်းလဲ ကုန်ပြီတုန်းကွ´
သာဝ။ ။ `ဘာမှ မပြောင်းလဲပါဘူး၊ အဲ.. ဒါပေမယ့် မင်းမွေးထားတဲ့ကြောင်လေးတော့ သေသွားပြီကွ´
ကျော်ကြီး။ ။ `ကြောင်လေးသေသွားပြီ၊ ဟာ… အဲဒီကြောင်လေးက အရမ်းလိမ္မာတာကွာ၊ ဘာဖြစ်လို့ သေသွားရတာတုန်း´
သာဝ။ ။ `မင်းအဖေနဲ့မင်းအစ်ကို စကားများကြတယ်လေ၊ စကားများပြီး မင်းအစ်ကိုက အရက်မူးမူးနဲ့ စပါးကျည်ကိုမီးရှို့လိုက်တာ မင်းကြောင်လေးပါ ပါသွားတယ်လေကွာ´
ကျော်ကြီး။ ။ `ဟာ.. စပါးကျည်ကို မီးနဲ့ရှို့တယ်၊ နေစမ်းပါအုံး စပါးကျည်ကို မီးနဲ့ရှို့ရ လောက်အောင် အဖေနဲ့ငါ့အစ်ကိုက ဘာအတွက်နဲ့ စကားများကြတာတုန်းကွ´
သာဝ။ ။ `ဘာရယ်လို့တော့ မဟုတ်ပါဘူးကွာ... မင်းညီမလေး အရက်သမားထွန်းနိုင်နဲ့ လိုက်ပြေးတဲ့ကိစ္စ´
ကျော်ကြီး။ ။ `ဘာ… ငါ့ညီမ လင်နောက်လိုက်သွားပြီ၊ နေစမ်းပါအုံး ညီမလေး လင်နောက်လိုက်သွားတဲ့ကိစ္စကို အမေက ဘာမှဝင်မပြောဘူးလားဟင်´
သာဝ။ ။ `မင်းအမေက ဘာမှ ၀င်ပြောလို့မရတော့ဘူးလေကွာ´
ကျော်ကြီး။ ။ `ပြောလို့မရတော့ဘူးဆိုတော့ နေစမ်းပါအုံး သူတို့က အမေ့စကားကို နားမ ထောင်ကြတာလား.. ဘယ်လိုဖြစ်တာတုန်း´
သာဝ။ ။ `အဲဒီလိုလဲမဟုတ်သေးဘူးကွ.. မင်းတို့ စပါးကျည်ကြီး မီးလောင်တော့ မင်းတို့အိမ်လဲ မီးထဲပါသွားတယ်လေ… မင်းအမေပါ တစ်ခါတည်းပါသွားတာ´
ကျော်ကြီး။ ။ `အောင်မလေးဗျာ.. အမေပါသွားတယ်၊ ဒါဆို ငါ့အမေသေပြီပေါ့၊ အောင်မလေး အမေရယ်… အမေရဲ့.. အမေသေတာတောင် သားမသိလိုက်ရပါလားအမေရယ်… အဟီးးးးး အဟင့် အဟင့်၊ မင်းကလဲကွာ ငါ့အမေတစ်ယောက်လုံးသေတာတောင် ထူးထူးခြားခြား ဘာမှမဖြစ်ဘူးလို့ မင်းမို့လို့ပြောရက်တယ်.. အံ့သြပါရဲ့။ ကဲ.. ထားလိုက်ပါတော့.. ဒါဆိုရင် ငါ့အဖေနဲ့အစ်ကိုက ဘယ်မှာနေကြလဲဟင်´
သာဝ။ ။ `မင်းအစ်ကိုကတော့ မီးရှို့မှုနဲ့ထောင်ကျသွားတယ်´
ကျော်ကြီး။ ။ `ဟင်…..´
သာဝ။ ။ `မင်းအဖေကတော့ အဲဒီစိတ်နဲ့ပဲ ရူးနေတယ်…´
ကျော်ကြီး။ ။ `အောင်မလေးဗျာ… အောင်မလေး… အမေက သေတယ်၊ အဖေက ရူးနေတယ်၊ အစ်ကိုက ထောင်ကျနေတယ်၊ ညီမလေးက အရက်သမားနောက်ပါသွားတယ်… အဲဒါကိုများ ဘာမှထူးထူးခြားခြားမဖြစ်ပါဘူးလို့ မင်းမလို့ပြောရက်တယ်။ အဲဒါ ပုံမှန်အခြေအနေ ဖြစ်မလားကွ..´
သာဝ။ ။ `စိတ်ကို တည်တည်ငြိမ်ငြိမ်လေးထားစမ်းပါကွာ၊ ဒါဟာ လောကဓံတရားရဲ့ ပုံမှန်ပြကွက်တွေပါ´
ကျော်ကြီး။ ။ `အောင်မလေး မလေး… တည်ငြိမ်နေလိုက်တာ၊ ရင့်ကျက်နေလိုက်တာ၊ တရားတွေပေါက်နေတဲ့ တရားရှင်ကြီး အဟီးဟီး… အဟင့် အဟင့်… ရှလွတ်။ မင်း ခံနိုင်ရည်ရှိပေမယ့် ငါခံနိုင်ရည်မရှိသေးဘူး သူငယ်ချင်းရယ်... ငါ့ရင်ထဲမှာပူနေပြီ အဟင့် အဟင့်။ ကဲ.. ပြောစမ်းပါအုံး .. ဒါဆိုရင် ငါ့ညီလေးတွေ ငါ့ညီမလေးတွေရောဟင်.. ဘယ်လိုနေထိုင်စားသောက်ကြတုန်းကွာ´
သာဝ။ ။ `သူတို့ကတော့ အေးအေးဆေးဆေးပါပဲ´
ကျော်ကြီး။ ။ `အောင်မလေး တော်ပါသေးရဲ့၊ အရီးလေးတို့က ခေါ်ပြီးမွေးစားထားလိုက် တယ်မဟုတ်လား´
သာဝ။ ။ `အဲဒီလိုလဲ မဟုတ်သေးဘူးကွ´
ကျော်ကြီး။ ။ `ဟင်.. အဲလိုမဟုတ်တော့ ဘယ်လိုဖြစ်ပြန်ပြီတုန်း ပြောပါအုံးကွာ…´
သာဝ။ ။ `သူတို့အတွက်က ဘာမှပူစရာမလိုပါဘူးကွာ စိတ်အေးအေးထားစမ်းပါ´
ကျော်ကြီး။ ။ `အော်… အေး… အေးကွာ.. ငါ စိတ်အေးအေးထားလိုက်တော့မယ်နော်´
သာဝ။ ။ `ထားလိုက်စမ်းပါ သူငယ်ချင်းရာ´
ကျော်ကြီး။ ။ `တော်သေးတာပေါ့ကွာ... အခုမှပဲ ရင်ထဲမှာ အေးသွားတော့တယ်ကွာ… ပြောစမ်းပါအုံး…´
သာဝ။ ။ `သူတို့ကို တစ်ရွာလုံးက သနားနေတော့…´
ကျော်ကြီး။ ။ `အေးပေါ့…´
သာဝ။ ။ `သူတို့ကလည်း ရွာထဲမှာ လှည့်ပတ်တောင်းရမ်းစားသောက်တော့ ရွာထဲက ထမင်းကျန်၊ ဟင်းကျန်လေးတွေ ပေးလိုက်ကြတာပါပဲကွာ…´

ဇာတ်လမ်းထဲက ဟာသလေးပါ။ biggrin


ဆက်လက်ဖတ်ရှုရန်...

ငါ့ကဗျာ  

စာရေးသူ >> အညာသား


အလွမ်းက ပင်လယ် ဆိုရင်
မှောက်ခဲ့တဲ့လှေငယ်ဟာ င့ါနှလုံးသားပေါ့
ပျောက်ဆုံးသွားတဲ့ ဆုံမှတ်တစ်ခုက
အခုထိေ၀၀ါးနေတုန်းပဲ
တကယ်တော့ နင်ဟာငါ့ရဲ့အသက်ပါ
ငါမပိုင်တဲ့ ဒုတိယအသက်ပေါ့ကွယ်
ငါ့မနက်ခင်းတိုင်းရဲ့ အာရုဏ်ဦး
ငါ့အိပ်မက်ပေါင်းများစွာရဲ့ ပန်းတိုင်
လှေမှောက်ခဲ့ပေမယ့်
ရွက်မကျိုးသေးပါဘူး…။
အသဲကွဲတယ်ဆိုတာ
ငါ့အတွက် ကဗျာတစ်ပုဒ်မွေးဖွါးခြင်း
နင့်နင့်သီးသီးချစ်ခဲ့ပေမယ့်
နင့်အတွက်က မခံစားတတ်ခြင်း
မညီမျှခြင်းတွေနဲ့ ဘောင်ခတ်နေတဲ့
မင်းနဲ့ ငါ့ကြားမှာ
မှားယွင်းစွာသန္ဓေတည်ခဲ့တာ “အချစ်” ပေါ့
မင်းအတွက်ကြောင့်
ငါ့ကိုယ်ငါ သတ်မသေပါဘူး
ငါ့ဘ၀မှာ ပျက်နေတဲ့ရင်ဘတ်နဲ့
အသက်ဆက်ရှင်နေတယ်
ဒါပေမယ့် နင်စွန့်ပစ်ခဲ့တဲ့ဘဝ
ဘယ်လောက်ထိ ကျိုးကျနေသလဲသိချင်ရင်
တစ်ချက်လောက်လှည့်ကြည့်လိုက်ပါ
နှလုံးသားမှာ
တစ်စစီ စုတ်ပျက်နေတဲ့
အခန်းလေးခန်းတွေ့ရမယ်
နင်ပျော်နိုင်ပါစေကွယ်…။ ။

(သယ်ရင်းတစ်ယောက်ရဲ့ခံစားချက်ပါ)

ဆက်လက်ဖတ်ရှုရန်...

အသက်ရှင်ခြင်း  

စာရေးသူ >> အညာသား


တစ်ခါက ရွာတစ်ရွာမှာ ချမ်းသာကြွယ်ဝယုံသာမက အပေးအကမ်းရက်ရောပြီး အလွန်ရိုးသား သော လူရွယ်တစ်ယောက်ရှိသတဲ့။ ဆွေးမျိုးမရှိသည့်အပြင် လူပျိုလူလွတ်တစ်ယောက် ဖြစ်တာကြောင့် သူပိုင်တဲ့ ပစ္စည်းဥစ္စာတို့ကို စိတ်ချယုံကြည်စွာ ထိန်းသိမ်းပေးမယ့်သူ မရှိဘူးဖြစ်နေတာပေါ့။ ဒါကို သိကြားမင်းကြီးသိလေတော့ နတ်သမီးတမျှ ချောမောလှပသော မိန်းမပျိုတစ်ယောက်ကို ဖန်ဆင်းလိုက်ပြီး ထိုလူရွယ်ဆီသို့ ပို့ပေးလိုက်သတဲ့။ မိန်းမပျိုနှင့်အတူ အိုးလေးတစ်လုံးကိုပါ ပေးလိုက်ပြီး ၄င်းအိုးအားမဖွင့်ရန် အတန်တန်မှာကြားလိုက်တယ်။ အတိုခြုံးပြောရရင် ရိုးသားတဲ့လူရွယ်လေးရဲ့ ပစ္စည်းဥစ္စာတို့ကို မိန်းမပျိုလေးမှ ထိန်းသိမ်း စောင့်ရှောက်ပေးသတဲ့။ သိကြားမင်းကြီးပေးလိုက်တဲ့အိုးလေးကို လူရွယ်လေးက ဖွင့်ကြည့်ဘို့ ကြိုးစားတယ်။ ဒါကို မိန်းမပျိုလေးကမြင်တော့ ၄င်းအိုးအား လုံးဝမဖွင့်ရန် ပြောသတဲ့။ လူငယ်က အဘယ်ကြောင့်နည်းဟု မေးလတ်သော် မိန်းမပျိုလေးက ၄င်းအိုးအတွင်းမှ အရာအားလုံး ထွက်ကျသွားရင် လူ၊ သတ္တ၀ါအားလုံး ကွယ်လွန်အနိစ္စရောက်ရလိမ့်မယ် လို့ ပြောသတဲ့။ မိန်းမပျိုလေးရဲ့ စကားကို မယုံနိုင်သော လူရွယ်လေးက အိုးကို အတင်းဆွဲဖွင့်လိုက်တော့ “စိုးရိမ်ပူပန်ခြင်း၊ ၀မ်းနည်းခြင်း၊ ၀မ်းသာခြင်း၊ ယုံကြည်ခြင်း၊ သစ္စာရှိခြင်း… စ,တာတွေ အားလုံး အိုးလေးထဲက ထွက်ကျကုန်သတဲ့။ မိန်းမပျိုလေးက လူရွယ်ထံသို့ပြေးလာပြီး အိုးလေးကို အလျှင်အမြန် ပိတ်လိုက်သတဲ့။ အိုးလေးထဲမှာ “မျှော်လင့်ခြင်း” တစ်ခုပဲ ကျန်ခဲ့သတဲ့။
ပီအက်စ်။ ။(၁၀)တန်းနှစ်က ကျနော့်ဆရာပြောပြခဲ့သော ဘယ်တော့မှမမေ့နိုင်တဲ့ အသက်ရှင်ခြင်း ပါ။

ဆက်လက်ဖတ်ရှုရန်...

ဇာတ်သိမ်း  

စာရေးသူ >> အညာသား


ကျေးလက်ရွာတစ်ရွာ၏ ဘုရားပွဲညတွင် ပြဇာတ်ဖြင့် ကပြဖျော်ဖြေနေလေသည်။ မြို့ပေါ်မှ ဇာတ်ကြီးများကိုမငှါးပဲ ရွာသားများကိုယ်တိုင် ပါဝင်သရုပ်ဆောင်ကြသော အရပ်ပြဇာတ်သာဖြစ် သည်။ ကြေကွဲစရာဇာတ်လမ်းဖြစ်သည့်အပြင် ဇာတ်လမ်းဇာတ်ကွက် ထိထိမိမိရှိလှသော ကြောင့် ပရိတ်သတ်မှာ မျက်ရည်တွဲလဲ၊ ပါးစပ်အဟောင်းသားဖြင့် ခံစားကြည့်ရှုနေလေသည်။ ပြဇာတ်က နောက်ပိုင်းရောက်လာလေ ပို၍ကောင်းလာလေဖြစ်သည်။ ဘယ်လိုဇာတ်သိမ်း မလဲဆိုတာကို ပရိတ်သတ်က ထင်ကြေးအမျိုးမျိုးပေးကာ ကြည့်ရှုနေကြလေသည်။ အနှစ်(၂၀)ကျော်ဝေးကွာခဲ့ရသော သားမိသားဖ(၃)ယောက်တို့ ပြန်လည်ဆုံတွေ့ကြသည့် နောက်ဆုံးဇာတ်သိမ်းခန်းပင်ဖြစ်သည်။ အဖေသည် သားဖြစ်သူ လူ့လောကသို့မရောက်ခင် ကတည်းက သားနှင့်မယားကို ခွဲခွါသွားခဲ့သည်။ အဖေနှင့်သား ပြန်လည်တွေ့ဆုံကြသည့်အခါ မိခင်ဖြစ်သူမှ
“သား…သားလေး…၊ အမေ့သားကိုယ်တိုင် သေနတ်နဲ့ပစ်ပြီးဖမ်းလိုက်တာ သားအရမ်းတွေ့ချင် နေပါတယ်ဆိုတဲ့ သားရဲ့အဖေ ဓါးပြလူမိုက်ကြီးပေါ့”
ဓါးပြ။ ။ “ဟင်…ဒါဆို.. ဒါဆို… ဒါ… ငါ့သားပေါ့… ဟုတ်လား မခင်လှ.. ငါ့သားလေးပေါ့..။ သားရယ်.. ငါ့သားလေး လူ့လောကထဲမရောက်ခင်ကတည်းက အဖေက သားနဲ့ခွဲခွါသွားခဲ့တာ နှစ်တွေအများကြီး ကြာခဲ့ပြီနော်..။ အဖေ့ကိုခွင့်လွှတ်ပါသားရယ်..၊ အဖေကသားကိုမသိ သားကလဲ အဖေ့ကိုမသိ၊ အဖေက ဓါးပြလူမိုက်၊ ငါ့သားလူလိမ္မာလေးက ရဲစခန်းမှုးကြီး၊ အဖေလူမိုက်ကြီးကို သားလေးကိုယ်တိုင် ဖမ်းမယ်ဆိုတာ အဖေသိခဲ့ရင် အဖေကိုယ်တိုင် လက်နက်ချပြီးအဖမ်းခံခဲ့ပါတယ်ကွယ်။ အခုတော့ အဖေနဲ့သားရဲ့ ပြန်လည်ဆုံတွေ့မှုက အဖေရဲ့ နောက်ဆုံးထွက်သက် အချိန်ဖြစ်သွားပြီ။ သားမှာအပြစ်မရှိပါဘူး၊ အားလုံးဟာ အဖေ့ရဲ့ မိုက်ပြစ်တွေပါ သားရယ်…။ အဖေကသားကို အရမ်းချစ်ပါတယ်၊ သားကလဲအဖေ့ကို ချစ်မယ်ဆိုတာ အဖေယုံပါတယ်။ အဖေက သားကို မမှတ်မိ၊ သားကလဲ အဖေ့ကိုမမှတ်မိ။ အဖေနဲ့သားတို့ရဲ့ ဇာတ်သိမ်းခန်း မလှပခဲ့တာ အဖေ လူမိုက်ကြီးကြောင့်ပါ။”
သို့နှင့်… ဓါးပြလုပ်သူသည် ပြောရင်းပြောရင်း သားတွေအဖေတွေရှုပ်ကုန်သည်။ ဘာဆက်ပြောရ မှန်းမသိတော့တဲ့အဆုံး အဖေဓါးပြကြီးပြောချလိုက်ပုံက
“အဖေ့ရဲ့နောက်ဆုံးအချိန်လေးမှာ ငါ့သားလေးက အဖေ့ကို “သား….” လို့ တစ်ခွန်းလောက် ခေါ်ပါ သားရယ်…။”
ကြေကွဲဖွယ်ဇာတ်သိမ်းခန်းသည် ငိုအားထက် ရယ်အားသန်စွာ ပြီးဆုံးသွားလေတော့သည်။

ဆက်လက်ဖတ်ရှုရန်...

အရိပ်မဲ့ပန်း မနွမ်းစေချင်  

စာရေးသူ >> အညာသား


ကျွန်တော်တို့တွေသည် ဒုက္ခရောက်နေသောသူများ၊ ဆင်းရဲနွမ်းပါးနေသော ကလေးသူငယ် များနှင့် သက်ကြီးရွယ်အို ဘိုးဘွားမိဘများကို မြင်သိ၊ ကြားသိရသောအခါ..“သြော်..သနားစ ရာကောင်းလိုက်တာ၊ စိတ်မကောင်းလိုက်တာ..” စသဖြင့် ၀ဇီကံမှု၊ မနောကံမှုတို့ဖြင့် ကရုဏာ ဖြစ်နေရုံနှင့် ရပ်နေလို့မသင့်တော်ပါဘူး။ သူတို့အတွက် မိမိတို့တွေ တက်နိုင်သလောက် ထောက်ပံ့ပေးနိုင်မှု ကာယကံ ကရုဏာမြောက်အောင် လုပ်မှသာလျှင် သူတို့အတွက်လည်း အကျိုးရှိပါလိမ့်မယ်။ လှူဒါန်းမှုနည်းသည်၊ များသည်ကတော့ မိမိတို့ဝင်ငွေနှင့်မိမိ အတိုင်း အတာကြောင့် ကွဲခြားမှုတော့ရှိပါလိမ့်မယ်။ သို့သော် မိမိတို့စိတ်မှာ မေတ္တာ၊ ကရုဏာသက်ဝင် လှူဒါန်းမှု၊ စေတနာထက်သန်မှုကသာ ပဓာန ဖြစ်ပါတယ်။ ထို့ကြောင့် ကျွန်တော်တို့သည်လည်း တက်နိုင်တဲ့ဘက်မှ၊ တက်စွမ်းသလောက် ပါဝင်လှူဒါန်းနေခြင်းဖြစ်ပါတယ်။ မိုးစက်ပေါင်းများစွာ စုပေါင်းရာမှ မြစ်၊ ချောင်းတွေဖြစ်လာရသလို ကျွန်တော်တို့တွေအားလုံး အနည်းငယ်မျှပင် ဖြစ်ပါစေ တထောင့်တနေရာမှ လှူဒါန်းမှု၊ စောင့်ရှောက်မှုတွေ လုပ်သွားကြမည်ဆိုလျှင် ကျွန်တော်တို့တွေရဲ့ ညီ၊ အကို၊ မောင်နှမ၊ ဘိုးဘွား၊ မိဘတွေမှာ အနှိုင်းမရတဲ့ ပီတိအပြုံးနဲ့ စားသုံးနိုင်ကြမှာပါ။ ဒါကြောင့် နည်းသည်၊ များသည် ပဓာနမထားဘဲ၊ အသင်းလိုက်ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ လစဉ်စုပေါင်း၍ဖြစ်စေ အမိမြေမှ သားချင်းများကို တက်စွမ်းသမျှ ဖေးကူရ အောင်လို့ တိုက်တွန်းပါရစေ။
အရိပ်မဲ့ပန်း ၊မနွမ်းစေချင်၊
ကရုဏာဝင်၍၊
တတ်စွမ်းသမျှ၊ လှူဒါနဖြင့်၊
ကူညီဖေးမ၊ ပရဟိတ…….။

Your pictures and fotos in a slideshow on MySpace, eBay, Facebook or your website!view all pictures of this slideshow



ကျွန်တော်တို့လူမျိုးတွေဟာ အလှူအတန်းမှာတော့ အင်မတန် ရက်ရောကြတယ်ဆိုတာ အားလုံးသိနေပြီးဖြစ်ပါတယ်။ သို့သော် ဆွမ်းတစ်နပ်မရသေးတဲ့ ဆရာတော်ကို လှူလိုက်ရမှာ၊ ဒုက္ခအတိရောက်နေတဲ့ ကလေးသူငယ်တို့ကို ကျွေးမွေးစောင့်ရှောက်ရမှာ ၀န်လေးတတ်ကြ တယ်။ ပါးစပ်ကပဲ သနားလွယ်ကြပါတယ်။ ကာယကံမြောက်ကရုဏာ မဖြစ်ကြပါဘူး။


မလိုအပ်တဲ့နေရာတွေမှာ ဘုရားတည်၊ ကျောင်းဆောက်ပြီး ဘုရားဒကာဖြစ်ချင်ကြပါတယ်။ လိုအပ်တဲ့နေရာမှာ အိမ်သာတောင် မဆောက်ပေးချင်ကြပါဘူး။ ယခုပစ္စုပ္ပန်အချိန်မှာ လိုအပ်နေတာတွေ အများကြီးရှိနေတယ်။ ဒါလေးတွေကို သိစေချင်ပါတယ်။ ဘုရားရှင် ဟောတော်မူခဲ့တာလေး ရှိပါတယ်။ “ဒါနအကြောင်းကို ငါဘုရားလောက်သာ သိမယ်ဆိုရင် ကိုယ်စားမယ့် ထမင်းလုပ်ကိုတောင် မစားဘဲ လှူဒါန်းကြလိမ့်မယ်လို့” မိန့်ဆိုခဲ့ပါတယ်။ အမှန်တစ်ကယ် သာသနာပြုတယ်ဆိုတာကလည်း ဘုရားတည် ကျောင်းဆောက်တာမှ သာသနာပြုတယ်မခေါ်ဆိုပါဘူး။ သာသနာသည်လည်းဘဲ အဆောက်အဦး မဟုတ်ပါဘူး။ သာသနာပြုတယ်ဆိုတာ ဗုဒ္ဓအဆုံး အမတွေကို ကိုယ့်နှလုံးသားနဲ့ အခြားသူတွေရဲ့နှလုံးသားမှာ တည်အောင်ကြိုးစားတာကမှ တကယ့်သာ သနာပြုတာပါ။ ဗုဒ္ဓအဆုံးအမတွေက ဘာလဲဆိုတာ ပြန်လည်သုံးသပ်ကြည့်စေချင်ပါတယ်။ အတိုဆုံးခြုံပြောရရင် ကောင်းမှုမှန်တာမျှအကုန်လုပ်၊ မကောင်းတာမှန်သမျှ ဘာမှမလုပ်နဲ့၊ စိတ်ကိုဖြူအောင်ထားဖို့ပါ။ ဒါကြောင့် ကောင်းမှုဒါန လုပ်ရာမှာလည်း “မရွေးချယ်ဘဲ ရမ်းလှူသောဒါနသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာပေါများ ကြွယ်ဝသော်လည်း ဉာဏ်ထိုင်းသူ မဂ်ဖိုလ်မရနိုင်သူသာဖြစ်ရသည်။ လောကအတွက်၊ သာသနာအတွက် ဉာဏ်ယှဉ်ပြီး ရွေးချယ်လှူဒါန်းသူများသည် ဖြစ်ရာဘ၀တွင် ပစ္စည်းဥစ္စာ ပေါများချမ်းသာရသလို ဉာဏ်လည်းကောင်းသည်။ တရားတစ်ကြိမ်နာရုံနှင့် မဂ်ဖိုလ်ရနိုင်သည်။ ပညာမဲ့သူသည် ဘ၀ကို ကာမဂုဏ် ခံစားဖို့အတွက် အသုံးချ၍ အပယ်လေးပါးသို့သွားသည်။ ပညာရှိသည် လူ့ဘ၀ ကုသိုလ်ရဖို့အတွက်အသုံးချ၍ နိဗ္ဗာန်သို့သွားသည်” ဟု ဆရာတော် အရှင်ဇ၀န(မေတ္တာရှင်)က ဆုံမတရားရေးပေးခဲ့ပါတယ်။

ယခုလက်ရှိအချိန်မှာ အမှန်တကယ်လိုအပ်နေသော နေရာလေးတစ်ခုကို ညွှန်ပြလိုပါတယ်။ လူမျိုးစုံ၊ ဘာသာစုံ မိဘမဲ့ကလေးငယ်များနှင့် နာဂစ်မုန်တိုင်းဒဏ်ကြောင့် ခိုလှုံ ရောက်ရှိလာရ သော မိဘမဲ့ကလေးပေါင်း(၆၀၀)ကျော်ကို ဆရာတော်ဘုရား၏ ကြီးမားသော ကရုဏာနှင့် စောင့်ရှောက်ထားလျက်ရှိပါတယ်။ သို့သော် ကလေးငယ်များ၏ နေထိုင်စားသောက်ရေးနှင့် ကျန်းမာရေး၊ ပညာရေးအတွက် ဘက်စုံပြည့်စုံရန်မှာ အင်မတန် ခက်ခဲလျက်ရှိပါတယ်။ လိုအပ်နေရာ၊ လိုအပ်တဲ့အချိန်၊ လိုအပ်တာလေးတွေကို လှူရတာဟာ အင်မတန်မြင့်မြတ်တဲ့ ဉာဏ်နှင့်ယှဉ်သော ဒါနမျိုးဖြစ်ပါတယ်။ ယခုသူတို့လေးတွေဟာ…
ဂျင်းတစ်တက်နဲ့ ဟင်းချက်နေကြရရှာတယ်။
ဗလာတစ်အုပ်နဲ့ ကဗျာတစ်ပုဒ်ရွတ်နေကြတယ်။
တီရှပ်တစ်ထည်နဲ့ ရယ်တတ်နေကြတယ်။
ဆားတစ်ဆုပ်နဲ့ တအားတုတ် နေကြတယ်။
ဂေါ်ရခါးသီးနဲ့ အပျော်တအားကြီးနေကြတယ်။
အ၀တ်တစ်ထည်နဲ့ ချစ်စဖွယ် ဖြစ်နေကြတယ်။
အချင်းချင်း ချစ်တတ် နေတတ် စိုးရိမ်တတ်ကြတယ်။
“အပင်ရှင်သန် ပန်းတိုင်းပွင့်ဖို့ မြေဆီ ရေနေ လိုအပ်သလို ထမင်းနှစ်နှပ်နဲ့ ရေရှည် ရပ်တည်ဖို့ သူတို့ ထူးချွန်ပြောင်မြောက် လူလားမြောက်ဖို့ သူတို့ အနာဂါတ်လေးတွေ လှပရှင်သန်စေဖို့
ကျွန်တော်တို့၊ ကျွန်မတို့ မေတ္တာ၊ ဂရုဏာ စေတနာနဲ့ ပြုစုစောင့်ရှောက်ကြပါစို့…”။

ဦးပဏ္ဍ၀ (ဦးစီးပဓာန နာယကဆရာတော်)
ဒိုးဝင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးရေးကျောင်း၊
လူမျိုးစုံပြုစုစောင့်ရှောက်ရေးဌာန၊
ပြင်ဦးလွင်မြို့၊ မန္တလေးတိုင်း။
၃၃မိုင် ၇ဖာလုံ၊ မန္တလေး+ပြင်ဦးလွင် လမ်းဘေးအတက်လမ်း။

ဒိုးပင်သို့ ပါဝင်လှူဒါန်းလိုလျှင် မြန်မာနိုင်ငံမှ ပရဟိတ လုပ်ဆောင်နေသူများနှင့် တိုက်ရိုက် ဆက်သွယ်နိုင်ပါသည်။
မောင်သစ်လွင်ထွန်း (starfalls.nazy@gmail.com) ph 02-80211, 02-80322
မသန်းသန်းနု (wgwhitegirl@gmail.com) ph 09-2018506
ကိုဝင်းကျော်သူ (wkthu2006@gmail.com)
Global Net ,Room 1,building 7,Hlaing tsp (01-652232,652324,507054)
ရုံးချိန်(မနက်၉း၀၀ မှညနေ ၅း၃၀ ထိ)(တနင်္လာနေ့မှ စနေနေ့အထိ)

စင်္ကာပူ မှာဆက်သွယ်နိုင်ရန်...
ပိစိ - ၀၆၅-၉၂၃၉၂၄၄၁ (moethu.may@gmail.com)
မငြိမ်း - ၀၆၅-၈၁၅၂၆၈၁၁ (khinchothet@gmail.com)
ကိုသက် - ၀၆၅-၉၃၃၉၂၂၇၀ (kothetsince1986@gmail.com)

ရုရှားရောက်မြန်မာကျောင်းသားများကိုယ်စား ကျွန်တော်တို့၏ ထေရ၀ါဒဗုဒ္ဓဘာသာ လူငယ် များအသင်း(YMBA) မှ ယခုလတွင် ဒိုးပင်အောင်ကံသာ ပရဟိတလူငယ်ဖွံ့ဖြိုးကျောင်းသို့ တတပ်တအား ပါဝင်လှူဒါန်းသွားမည်ဖြစ်ပါသည်။
ရေးသားတင်ပြသူ- အောင်ဦး
http://dhammaratha.blogspot.com/
http://www.ymba-mephi.co.cc/

ဆက်လက်ဖတ်ရှုရန်...

ရေငုံနှုတ်ပိတ်  

စာရေးသူ >> အညာသား


မော်စကိုမြို့၏ ကျောင်းဆေးခန်းတစ်ခန်းတွင်...
ဒေါက်တာ။ ။ “နောက်တစ်ယောက်ဝင်ခဲ့ပါ။”
ဟု ဆေးခန်းအတွင်းမှ ခေါ်သံကြားလိုက်ရသဖြင့်
ဆေးခန်းကဒ်နဲ့ ကျောင်းသားကဒ်လေး ကိုကိုင်ပြီး တစ်လောကလုံး၏လုပ်စာကို ထိုင်စားနေရသော မျက်နှာပေးဖြင့် ဆေးခန်းအတွင်း သို့ ၀င်သွားသည်။ ဆေးခန်းအတွင်းတွင် ဒေါက်တာမ (၂) ယောက်ထိုင်နေသည်။ အသက် ကြီးသည်ဟုထင်ရသော ဒေါက်တာက လူနာအား အကျီချွတ်ခိုင်းလိုက်သည်။ အကျီကြယ်သီး လေးကိုကိုင်ကာ လူနာက အူကြောင်ကြောင်ဖြစ်နေသည်။ အဘယ့်ကြောင့် အကျီချွတ်ခိုင်း သည်ကို နားမလည်သောကြောင့် ဒေါက်တာအား ပြန်မေးမည်အပြု
ဒေါက်တာ။ ။ “ချွတ်ပါ၊ ရဲရဲချွတ်ပါ။ ဘာမှမကြောက်ပါနဲ့”
ဟု ထပ်ပြောရာ လူနာက အကျီအပေါ်ကြယ်သီး ၂ လုံးကို ဖြုတ်လိုက်သည်။
လူနာ။ ။ “ဟုတ်ကဲ့.. ကျနော်.....”
ဟု စကားချီပြီး ဒေါက်တာကို ပြန်မော့ကြည့်မိတော့ အထက်ကအတိုင်း နှုတ်က ပြောယုံသာ မက ကိုယ်ဟန်အမူအရာနှင့်ပါ လုပ်ပြလေသည်။
နောက်တစ်ခါထပ်မေးရင်လည်း ဒေါက်တာ ကိုယ်တိုင် ဆွဲချွတ်တော့မည့်အနေအထားသို့ ရောက်နေသဖြင့် မထူးတော့ပြီမို့ အကျီကို တုန်တုန်ရင်ရင်ဖြင့် ကိုယ်ပေါ်မှ ချွတ်ချလိုက်လေသည်။ ကြီးမားကျယ်ပြန့်သော လူနာ၏ ရင်အုပ်ကို ဒေါက်တာမ (၂) ယောက် သေချာကြည့်လေသည်။ အသက်ကြီးသည်ဟုထင်ရ သော ဒေါက်တာက မျက်မှန်တပ်၍ပင် ကြည့်နေသေးသည်။ လူနာသည် ဒေါက်တာမ (၂) ယောက်၏ အမူအရာကို တဖြည်းဖြည်း ပို၍နားလည်ရခက်လာသည်။ ထို့နောက်
ဒေါက်တာ။ ။ “မတ်တပ်ရပ်ပြီး ဟိုဘက်ကိုလှည့်ပါ။
အူကြောင်ကြောင်လူနာလည်း ဒေါက်တာဘက်သို့ပြန်လှည့်ကြည့်မိတော့ ဒေါက်တာမှ စကား မများနဲ့ ဟူသောအဓိပ္ပါယ်ဖြင့် ပါးစပ်ကို လက်ဖြင့်ပိတ်ပြသည်။ “ဘုရား ဘုရား ... ငါတော့ ရေတိမ်နစ်ပြီထင်ပါရဲ့” ဟု စိတ်ထဲတွင် ရေရွတ်လိုက်ပြီး သက်ပြင်းတစ်ချက်မှုတ်ထုတ်ကာ ဒေါက်တာမ (၂) ယောက်အား ကျောပေး၍မတ်တပ်ရပ်လိုက်သည်။ ကျောပြင်ကို သေချာ ကြည့်ပြီးနောက်
ဒေါက်တာ။ ။ “ရပါပြီ.. ပြန်ထိုင်ပါ၊ အကျီပြန်ဝတ်ပါ။”
ဟု ပြောပြီး.. ဆေးခန်းစာရွက်တွင် ဒေါက်တာများနှင့် ဆေးရောင်းသူများသာ ဖတ်တတ်သော၊ ဆေးညွှန်းစာဟုထင်ရသော စကားဝှက်များကို ထုံးစံအတိုင်းရေးချသည်။ အားလုံးရေးပြီးသွား တော့ ထိုစာရွက်ကို လူနာအားကမ်းပေးလေသည်။ လူနာလည်း ဒေါသ အလိပ်လိပ်တက်ကာ ရှိသမျှအားအင်တို့ကို ခြစ်ခြုတ်၊ ညှစ်ထုတ်ပြီး ပြောလိုက်ပုံက

“ကျနော် ခြေထောက်နာနေလို့ပါခင်ဗျာ”
မှတ်ချက်။ ။ ကိုယ်တွေ့ဖြစ်ရပ်ပင် ဖြစ်လေသတည်း။ razz

ဆက်လက်ဖတ်ရှုရန်...

ပထမဆုံး Tag  

စာရေးသူ >> အညာသား


မအားချင်ယောင်ဆောင်နေတာ အတော်ကြာသွားတယ်ထင်ပါ့ ။ အခုမှ ဘလော့ဘက်ကို ပြန်လှည့်ဖြစ်ပါတယ်ခင်ဗျာ။ လည်လည်လာသူများကိုလည်း ဧည့်ဝတ်မကျေသောကြောင့် အားနာမိပါ၏။ မီးငယ်ရေ... စိတ်ဆိုးနဲ့နော်.. နော် .. နော်.. Tag ထားတာကြာလှပြီ...အခုမှ ရေးဖြစ်လို့။ Intro များသွားလို့ သောက်မြင်ကတ်ပြီး ကိုယ့်အကြောင်းကို စိတ်မ၀င်စားပဲ နေအုံးမယ်။ Anyarthar’s intro is the end. mrgreen

သားသားနာမည် ….. အညာသား
သူငယ်ချင်းတွေကဒီလိုခေါ်တယ် ….. (Rain၊ ဂျွန်စော.... ၊ အို.. စုံလို့ပါပဲ... :D)
အနော် နေတာက ….. ရွာ
အနော့်ဆီဖုန်းဆက်ချင်ရင် ….. အညာသားတို့ရွာမှာ ဖုန်းမရှိပါ။

အနော့် အကြိုက်ဆုံးတွေက…..

အရောင်ဆိုရင်….. သားသားနဲ့လိုက်မယ်ထင်တဲ့အရောင် အကုန်ကြိုက်
အ၀တ်အစားဆိုရင်….. သူများဆီက အလကားရတာ (မှတ်ချက်။ ။ အသစ်)
အစားအစာဆိုရင်….. ကြိုက်တာတွေရေးနေရင် တအားများလို့ မကြိုက်တာတွေပဲ ပြောပြတော့မယ်နော်… (အသားထဲမှာ..သစ်သား၊ အရွက်ထဲမှာ..စာရွက်၊ အသီးထဲမှာ..ဒုံးသီး၊ ခြေ ၄ ချောင်းဆိုရင်…သံကုတင်၊ ခြေ ၂ ချောင်းဆိုရင်...လင်းတ) :P
ပစ္စည်းဆိုရင်….. ကွန်ပျူတာ (မှတ်ချက်။ ။ အင်တာနက် တပ်ဆင်ပြီး) :D
သီချင်းဆိုရင်…..ဖြေသိမ့်လိုက်
စာရေးစာဆရာ….. ဒေါက်တာမတင်ဝင်း
စာအုပ်….. ကြိုက်ရင်ဖတ်ပါတယ်၊ ဖတ်သမျှကိုလဲ အကုန်ကြိုက်ပါတယ်။
Life style….. တောဂေါ်လီ
အနော့်ဝါသနာ….. ဂစ်တာတီး၊ ဘောလုံးကန်
အလိုချင်ဆုံးလက်ဆောင်….. ရေကူးကန်၊ အားကစားကွင်း၊ စားဖိုမှုးတစ်ယောက်၊ ကား ၂ စီး၊ ၂ ထပ်တိုက် တစ်လုံး… ရှိသော ၁၀ ဧကခန့်ကျယ်သော ခြံတစ်ခြံ :D


အနော်အချစ်ဆုံးသူက….. ကိုယ့်ကိုယ်ကို (မညာတတ်လို့ပါ)
အနော်အလေးစားဆုံးသူက….. အဖေ
အနော်အခင်ဆုံးသူငယ်ချင်းက….. ကျန်စစ်
အနော့်ကို အများဆုံးနားလည်မှုပေးနိုင်သူက…..အမေ
အနော့်အမုန်းဆုံးသူက…..မရှိပါဘူး
ရင်အခုန်ဆုံးအချိန်…..စာမေးတဲ့အချိန်... (မီးငယ်နဲ့ တူတယ်) :D
အကြောက်ဆုံးအချိန်…..သေမယ့်အချိန်
အပျော်ဆုံးအချိန်….. အခုအရွယ်ထိတော့ သတိမထားမိသေးဘူး။
အမှတ်တရနေ့….. ၁၅.၃.၀၁
ဆုတောင်းတိုင်းသာပြည့်မယ်ဆိုရင်တောင်းမဲ့ဆု….. တပည့်တော် ကျန်းမာစွာဖြင့် အသက် ၁၂၀ နေရပါလို၏ဘုရား :D
အချစ်ဆိုတာ….. အချစ်
အမုန်းဆိုတာ….. သိဘူး
အလွမ်းဆိုတာ….. အလွမ်းပေါ့
သံယောဇဉ်ဆိုတာ….. အခိုင်မာဆုံးကြိုး
ဘ၀ဆိုတာ….. “ဘ” နဲ့ “၀” .. ပေါင်းထားတာ
သူငယ်ချင်းဆိုတာ….. ရင်ဖွင့်ဘို့
ချစ်သူဆိုတာ….. ချစ်ဘို့
ကိုယ့်ကိုကိုယ်ဒီလိုထင်တယ်….. တစ်ကြိမ်စကားပြောဘူးလျှင် အနော့်ကိုမှတ်မိကြသည် (အထူးသဖြင့် မိန်းကလေးများ :P)
ကိုယ့်ရဲ့လက်ဆွဲဆောင်ပုဒ်က….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
အပြောချင်ဆုံးစကားတစ်ခွန်း….. သင်ကောင်းလျှင်ကျွန်ုပ်မဆိုးပါ၊ သင်ဆိုးလျှင်လဲ ကျွန်ုပ်ကောင်းပါလိမ့်မည်။
(မှတ်ချက်။ ။ ဖြေရခက်သော မေးခွန်းများကို မေးမြန်းခြင်းမပြုလုပ်ပါရန်။ :D )

ဆက်လက်ဖတ်ရှုရန်...

သုံးသပ်ခြင်း  

စာရေးသူ >> အညာသား


ဒီနေ့မနက် စောစောနိုးနေတယ်။
ဘာဖြစ်လို့စောစောနိုးနေတာလဲလို့ စဉ်းစားမိလိုက်တော့
သြော်… သိပြီ.. “အိပ်ရေးဝလို့ပေါ့”။
ဘာလို့အိပ်ရေးဝတာလဲလို့ ထပ်ပြီးစဉ်းစားမိလိုက်တော့..
“စောစောအိပ်လို့ပေါ့” ။
ဘာဖြစ်လို့ စောစောအိပ်ဖြစ်နေတာလဲလို့ စဉ်းစားမိလိုက်ပြန်တော့
“ဘာမှမလုပ်ဖြစ်လို့ပေါ့” ။
အင်း … ဘာဖြစ်လို့ ဘာမှ မလုပ်ဖြစ်တာလဲလို့ မေးရင်တော့
အဖြေက “ဘာလုပ်ရင် ကောင်းမလဲလို့ ဦးနှောက်ကို အလုပ်မပေးလို့ပေါ့”
ဦးနှောက်ကို ဘာလို့ အလုပ်မပေးလဲဆိုပြန်တော့….
“ပျင်းလို့ပေါ့” ။
ထို့ကြောင့် စောစောနိုးသော သူများသည် ပျင်းသောသူ (ငပျင်း)များ ဖြစ်ကြသည်။
razz biggrin surprised lol mrgreen wink

ဆက်လက်ဖတ်ရှုရန်...

Mouse Cursor  

စာရေးသူ >> အညာသား


အားလုံးအတွက် အသုံးဝင်မယ်ထင်လို့ ပေါ့ပေါ့ပါးပါး Software လေးတစ်ခု လက်တို့လိုက်ပြန်ပြီဗျာ။ Blogspot, Zorpia, Friendster, Hi5 စတဲ့ Homepage တွေမှာ Cursor Effect ထည့်သလိုမျိုး ခင်ဗျားကွန်ပျူတာမှာလဲ Cousor လှလှလေးတွေ ပြောင်းသုံးဘို့ ဒီဆော့ဖ်ဝဲလေးက ဖန်တီးပေးပါလိမ့်မယ်။ ဆော့ဖ်ဝဲကိုတော့ ဒီမှာ ယူပါခင်ဗျာ။
အသုံးပြုပုံကတော့ ....
၁။ ဆော့ဖ်ဝဲကို D-Click ပေးပြီး သာမာန်အတိုင်းပဲ Run လိုက်ပါ။
၂။ ဆော့ဖ်ဝဲ Run ပြီးတာနဲ့ Internet Explower ရဲ့ Tool Bar မှာ







Cursor Mania Tab လေး တက်လာပါလိမ့်မယ်။ အဲဒီ Tab ကို ကလစ်လိုက်တာနဲ့ Cursor Table တက်လာပါလိမ့်မယ်။ အဲဒီမှာ ကိုယ်လိုချင်တဲ့ Cursor ကိုရွေးပြီး တစ်ချက်ကလစ် လိုက်တာနဲ့ Cursor လေး ပြောင်းသွားပါလိမ့်မယ်။ ဆော့ဖ်ဝဲရဲ့ အသုံးပြုပုံကတော့ ဒါပါပဲ ခင်ဗျာ။ အဆင်ပြေကြပါစေ။

ဆက်လက်ဖတ်ရှုရန်...

အ၀ှာ  

စာရေးသူ >> အညာသား


သီလရှင်ကျောင်းတွင်ဖြစ်သည်။
ထိုကျောင်းတွင် သီလရှင်အားလုံးသည် အပတ်စဉ် ဥပုသ်နေ့တိုင်း တစ်နေကုန် ဆွမ်းမစားပဲ ဥပုသ်စောင့်ကြသည်။ အဆာမခံနိုင်သော သီလရှင်တစ်ပါးသည် ဥပုသ်နေ့တိုင်းတွင် ဆွမ်းကျန် များကို ဖွက်ထားပြီး ဆွမ်းခိုးစားတတ်သည်။ တစ်ခါသော ဥပုသ်နေ့တွင် အခြားသီလရှင် တစ်ပါးက သူဖွက်ထားသော ဆွမ်းတွေကို ခိုးစားနေတာမြင်တော့ အလွန်ဒေါသထွက် သွားသည်။ သူဖွက်ထားသောဆွမ်းကို ခိုးစားနေသော ထိုသီလရှင်အား ရန်မတွေ့ပဲလဲ မနေနိုင်။ ဥပုသ်နေ့တိုင်း သူဆွမ်းခိုးစားနေတာကို အခြားသီလရှင်တွေ သိသွားမှာလဲ ကြောက် သောကြောင့် ခြင်ထောင်သံဖြင့် ရန်တွေ့လိုက်ပုံကတော့...
“အောင်မာ.. ဆရာလေးက ငါ့အ၀ှာတွေကို အ၀ှာပြုနေတယ်ပေါ့လေ.. ငါက အ၀ှာပြုနေကြမလို့ အ၀ှာပြုဘို့ ချန်ထားတာ၊ ငါ့လို အ၀ှာပြုချင်ရင် မနက်ကတည်းက အ၀ှာပြုထားပေါ့။ အခုတော့ ငါအ၀ှာပြုမယ့်ဟာတွေ သူက အ၀ှာပြုလိုက်တော့ ငါ့အတွက် အ၀ှာပြုစရာမရှိတော့ဘူးပေါ့။ ငါ့အ၀ှာတွေတော့ ကုန်ပါပြီ …”
ဟူလေသတည်း…။ ။

ဆက်လက်ဖတ်ရှုရန်...

မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း (Myanmar Wikipedia)  

စာရေးသူ >> အညာသား

မြန်မာပညာရေး လောကကို အနာဂါတ်မှာ အတော်လေးကို အထောက်အကူ ပေးမယ့် ၊ မြန်မာများအတွက် အသုံးဝင်မယ့် မြန်မာ့အွန်လိုင်းစွယ်စုံကျမ်း ဝဒ်ဆိုက်တစ်ခုနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ တစ်ကမ္ဘာလုံးက အားထားတဲ့ ၊ ဘာသာစကား တော်တော်များများနဲ့ အင်တာနက်ရဲ့ search engine မှာ ရှာဖွေနိုင်တဲ့ Wikipedia မှာ ကျနော်တို့ရဲ့ မြန်မာဘာသာနဲ့ ရှာလို့ မရသေးတာ အခက်အခဲတစ်ခုပါပဲ။ ဒီအခက်အခဲတွေကို ကျော်လွှားနိုင်ဖို့ သိချင်တဲ့ အကြောင်းအရာကို မြန်မာလို ရှာဖွေနိုင်ဖို့ ၊ အချက်အလက် ပြည့်စုံစွာ ရရှိနိုင်ဖို့ မြန်မာဝီကီပီဒိယာ ကို ဖွဲ့စည်းထားခဲ့ပါတယ်။ မြန်မာ ၀ီကီပိဒိယ ပေါ်လာတာ အတော်လေးတော့ ကြာခဲ့ပါပြီ။ သိရသလောက်ကတော့ 2005 ဒီဇင်ဘာ မတိုင်ခင်လောက် ကတည်းက စခဲ့ကြတာပါ။ ဘယ်သူက Request လုပ်လို့ ၀ီကီပိဒိယ ဖောင်ဒေးရှင်း လုပ်ပေးသလဲ ဆိုတာတော့ ကျနော်မသိပါဘူး။ (၃) နှစ်နီးပါးကြာခဲ့ပြီ ဖြစ်တဲ့ မြန်မာဝီကီ ဟာ အခုထက်ထိတော့ တိုးတက်မှု နည်းနေပါသေးတယ်။

ကျွန်တော် မြင်သလောက် ပြောရရင် မြန်မာဝီကီဟာ လူသိအရမ်းကို နည်းနေပါသေးတယ်။ သိခဲ့ရင်လဲ မြန်မာဝီကီဆိုတာ ရှိတယ် ဆိုတာမျိုးလောက်ပဲ သိတဲ့ အသိမျိုးပါ။ တစ်ချိန်မှာ မြန်မာဝီကီဟာလဲ အဲဒီလို အချက်အလက်စုံစုံ ၊ အထောက်အထား ခိုင်ခိုင်မာမာနဲ့ ဖြစ်စေဖို့အတွက် သူများလုပ်ပေးတာ အရင်ကလို ထိုင်စောင့်နေလို့ မရတော့ပါဘူး။ တတ်အားသမျှ ပညာရှင်များ ၊ ကျောင်းသားများ ၊ စိတ်ဝင်စားသူများ ၊ မြန်မာမှန်ရင် အင်တာနက်လည်း အဆင်ပြေနေမယ်ဆိုရင် တတ်နိုင်သလောက် နည်းနည်းချင်း ၀င်ရေးသင့်တဲ့ ကိစ္စတစ်ခုအဖြစ် ကျွန်တော် တိုက်တွန်းချင်ပါတယ်။

ဝီကီရဲ့ အဓိက ရည်ရွယ်ချက်က ပင်တိုင်ဆောင်းပါးရှင်များနဲ့ ရေးဖို့ထက် မည်သူမဆို ၀င်ရောက်ရေးသားပြင်ဆင်ဖို့ ဖြစ်ပါတယ်။ ၀င်ရေးချင်တဲ့ သူတွေမှာ စစချင်း ကြုံရလေ့ရှိတဲ့ အခက်အခဲက ဖွဲ့စည်းတည်ထောင်စဖြစ်လို့ နားမလည်တာလေးတွေ ၊ ဝဒ်ဆိုက်ရဲ့ မပြည့်စုံသေးမှုတွေကြောင့် စိတ်ပျက်သွားဖွယ်ရာရှိပါတယ်။ အဲဒီ အချက်တွေကို တကယ်တန်း နားလည်သူတွေက ဖြန့်ဖြူးပေးဖို့ နှောင့်နှေးနေတာကြောင့် လူသိနည်းပြီး ပြဿနာဖြေရှင်းနည်းတွေ ရေးတဲ့လူနည်းပြီး အခုလို တိုးတက်မှုနည်းနေရတယ်လို့ ယူဆမိပါတယ်။

မြန်မာဝီကီရဲ့ သဘောက ရှာလို့ရမယ် ၊ ဖတ်လို့ရမယ် ၊ ရှာလို့တွေ့တဲ့ အချက်အလက်ထဲမှာလဲ အမှားတွေ့ရင် ဒါမှမဟုတ် ထပ်ပြီး ဖြည့်စွက်ချင်ရင် စေတနာအလျှောက် လွတ်လွတ်လပ်လပ် ဖြည့်စွက်လို့ ရပါတယ်။ Register user တစ်ယောက် မဟုတ်ရင်လဲ ပြင်ဆင်လို့ ရတဲ့အတွက် အမှန်ကိုသာ ပြင်ဆင်စေချင်ပါတယ်။ ကိုယ်ပိုင် ရေးချင်တဲ့ အကြောင်းအရာ အချက်အလက်ကိုလဲ ခေါင်းစဉ်အသစ် ၊ စာမျက်နှာအသစ် ဖွင့်ပြီး ရေးလို့ရပါတယ်။ အရေးအသားကိုတော့ စွယ်စုံကျမ်းနဲ့ ကိုက်ညီအောင် ခံစားချက်ဆိုင်ရာ အရေးအသားမျိုး မဟုတ်ပဲ အချက်အလက် အထောက်အထားများနှင့် ရေးသားစေလိုပါတယ်။ မြန်မာဝီကီ ရေးသားနည်း သင်တန်းများ ဖွင့်ဖို့ အထိကိုပါ ရည်ရွယ်ထားကြောင်းနှင့် မီဒီယာများကနေပြီး ကူညီပညာပေးမယ့် အစီအစဉ်များလည်း လုပ်ဖို့ရှိတယ်လို့ ပြောပါတယ်။ သူငယ်ချင်းများမှလည်း ထပ်ဆင့်ပြီး မြန်မာဝီကီ အကြောင်းကို သတင်းပေးတဲ့ ဆောင်းပါးများ ရေးပေးကြစေချင်ပါတယ်။

အခုလက်ရှိ မြန်မာဝီကီမှာ အကြောင်းအရာပေါင်း (၂၇၀) ကျော်ပဲ ရေးထားပါသေးတယ်။ မိမိတတ်နိုင်သလောက် တစ်တပ်တစ်အား ရေးသားထားကြမှသာ အချက်အလက်ပြည့်စုံတဲ့ မြန်မာ့အွန်လိုင်း စွယ်စုံကျမ်းတစ်ခုဖြစ်လာမှာ ဖြစ်တဲ့အတွက် အားလုံးကူညီရေးသားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။ ကျနော်တို့လည်း မြန်မာဝီကီ အကြောင်းကို လေ့လာနေဆဲဖြစ်လို့ သိသမျှ အချက်အလက်များနှင့် မြန်မာဝီကီမှ ကိုဘလူးဖိနစ်ရဲ့ ဆောင်းပါးကို ကိုးကားပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ပိုမိုစုံစုံလင်လင် လေ့လာချင်ရင် မြန်မာဝီကီ မှာ လေ့လာနိုင်ကြပါတယ်။

မြန်မာဝီကီအကြောင်းကို အသိပေးနိုင်ဖို့ ဓါတ်ပုံတင်ချင်သူများအတွက် ဒီကုတ်များကို အသုံးပြုနိုင်ပါတယ်။




<img width="150" alt="MM wiki" src=" http://h1.ripway.com/minnkyansis/mmWiki New.PNG" height="190"/>



ဒါကတော့ ခုလက်ရှိ မြန်မာဝီကီရဲ့ ပုံပါ။






<img width="150" alt="MM wiki Old" src=" http://h1.ripway.com/minnkyansis/mm Wiki Old.jpg" height="190"/>


ဒါကတော့ အရင်က မြန်မာဝီကီရဲ့ ပုံပါ။



ဆက်လက်ဖတ်ရှုရန်...

Do you know I'm ?  

စာရေးသူ >> အညာသား



ဆက်လက်ဖတ်ရှုရန်...

Blogger Gathering (Moscow)  

စာရေးသူ >> အညာသား

ဇူလိုင်လ (၁၆) ရက်နေ့ မော်စကိုမြို့ MSU (Moscow State University) ကျောင်း ကျောင်းသားဆောင်မှာ အမှတ်တရ ဆုံတွေ့ဖြစ်ခဲ့ကြပါတယ်။ အဲဒီ တွေ့ဆုံပွဲမှာ ကျွန်တော်တို့ သူငယ်ချင်းတွေဟာ တစ်ယောက်နဲ့ တစ်ယောက် အပြန်အလှန် အကြံပေး ဆွေးနွေးခဲ့ကြပြီး ၂၀၀၈ ၊ ဧပြီလ ၄ ရက် ( သင်္ကြန်အကျနေ့ ) က အကြမ်းဖျဉ်း ရည်ရွယ်ထားခဲ့တဲ့ ကျွန်တော် တို့ရဲ့ အမှတ်တရ Website တစ်ခုလုပ်မယ့် ကိစ္စကို အတည်ပြုခဲ့ကြပါတယ်။ Website မှာပါမယ့် ကဏ္ဍတွေမှာ တာဝန်ယူနိုင်ကြမယ့် အပိုင်းတွေကိုလည်း ဆွေးနွေးခဲ့ကြပါတယ်။

နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် (Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။

ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီအစ်ကို ၊ မောင်နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….
…. ဓမ္မစင်္ကြာတရားတော် ရွတ်ဖတ်ပူဇော်နေစဉ် ….

……. ဆွေးနွေးပွဲနှင့် အမှတ်တရ ခရီး …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။ smile

ကိုရင်ညိန်းတင့်ထူးရွှေနတ်သျှင်နောင်Black Dreamမောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာရွှေရောင်ကောင်းကင်လင်းထွန်းလွမ်းသုခရတ်မွန်နေချိုအေးဝဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Everထိပေ့သျှင် ၊ ကိုစွမ်းကိုအောင်ညိမ်းညို ဖြိုးငယ်အောင်ဦးနန်းထိုက်ဝင်းမင်းဝေတင်နွယ်မောင် သုခရိပ်မင်းကျန်စစ်အလွမ်းရောင်စောမဏ္ဍိုင်အညာသားလေးမောင်ငယ်မောင်သုညလွမ်းစေ (မြန်မာပြည်)

ဆက်လက်ဖတ်ရှုရန်...

ဝဋ်လည်မှာစိုးတယ်  

စာရေးသူ >> အညာသား


ရင်ဆို့တယ်
မင်းစကားသံကြားရတာ
ဒါနဲ့များတောင်မှ
“ကိုယ်စိုက်ပျိုးသလောက်
ရိတ်သိမ်းရတယ်” တဲ့
စကားပုံအမှားကြီး
ငါစိုက်ပျိုးခဲ့တာ
(၁၅၀၀)ဧကတစ်ခုလုံး
ထွန်ယက်ကြဲခဲ့ရတဲ့ မေတ္တာတရားတွေ
ဖျန်းပက်ခဲ့ရတဲ့ နှလုံးသွေးတွေ
ကွင်းပြင်တစ်ခုလုံး စွေးစွေးနီလို့
တကယ်ရိတ်သိမ်းခဲ့ရတာ
တစ်ပင်တည်းပါကွယ်
“အချစ်ရေ...” တဲ့
ငါ့ရင်ခွင်တစ်ခုလုံး
မိုးသားတွေအုံ့မှိုင်း
မုန်တိုင်းထန်စေတဲ့ စကားလုံးပါပဲ
ရင်နာတယ်
မြတ်မြတ်နိုးနိုးပေးဆပ်ခဲ့ရတဲ့မေတ္တာ
ထားရှိခဲ့တဲ့အကြင်နာတွေအတွက်
ရရှိလိုက်တာ
“အားနာလို့” တဲ့လား
မချစ်ပါနဲ့ကွယ်
အားနာပါးနာမင်းချစ်နေမယ့်အစား
ရက်ရက်စက်စက်ထားခဲ့တာမှ
ငါဖြေသာပါအုံးမယ်
သွားပါတော့ကွယ်
ငါ့မျက်ရည်စက်တွေ
မင်းအတွက်ထပ်မကျချင်ဘူး
မင်းဝဋ်လည်မှာစိုးတယ်...။ ။

“သူငယ်ချင်းရဲ့ခံစားချက်လေးက ဒီကဗျာလေးဖြစ်သွားခဲ့တယ်”

ဆက်လက်ဖတ်ရှုရန်...

အခေါ်အဝေါ်  

စာရေးသူ >> အညာသား


စာမေးပွဲခန်းတစ်ခန်းအတွင်း ကောင်လေး ၁ ယောက်နှင့် ကောင်မလေး ၁ ယောက် တွဲလျှက်ကျသော ခုံတစ်ခုံ၌ဖြစ်သည်။
ကောင်မလေး။ ။ “ဟိတ်လူကြီး၊ ကျုပ်ကို မေးခွန်းနံပါတ် (၃) ရဲ့အဖြေလေး ပြောပြပါလား”
ဟုပြောလိုက်ရာ သူကိုယ်တိုင်ပင် စာမေးပွဲမဖြေနိုင်လို့ စိတ်ညစ်နေတဲ့ အချိန်မှာ သူ့ကို “ဟိတ်လူကြီး” ဟုခေါ်လိုက်သောကြောင့် ကောင်လေး အလွန်ဒေါသ ထွက်သွားသည်။ သူနှင့်ဆိုလျှင် အသက်ရွယ်တူလောက် သာရှိမည်။ သို့နှင့် ဒေါသကိုထိန်းကာ ကောင်မလေးဘက်သို့လှည့်မကြည့်ပဲ မကြားချင်ယောင်ဆောင် နေလိုက်သည်။ ခဏကြာတော့ အထက်ကအတိုင်း ထပ်ပြောပြန်သည်။ ကောင်လေးလဲ ကြိုးစားပြုံးလိုက်ပြီး ကောင်မလေး ဘက်သို့လှည့်ကြည့်ကာ
ကောင်လေး။ ။ “ ကိုကို.. ကျွန်မကို မေးခွန်းနံပါတ် (၃)ရဲ့အဖြေလေး ပြောပြပါလား ရှင်... လို့ပြောရင် အဖြေကိုငါပြောပြမယ်”
ဟု ပြောပြီး သူ့မေးခွန်း၏အဖြေကို ဆက်၍စဉ်းစားနေလေသည်။ ကောင်မ လေးခမျာ ရှက်စိတ်ဖြင့် မျက်နှာကြီးနီရဲနေသည်။ စာမေးပွဲခန်းထဲမှာမို့ ပြန်ပြီးတော့လဲ ရန်မတွေ့ရဲဖြစ်နေသည်။ ဖြေဆိုချိန်ကလဲပြည့်ခါနီးတော့ ကောင်မလေးခမျာ စိတ်ဒုန်းဒုန်းချကာ ကောင်လေးကို “ကိုကို” ဟု တိုးတိုးလေးခေါ်လိုက်လေသည်။
ကောင်လေး။ ။ “မကြားရဘူး”
ဟုပြောပြီး အကြည့်လွှဲသွားသည်။ ကောင်မလေးခမျာ ရှက်နေရင်လဲ မထူး တော့ပြီမို့ အသံကျယ်ကျယ်ဖြင့် ထပ်ခေါ်ပြီး
ကောင်မလေး။ ။ “ကိုကို ကျွန်မကို မေးခွန်းနံပါတ် (၃) ရဲ့အဖြေလေး ပြောပြပါလားရှင်” လို့ပြောလိုက်ရာ ကောင်လေးက ကောင်မလေးဘက်သို့ လှည့်ကြည့်ပြီးပြောလိုက်ပုံက
ကောင်လေး။ ။ “ကိုကိုလဲ မင်းလိုပါပဲကွယ်...”...။ razz

ဆက်လက်ဖတ်ရှုရန်...

လို၍မရသောဆင်းရဲ  

စာရေးသူ >> အညာသား


“ဖိုးထောင်”
အဖေမရှိ၊ အမေမရှိ၊ ဆွေမျိုးကင်းမဲ့ပြီး ငယ်စဉ်ကတည်းက ယခုအရွယ်အထိ တစ်ကောင် ကြွက်ဘ၀နှင့် အကျည်းတန်ခက်ထန်စွာ ဖြတ်သန်းခဲ့သော်လည်း အလွန်ဖြူစင်ရိုးသားပြီး သူတစ်ပါးအပေါ် စေတနာအပြည့်နှင့် ကူညီပေးတတ်သည်။ တစ်ရွာလုံးက ဖိုးထောင်ကို ချစ်ကြသည်။ လိုအပ်လျှင် ခေါ်ခိုင်းတတ်သလို ပေးစရာကြွေးစရာရှိရင်လည်း ဖိုးထောင် အတွက် အားလုံးက စေတနာအပြည့်ရှိကြသည်။ တစ်နေ့တစ်နေ့ ထင်းခွဲ၊ ရေခတ်၊ နွား ကျောင်း အလုပ်တွေနဲ့ပင် ဖိုးထောင်ဘ၀ကို ဖြတ်သန်းလာခဲ့သည်မှာ ယခု လူပျိုအရွယ်ပင် ရောက်ခဲ့ပြီဖြစ်သည်။ မနှစ်က တစ်ရွာလုံး၏ကောင်းမှုအကြောင်းပြု၍ ဦးပဉ္ဇင်း ၀တ်ခဲ့ရလေ သည်။ ဖိုးထောင်သည် တစ်ရွာလုံးကို သူ့မွေးကျေးဇူးရှင်အဖြစ် စိတ်ဝယ်ရည်စူးကာ အမြဲ တမ်းအောက်မေ့လျှက်ရှိလေသည်။ နေ့စဉ်နှင့်အမျှ သူ့အတွက် စားဘို့သောက်ဘို့အပြင် အ၀တ်အစားကအစ ဘာမှပူပင်စရာမလို။ သူ၏အိပ်ယာကား ဆရာတော်ဦးခေမာ၏ ဘုန်းတော်ကြီးကျောင်းသာ ဖြစ်လေသည်။ ဆရာတော်၏ဝေယျာဝစ္စကို အများဆုံးလုပ် ပေးသူမှာလဲ ဖိုးထောင်ပင်ဖြစ်သည်။ ယခုအရွယ်အထိ ဆရာတော်၏ ဆုံးမသွန်သင်မှု အောက်မှာ ကြီးပြင်းလာသကဲ့သို့ ဆရာတော်ကလည်း ဖိုးထောင်၏ရိုးသားမှု၊ တစ် ဘက်သားအပေါ် စေတနာထားမှုတို့အတွက် ပီတိဖြစ်ရကာ အမြဲတမ်းသာဓုခေါ်လေ့ ရှိသည်။
တစ်နေ့ အပေါင်းအသင်းများ၏ စေတနာဇောဖြင့် တွန်းပင့်မှုကြောင့် ဖိုးထောင်တစ်ယောက် ရွာသူကြီး၏သမီးမကြင်လှကို လူပျိုစကားပြောမိလေသည်။ သူကိုယ်တိုင်ကလည်း မကြင်လှ ကို အရင်ကတည်းက ချစ်မိနေခဲ့သူဖြစ်သည်။ ဖိုးထောင်၏ရိုးသားသော စိတ်ထား ကိုသိ၍ စိတ်မဆိုးသော်လည်း ပြောဖန်များလာတော့ မကြင်လှအတွက် စဉ်းစားစရာ ဖြစ်လာသည်။ မကြင်လှသည် မြို့က သူဌေးတစ်ယောက်နှင့် ထိမ်းမြားလက်ထပ်ရန် လူကြီးချင်း သဘောတူပြီးသားဖြစ်သည်။ ဒါကို ဖိုးထောင်ကမသိ။ဖွင့်ပြောချင်သော်လည်း ဖိုးထောင်ကို သနားသောစိတ်နှင့်ပင် မပြောဖြစ်ခဲ့။ နောက်ဆုံးတော့ “ဘကြီးအောင် ထွင်းနေတဲ့ ယမင်းရုပ်လေး ကျွန်မကိုလက်ဆောင်ပေးရင် ကိုဖိုးထောင်ကိုပြန်ချစ်ပါ့မယ်” လို့ ဖိုးထောင်အား နှစ်သိမ့်စကားဆိုလိုက်လေသည်။ ဖိုးထောင်တစ်ယောက် အားရ၀မ်းသာနှင့် ဘကြီးအောင်ဆီသို့ အပြေးအလွှားသွားကာ “ဘကြီးအောင် ဒီယမင်းရုပ်လေး ကျုပ်ကိုပေး ပါလားဗျာ” လို့ တောင်းမိတယ်။ ဘကြီးအောင်ကလည်း ဖိုးထောင် ဘာကြောင့် လိုချင် မှန်းမသိပဲ “ဒီ ယမင်းရုပ်လေးက ရောင်းဘို့ ဖိုးထောင်ရ၊ ငွေ တစ်ကျပ်ခွဲရရင် ရောင်းမယ်” လို့ ရယ်ရယ်မောမောနှင့် ပြောလိုက်လေသည်။
ဒီလိုနဲ့ ဖိုးထောင်တစ်ယောက် ယမင်းရုပ်လေးကိုဝယ်ဘို့(မကြင်လှရဲ့ အဖြေစကားကို ကြားရဘို့) ပိုက်ဆံစုတော့သည်။ အရင်က ငွေဆိုတာ ဖိုးထောင်ဘာမှနားမလည်၊ တန်ဘိုး မထားတတ်ခဲ့သော်လည်း ယခုမူ တစ်ပဲ၊ တစ်ပြားကအစ သူ့အတွက် တန်းဘိုးရှိနေလေပြီ။ စိတ်ကူးတွေပင်လယ်ဝေပြီး မအိပ်နိုင်၊ မစားနိုင်နှင့် အလုပ်တွေသာ ဖိလုပ်နေသည်။ ထမင်းကြွေးရင်လဲမစား၊ အ၀တ်အစားပေးရင်လဲမယူပဲ လုပ်အားခအတွက် ပိုက်ဆံသာ တောင်းသည်။ “မိန်းမယူဘို့ ပိုက်ဆံတွေစုနေတာလား ဖိုးထောင်ရဲ့” ဟုမေးပြီး နောက် ပြောင်ကြသည့်အခါ “မဟုတ်ဘူး မဟုတ်ပါဘူး” ဟု အကြောက်အကန်ငြင်းတတ်သည်။ ရိုးသားပြီး အရှက်အကြောက်ကြီးသော ဖိုးထောင်အဘို့ ဘယ်သူဘာမေးမေး ဘာမှပြန် မပြောနိုင်ရှာ။ အရင်နဲ့မတူ အလွန်ပြောင်းလဲလာသော ဖိုးထောင်ကြည့်ပြီး တစ်ရွာလုံးက တအံ့တသြဖြစ်နေကြသည်။ “ဘကြီးထူးကို နွားကျောင်းပေးတဲ့နေ့က နှစ်ပြား၊ အရီးလေး ဒေါ်နုကို ထင်းခွဲပေးတဲ့နေ့က တစ်ပြား” စသည်ဖြင့် လက်ချောင်းကလေးများကို ချိုးကာ ချိုးကာ ပိုက်ဆံစာရင်းတွက်ရ၊ စစ်ရသည်မှာ နေ့စဉ်နှင့်အမျှဖြစ်သည်။ သို့ဖြင့် တစ်ပြား တိုးလျှင် တစ်မျိုးဝမ်းသာလျှက် စုဆောင်းလာခဲ့ရာ ဖိုးထောင်၏စိတ်ကူးယဉ်အိမ်မက်တို့ အကောင်အထည်ပေါ်မည့် ငွေတစ်ကျပ်ခွဲ ပြည့်သောနေ့သို့ ရောက်ခဲ့လေသည်။
ဥပုဒ်နေ့ဖြစ်သဖြင့် ဘုန်းကြီးကျောင်းတွင်လဲ အလုပ်ရှုပ်နေသည်။ ဆရာတော်ကို လျှောက်တင်ဘို့ မ၀ံ့သဖြင့် ဝေယျာဝစ္စအားလုံးပြီးစီးအောင် လုပ်နေရသည်။ ဖိုးထောင်၏ စိတ်အာရုံတွင်မတော့ ယမင်းအရုပ်လေးနှင့် မကြင်လှမျက်နှာကိုသာ မြင်ယောင်လို့ နေလေသည်။ ဝေယျာဝစ္စအားလုံးပြီးစီးပြီဖြစ်လို့ “ရွာထဲကို ခဏလောက်သွား ချင်ပါတယ် ဘုရား” ဟု ဆရာတော်အားတင်လျှောက်ကာ ဖိုးထောင်တစ်ယောက် အားရ၀မ်းသာ နှင့်ပြေးအလာ ဘကြီးအောင်ရဲ့အိမ်သို့အရောက် မကြင်လှသည် မြို့ကသူဌေး၏ ဘယ်ဘက်လက်ကိုတွဲထားပြီး သူဌေး၏ညာဘက်လက်ထဲတွင်မတော့ ယမင်းရုပ်လေး။ ဖိုးထောင် ဘကြီးအောင်အနားသို့ပြေးသွားပြီး “ဘကြီးအောင် ကျုပ်ကို ငွေတစ်ကျပ်ခွဲ နဲ့ရောင်းမယ်ဆို၊ ကျုပ်ဝယ်မယ်လေ၊ ရော့ ဘကြီးအောင် ရော့” ဟု ပြောရင်း ငွေတစ်ကျပ် ခွဲကို အတင်းထိုးပေးလေသည်။ ဘကြီးအောင် ဘာမှပြန်မပြောနိုင်ရှာ။ “ကျုပ်ကိုရောင်း ပါဗျာ၊ ဒီ ယမင်းရုပ်လေးကိုရမှ မကြင်လှက ကျုပ်ကိုပြန်ချစ်မှာမို့ပါ ဘကြီးအောင်ရယ်” ဟု မျက်ရည်စက်လက်နှင့်ပြောလေတော့ ဘကြီးအောင်က ဖိုးထောင်ကို ဂရုဏာသက် စွာကြည့်ပြီး “ဟောဒီသူဌေးလေးကို ငွေတစ်ဆယ်နဲ့ရောင်းလိုက်ပြီ ဖိုးထောင်ရဲ့” ဟုပြော လိုက်လေသည်။ ဘကြီးအောင်ကိုကြည့်လိုက်၊ မကြင်လှဘက်ကိုလှည့်ကြည့်လိုက်နှင့် မျှော်လင့်ချက်တို့ဆုံးရှုံးပြီး ဆို့နင့်ကြေကွဲနေသော ဖိုးထောင်တစ်ယောက် စကားတစ်ခွန်း ပင်မဆိုနိုင်ရှာတော့။ မျက်ဝန်းအစုံမှ စီးကျလာသောမျက်ရည်တို့ကိုသုတ်ကာ “ဘကြီးအောင်ညာတယ်၊ မကြင်လှညာတယ်၊ ဘကြီးအောင်ညာတယ်၊ မကြင်လှ ညာတယ်” ဟုအော်ဟစ်ကာ ထွက်ပြေးသွားလေတော့သည်။
ယခုအခါတွင်ကား ထိုရွာကလေး၏အနောက်ဘက် နွားစားကျက်အနီး ထိန်ပင်ကြီး၏ တောင်ယွန်းရှိ သချိုင်းကုန်းတွင် အုတ်ဂူလေးတစ်လုံးကို တွေ့နိုင်ပါသည်။ အုတ်ဂူလှိုဏ်ဝ အင်္ဂတေတွင်သွင်းနှံထားသော ကျောက်ပြားငယ်ထက်တွင်ကား “လို၍မရသော ဆင်းရဲ” ဟုစာတမ်းရေးထိုးထားပါသည်။

ကိုးကား။ ။ မင်းသုဝဏ်၏ “ဘကြီးအောင်ညာတယ်” ၀တ္ထုတို။
ဝန်ခံချက်။ ။၎င်းစာအုပ်အား ဘလော့တစ်ခုမှရယူပါသည်။ မမှတ်မိသောကြောင့် ဘလော့လိပ်စာဖော်ပြမပေးနိုင်ခြင်းအတွက် ဘလော့ပိုင်ရှင်အား တောင်းပန်အပ်ပါသည်။

ဆက်လက်ဖတ်ရှုရန်...

ချီးယားစ်နဲ့ ရေစစ်  

စာရေးသူ >> အညာသား

နောင်တော်
ရေစစ်ယူခဲ့ကွာ…
ဆုံတွေ့မှုအတွက် ချီးယားစ်ကြရအောင်။

တို့ချီးယားစ်နဲ့ ရေစစ်
နာဂစ်ဝင်မွှေသလို တစစီကွဲ
အလွဲလွဲမို့ အတွဲခက်လှချည့် ညီတော်ရ။

တို့သောက်မယ့် ဒီဘရန်းမှာ
အရသာအပြင် စကားလုံးတွေပါ
ပါသေးတယ် နောင်တော်ရ
ဒါ့ကြောင့် ဘရန်းထဲက
ကသန်းကရမ်းစကားတွေပါ မသောက်မိအောင်
ဒီရေစစ်နဲ့ စစ်ချလိုက်မယ်..
တော်ရာမှာသာကျန်ခဲ့ရအောင်ပေါ့ကွာ။

နားလည်မှုချင်း ပေါင်းကူးထားတဲ့
ရင်ဘတ်နှစ်ခုထဲကို စကားလုံးတွေ မစစ်ထားတဲ့
ဘရန်းတွေ ဝင်ခဲ့ရင်တောင်
ကသန်းကရမ်းစကားတွေအစား
ဆက်လျှောက်မယ့်မှတ်တိုင်တွေဆီ
ညီရင်းအကိုတွေလို ပေးဆပ်နားလည်ခြင်းတွေနဲ့
မေတ္တာမယိုင်ပဲ တွဲလက်မြဲစွာတည်နေမယ့်
သစ္စာစကားတွေက နေရာယူကြမှာပါ ညီတော်ရေ..။ ။

ကဲ ! ချီးယားစ်...

ကျန်စစ် နှင့် အညာသား ချီးယားစ်မလုပ်ခင် ရေးဖွဲ့သည်။ razz

ဆက်လက်ဖတ်ရှုရန်...

ကျနော့်မွေးနေ့  

စာရေးသူ >> အညာသား

၂၃ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ လူ့လောကထဲသို့ ကျနော့်ကို မွေးဖွါးသန့်စင် ပေးလိုက်သော အနန္တဂိုဏ်းဝင်မိဘနှစ်ပါးအား ရှိသုံးခါခိုးရိုကျိုးပါ၏ (သောက်ပြီးရင် ကန်တော့ဘို့ မေ့သွားမှာစိုးလို့ :P) ။ မွေးနေ့ကို ပျော်ပျော်ပါးပါး ဆင်နွှဲဘို့ စိတ်ကူးယဉ်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် စိတ်ကူး အိမ်မက်တို့ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ကျနော့်စိတ်ကူးတွေ အကောင်အထည် ပေါ်တဲ့ နေ့ဟာ ဒီနေ့(ပထမဆုံးအကြိမ်) ပါပဲခင်ဗျာ။ ကျနော့်မွေးနေ့ကို လာရောက်အားပေး ကြတဲ့ ကိုကိုမမအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုကိုမမများအတွက် မွေးနေ့အစီအစဉ်



မွေးနေ့ကိတ်






စားကောင်းသောက်ဖွယ်များ








Happy Birthday


ညီတော်မောင် အချစ်တုံးလေး “မောင်ကျန်ရစ်”ရဲ့ ကျနော့်အတွက် မွေးနေ့လက်ဆောင်ပါ။

မင်းဘဝအချိန်တွေရဲ့ ငါးပုံတစ်ပုံကို
ငါနဲ့အတူ တလိမ့်ကောက်ကွေး စီးမျောခဲ့ကြပြီး
လက်မောင်းသွေးဖောက် သစ္စာရေမသောက်ပဲ
ညီအစ်ကိုတွေဖြစ်ခဲ့ကြတဲ့ မင်းနဲ့ငါ
ဘဝအစိတ်အပိုင်းတွေ အားလုံးထွင်းဖောက်လို့
အတ္တဆိုတာ တစ်ယောက်ရဲ့ကောင်းကျိုးတယောက် ဖြည့်ခြင်းပဲ။
ဝမ်းနည်းမှုဆွတ်ပျံတိုင်း ပျော်ရွှင်ခြင်းလွန့်လူးတိုင်း
တူတူစားသုံးခဲ့ကြတာ မေ့နိုင်စရာမှ မဟုတ်တာ။
မင်းမိသားစုရဲ့ မြင့်မိုရ်လို ထူမတ်ထားတဲ့မင်း
ငါ့အတွက် သူငယ်ချင်းလည်းဟုတ် အစ်ကိုဆိုလည်း ဟုတ်တယ်။
ဒီနေ့ဟာ မင်းဘဝလမ်းကြမ်းကြမ်းရဲ့
(၂၃) ဆိုတဲ့ မှတ်တိုင်တခုပေါ့…
ဒီနေ့ ဒီရက်မှစပြီး ကံကောင်းခြင်းတွေစီးနင်းရင်း
ပီတိတွေစားသုံးလို့ ပျော်ရွှင်ငြိမ်းချမ်းတဲ့
ကမ္ဘာတစ်ခု မင်းဖန်တီးနိုင်ပါစေ သူငယ်ချင်း။
ကျန်နေတဲ့ မင်းဘဝအပိုင်းအစတွေမှာ
ငါဆိုတဲ့ မင်းသူငယ်ချင်း မင်းညီတစ်ယောက်
ဘေးမှာအမြဲရှိနေတယ်ဆိုတာ ယုံပေးထားလိုက်တော့ကွာ။

မောင်နှမအရင်းပမာ ချစ်ခင်ရသော အစ်မတော် “အစိမ်းရောင်မိန်းကလေး” ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးပါ။

မောင်လေးသို့…

နှစ်ဆယ့်တစ် ဇွန်
အသက်တစ်နှစ်လွန်
အဟောင်းတွေ မေ့ထား
မောင်အညာသား...
ဘ၀ခရီး ရှေ့ဆက်
ဇွဲမာန်အပြည့်နဲ့
နှစ်ဆယ့်လေးအတွက် အားအင်ထည့်...
စိတ်နှလုံးသား ဖြူစင်ရှင်းစေ
ဘ၀ခရီး စမ်းလိုအေးစေ
ပညာဥာဏ်အသိ ဓားလိုထက်စေ
ရည်ရွယ်ချက်ထား ပန်းတိုင်ရောက်စေ

အမိကောင်းသား ပီသစေ...
မြတ်ဆန္ဒနဲ့ ဆုမွန်ခြွေ
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် တည်ပါစေ...

“ကျနော့်မွေးနေ့ကို လာရောက်အားပေးကြတဲ့ ကိုကိုမမများအားလုံးကို Record လုပ်ထားမှာဖြစ်ကြောင်း၊ ရှိစုမဲ့စုလေးနဲ့ မွေးနေ့ပွဲလုပ်လိုက်ရသဖြင့် အညာသား ဆီမှာ လုံချည်တစ်ထည်သာကျန်ပါတော့ကြောင်း၊ မွေးနေ့ပွဲပြီးတာနဲ့ ကိုကိုမမများ ဆီသို့ တစ်အိမ် တစ်ရက် လိုက်လံစားသောက်မှာဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်ခင်ညာ” razz
(ဓာတ်ပုံတစ်ချို့အား http://myanmarbamar.blogspot.com/ မှ ရယူပါသည်။)

ဆက်လက်ဖတ်ရှုရန်...

အို...မယ်တို့  

စာရေးသူ >> အညာသား

အမျိုးမျိုးပေတဲ့ ကိုးကိုးစနေ က
တင်ဇာမော်ကို အရင်အပါခေါ်ကာ

သိမ်းမြစ်ကိုပတ်နေပြီး

ကျက်သရေတိုးတဲ့ မမေမိုး က

အနုပညာကို အတုထွင်ကာ

အကောင်းမြင်နေသူပေါ့ဗျာ။

အတင်းအမြဲပြောတဲ့ ဂရင်းဂဲလ်ချော ရဲ့နာမည်ကတော့

အမြဲတစ်ကယ် “လဲလည်” တဲ့။

အသွင်ထူးနေတဲ့ ခင်ဦးမေ က

တိမ်ကွယ်ကာ အိမ်လည်ထွက်နေရဲ့။

ပန်းခရမ်းပြာ က ၀မ်းပန်းတသာနဲ့

နတ်မြင်းပျံကိုစီးပြီး ဘ၀င်နွေးအောင်

သမင်လေးတွေအကြောင်း တစ်စေ့တစ်စောင်း။


အလွမ်းတွေနဲ့ ပန်းခရေ က
စမ်းရေမှာ ပန်းအကြွေတွေငေး

အတွေးလေကာ မွေးဖေဖေကို တမ်းတနေရဲ့။

ဆူးလင်းသစ် ကတော့

ချစ်သောကမ္ဘာ သာယာလေအောင်

အလင်းရောင်ဖေးကူ ကြိုးစားနေသူပါ။

ရည်မွန် က နီယွန်တွေကြားမှာ

အရှုံးများကို နှလုံးသားမှာကဗျည်းထိုး

စောင်းကိုတီးကာ ကျောင်းအိုကြီးကိုလွမ်းနေသတဲ့။

မနောမြေကို အမောပြေလွမ်း

တမ်းတမှုတွေအတိ ဇနိ ကတော့ရိုးသားနေဆဲ။

အရှုပ်တွေလုပ်မိလို့ အလုပ်တွေရှုပ်

အကြောင်းဖန်ကာ တောင်းပန်နေသူက စမိုင်းလ်မေ

ဘလော့လောကကို ကျနော့သဘောဗျဆိုပြီး

စီဘောက်မှာ အတည်ပေါက်နဲ့လျှောက်ရေးနေသူတွေကို

ဖူးဖူး က အရူးအမူးတောင်းပန်နေသဗျ။

ကုသိုလ်ပြုယူ ရွာအလှူတွေဝယ်

ကွယ်ရင်အပြတ်တီးတတ်တဲ့ ကြယ်စင်နတ်သမီး က

နှလုံးသားဒိုင်ယာရီမှာ အရှုံးများမပိုင်ပါသည်ဆိုပေမယ့်

အလွမ်းပေါ်အလွမ်းတွေဆင့် ရင်နင့်နေသူပေါ့။

“စာမေးပွဲများနှင့်နပန်းလုံးနေသောကြောင့် ပို့စ်တင်တာနောက်ကျခြင်းကို မမ(မ)ရွှေချော များ ရွှေစိတ်တော်မညှိုးစေရန်အလို့ငှါ အနော်အညာသားလေးမှ တောင်းပန်အပ်ပါကြောင်း”

ဆက်လက်ဖတ်ရှုရန်...

အို...မောင်တို့  

စာရေးသူ >> အညာသား

စမ်းရေသံက အလွမ်းဖြေရန်
ကဗျာလေးတင်ထားသလို

ကျနော်နဲ့ အတင်းရန်ဖြစ်တဲ့

မင်းကျန်စစ်ရဲ့ မလှမပကမ္ဘာမှာတော့

သာဓုခေါ်ဘို့ မောင်းတီးနေလေရဲ့။

BlackDream က (တာဝန်)မပျက်မယွင်းပဲ

ရုရှားကလပ်ကို အပြတ်အသားနှပ်ကာ

အနိုင်ရရှိကြောင်း သတင်းကောင်း..။

အကျောမခံနိုင်တဲ့ စောမဏ္ဍိုင် ကတော့

သတင်းမကောင်းတဲ့ မင်းအကြောင်းကိုတွေးနေပြီး

ပြောင်လွန်းတဲ့ နောင်ထွန်းကတော့

အပြာရောင်ကို ဘာလချောင်(ကြော်) လိုကြိုက်သတဲ့။

အမြတ်ဘ၀င်ထောင်တဲ့ နတ်သျှင်နောင်ရဲ့

စာတွေကိုတော့ မဖတ်ချင်ပေါင်။

ဖြိုးငယ်ကလဲ အဖိုးတကယ်မဖြတ်နိုင်တဲ့

ချစ်သူ့ Birthday ကျင်းပပေးတယ်။

ကလောင်ပိုင်တဲ့ မောင်နိုင်က

အလျဉ်းဆိုးတဲ့ Window ပြဿနာရှင်းနေပြီး

အကြံထူးတဲ့ ၀ဿန်ဦးက

မြေမှာဟစ်ကြွေးကာ

အမေကဗျာအသစ်လေး တင်ထားတယ်။

အတင်းညှော်တဲ့ (ကို)၀င်းဇော်က

ကမ္ဘာ့ပတ်ဝန်းကျင်ကို အလှမပြတ်မယွင်းအောင် ထိန်းသိမ်းနေသူပါ။

အဇ္ဈတ္တပြခန်း က အလွမ်းတွေစာဖွဲ့

ကဗျာနဲ့သက်သေတည်ကာ မျက်ရည်ကြည်တွေကျနေရဲ့။

ဖိုရင်ထိန်းရမယ့် ကိုရင်ညိန်းက

အမြတ်ပြေအေး သက်ရှည်ဆေးတွေကြွေးနေတယ်။

ဗိုလ်တစ်ထောင်းသားက အချိုအချောင်တွေစားပြီး
ဂိုထောင်ကြားမှာ သူ့ဘလော့ကိုပစ်ထားတယ်။

အချိုရောင်းချင်တဲ့ ကိုကောင်းကင်က

စာမေးပွဲနဲ့နပန်းလုံးနေသဗျ။

ကြိုင်သင်းဘေးဖြာ မဒိုင်ကျင်းကျေးရွာမှ

မပြုမပြင်ကြောင်လိုချောတဲ့ ဘုတလင်မောင်ညိုချောက

မွေးမေမေအတွက် ၀မ်းမြောက်ဖွယ်စကား။

အပျိုကညာများဆွေးတဲ့ ကိုရွာသားလေးကတော့

အိပ်နေတုန်းပဲဗျ။

အလွမ်းတွေ စမ်းရေလိုစီးနေတဲ့ လွမ်းစေကြီးက

အသစ်ထွင်ကာ အချစ်ဝင်္ကပါကို ပတ်နေတယ်။

အပိုမပါတဲ့ ဂျိုကာက

ဝေးနေပူဆွေး ချစ်သူလေးကို

ပြန်လာပါ အဖန်တရာခေါ်နေသဗျာ။

အတွေးမှတ်စု မနှေးဖတ်ရှုချင်ရင်တော့

မီးပြတိုက် ဆီကိုသွားကြလော့…။

တစ်ချိန်တုန်းကအမှတ်တရတွေ ကတော့

မသိခြင်း…မသိခြင်း တွေပဲရှိတယ်။

အပျိုများရှိုးတဲ့ ကိုသားစိုး ကတော့

ရွှေအိုးထမ်းကိန်းမြင်တယ်ဗျ။

ဂစ်တာနဲ့ဂီတ..မပီမသဖြည်ချကာ

freshup ကတော့ ထက်မြက်နေမြဲ။

အပျော်တက်မက်တဲ့ (ကို)ကျော်သက်လက် က

အလှတရားကို ကမ္ဘာ့ဖလားလို တန်ဘိုးထားတဲ့သူပါ။

တိမ်တစ်ဘက်အစွန်မှ အိမ်မက်အလွန်ကတော့

အမြတ်ကြီးတဲ့ နတ်သမီးကို မပြတ်ညည်းနေတဲ့သူပေါ့။

ချောင်တိုးတဲ့ မောင်မျိုး ရဲ့ရင်ထဲမှ

အသဲတစ်စုံက ထွက်ပေါက်မဲ့နေတယ် ဆိုပဲ။

ဗြုတ်စဗြင်းတောင်း မောင်မောင်ဇောင်း က

စောဒကအထာနဲ့ ရောသမကဗျာရေးထားပြီး

အတွဲညီတဲ့ သရဲနီ တွေကတော့

ပန်းတိုင်ဆီ အလှမ်းပြိုင်ညီ ချီတက်နေဆဲ။

လူမမယ်သေးတဲ့ ညီမလေးအတွက်

ညိမ်းညို က ကဗျာတစ်ပုဒ်တင်ထားသဗျ။

လွမ်းတာကို ကျမ်းစာလို သမုတ်

မဟုတ်မဟတ်တွေရေးထားသူက ကိုချီရွန်

အပျိုဆိုးမမက်တဲ့ ကိုစိုးထက် နဲ့

ရစ်မူးနေတဲ့ တင့်ထူးရွှေ တို့ကတော့

ဘလော့ပိတ်သွားကြောင်းပါ ခင်ဗျာ...။ ။

မည်သူတစ်ဦးတစ်ယောက်ကိုမှ နစ်နာစေလိုသော ဆန္ဒမပါရှိပါ။ ကျနော့်ပို့စ်တွင် စာဖတ် ပရိတ်သတ်အား စိတ်အနှောင့်အယှက် တစ်စုံတစ်ရာဖြစ်စေသော စကားများ၊ ရိုင်းပျ သောစာသားများ ပါဝင်ခဲ့လျှင် အနူးညွတ်တောင်းပန်အပ်ပါသည်။ ခင်မင်မှုကိုသာ အဓိ ကထား၍ ရေးခြင်းဖြစ်ပါသည်။ ဘလော့ဂါညီအစ်မများအတွက် ရေးသားနေဆဲဖြစ်သဖြင့် ဆက်ရန်ရှိပါသေးသည်။

ဆက်လက်ဖတ်ရှုရန်...

ဒေါသ  

စာရေးသူ >> အညာသား


“ဂြီ…ဂြီ..”

ရထားပေါ်ရောက်မှ အိမ်သာတက်ချင်နေသည်။ မနေ့ညက အားရပါးရစားလာခဲ့တဲ့ ပဲဟင်းက ကောင်းကောင်းကြီးနှိပ်စက်နေလေပြီ။ ဒုက္ခတော့ရောက်ပြီ။ ပြန်ဆင်းဘို့လဲ အချိန်မမှီတော့။ ရထားက ဥသြရှည်ကြီးဆွဲကာ တရွေ့ရွေ့နှင့်ထွက်ခွါစပြုနေလေပြီ။ “ဘူတာရပ်နေစဉ် အသုံးမပြုရ” ဆိုသောကြောင့် စိတ်တိုတိုနှင့်အောင့်ထားရသည်။ ဘူတာနှင့်နည်းနည်းဝေးတော့ ခရီးဆောင်အိတ်ထဲက အသင့်ပါလာသော တစ်ရှုးစ အနည်းငယ်ဖြဲဆုတ်ကာ အိမ်သာဆီသို့ထွက်ခဲ့လေသည်။ အိမ်သာသို့သွားရာလမ်းတစ် လျှောက် ထမင်းသုတ်၊ ကွမ်းယာ၊ ဆေးလိပ်ရောင်းသော ဈေးသည်များ၊ ပစ္စည်းနေရာ ရွှေ့နေကြသူများနှင့် လမ်းပိတ်နေသည်။ အိမ်သာတက်ချင်နေသော သူ့အဘို့ အလွန်ပင် ဒေါသထွက်ရသည်။ လမ်းပိတ်နေသည်မို့ တော်တော်နှင့်သွားလို့မရသေး။ အောင့်ထားရ လွန်းလို့ မျက်ရည်တွေလည်ပြီး ကြက်သီးတဖျန်းဖျန်းထကာ ဇောချွေးများပင် ပြန်နေလေ သည်။ သည်းမခံနိုင်တော့တဲ့အဆုံး လမ်းပိတ်နေသောသူများကို အော်ဟစ်ပြောဆိုကာ အိမ်သာဆီသို့ ဇွတ်အတင်းထွက်ခဲ့ရသည်။ တစ်ချို့က နားမလည်စွာ၊ တစ်ချို့က အံ့သြစွာ၊ တစ်ချို့ကတော့ ရယ်ချင်နေသောမျက်နှာထားနှင့် သူ့ကိုကြည့်ကြသည်။ သူဂရုမစိုက်နိုင်။ သူ့ကိစ္စက အခြေအနေ တော်တော်ဆိုးနေပြီ။ အမြန်ဆုံးဖြေရှင်းမှ ဖြစ်တော့မည်။ မဟုတ်ရင် လက်ရှိအခြေအနေထက် ပိုဆိုးသွားနိုင်သည်။ အိမ်သာသို့အရောက် ခံစားနေရသောဒုက္ခဝေဒနာများ ကျွတ်လွတ်တော့မည် ဟု မျှော်လင့်ကာ အားရ၀မ်းသာနှင့် အိမ်သာတံခါးကို ဆွဲဖွင့်လိုက်တော့ ဖွင့်လို့မရ။ တံခါးခေါက် ကြည့်တော့ အထဲကလူက တံခါးပြန်ခေါက်သည်။ ဒုက္ခတော့ အကြီးအကျယ်ရောက်ပြီ။ ဟိုဘက် ထိပ်အိမ်သာဆီကို ပြန်သွားဘို့ကလဲ မပြီးနိုင်၊ မစီးနိုင် ပစ္စည်းရွှေ့နေသောသူများနှင့် ရထားပေါ် ရောင်းသော ဈေးသည်များကြောင့် လမ်းကပိတ်နေမြဲ။ ဗိုက်ကတော်တော်အောင့်နေပြီ။ လက်ကိုင် ပုဝါလေးထုတ်ကာ ချွေးသုတ်ရင်း ဒေါသစိတ်ကြောင့် အသက်ရှုသံတို့ပင် တုန်ရင်လို့ နေသည်။ ရှိသမျှအင်အားတွေ စုစည်းပြီး လက်သီးကိုကျစ်ကျစ်ပါအောင်ဆုတ်ကာ အိမ်သာတက်ချင်စိတ်ကို မနည်းထိန်းထားရသည်။ အိမ်သာတံခါးကို နောက်တစ်ကြိမ် ပြန်ခေါက်လိုက်တော့ အထဲမှလူက ပြီးခါနီးပြီဖြစ်ကြောင်း ပြန်ပြောသည်။

“ဒီလူကွာ… ဘူတာမထွက်ခင်ကတည်းကများ အိမ်သာတက်နေသလားမသိ။ စိတ်ဓာတ်အောက် တမ်းကျတဲ့သူပဲ။ တော်တော်စည်းကမ်းမရှိတဲ့သူပဲ။ ဈေးသည်တွေ ကလဲ သူတို့ကြောင့် ခရီးသည်တွေဒုက္ခရောက်ရတယ်။ ၀င်ငွေရတဲ့အလုပ်တွေ အများကြီး ရှိရက်နဲ့ ရထားပေါ်တက်ပြီးတော့ စည်းမရှိ၊ ကမ်းမရှိ ဈေးရောင်းရတယ်လို့” စသဖြင့် စိတ်ဒေါသကိုမထိန်းနိုင်ကာ ကြုံသမျှ ဘုံဘ၀မှာ၊ မြင်သမျှ ဘ၀င်မကျ စရာတွေချည်းသာ ဖြစ်နေတော့သည်။ ခဏနေတော့ အထဲကလူ ထွက်လာသည်။ “ပြီးသွားပါပြီ ခင်ဗျာ” ဟူသောအပြုံးဖြင့် သူ့ကိုနှုတ်ဆက်တော့ ဘ၀င်မကျသောမျက်နှာထားနှင့် တစ်ချက်လှည့် ကြည့်လိုက်သည်။ တံခါးကိုအတင်းဆွဲဖွင့်ပြီး အိမ်သာကြွေခွက်ပေါ်သို့ထိုင်ချ၊ မျက်လုံးမှိတ် ပြီး တင်းထားသောစိတ်တို့ကို လျှော့ချလိုက်သည်။

“…… …..”

တစ်ချိန်လုံး စိတ်တို၊ ဒေါသထွက်ခဲ့သမျှ အခုမှပဲပြေပျောက်တော့သည်။ ကိစ္စအ၀၀ ပြီးစီးသွား ပြီဖြစ်လို့ မျက်လုံးဖွင့်ပြီး ပါလာသောတစ်ရှုးလေးထုတ်ကာ သန့်စင်မည်အပြု သူ့မျက်လုံးရှေ့တည့်တည့် အိမ်သာတံခါးတွင် ရေးထားသောစာကြောင့် သူအံ့အားသင့်သွားသည်။

“မိတ်ဆွေ..ဘယ်ဘက်ကိုကြည့်လိုက်ပါ”။

စာကိုဖတ်ပြီး ချက်ချင်းဆိုသလိုပင် ဘယ်ဘက်ကို လှည့်ကြည့်လိုက်တော့…

“ညာဘက်ကို ကြည့်ပါ။”

ညာဘက်ကို ပြန်လှည့်ကြည့်လိုက်တော့

“သင့်ရဲ့ အနောက်ဘက်ကို ကြည့်လိုက်ပါအုံး” ဟုရေးထားသောကြောင့် အနောက်ဘက် ကို လှည့်ကြည့်လိုက်သည်။ အနောက်ဘက်တွင်လဲ

“အပေါ်ကို မော့ကြည့်လိုက်ပါ”

ဆိုတော့ အပေါ်ကို မော့ကြည့်မိသည်။ အပေါ်တွင် ရေးထားသောစာက

“လာကြပါအုံးဗျို့…. ဟိုကြည့်ဒီကြည့်နဲ့ အိမ်သာထဲမှာ အရူးကြီးတစ်ယောက် ရောက်နေတယ်”

ဟု ဖတ်လိုက်ရတော့ ဒေါသတစ်ထောင်းထောင်းထကာ တောက် တစ်ချက်ခေါက်လိုက်ပြီး လက်ထဲမှာကိုင်ထားသောတစ်ရှုးနှင့် အညစ်အကြေးတို့ကို သန့်စင်လိုက်တော့ ဒေါသစိတ် နှင့်အတူ တစ်ကိုယ်လုံး တုန်ရင်နေသဖြင့် တစ်ရှုးစလေးပြဲကာ သူ့လက်တွင် မစင်တွေပေကုန်သည်။ မစင်တွေပေသွားသောလက်ကို ခါယမ်းလိုက်တော့ သူ့လက်နှင့် အိမ်သာနံရံကို တိုက်မိသွားသောကြောင့် “အား..” ဟုအော်လိုက်ရင်း နှင့်တစ်ပြိုင်နက် နာကျင်နေသောလက်က သူ့ပါးစပ်ထဲသို့ ရောက်သွားသည်။

(မှတ်ချက်။ ။ကိုယ်တွေ့ဖြစ်ရပ်မဟုတ်ပါ။) biggrin

မိမိစိတ်ဒေါသကိုမထိန်းနိုင်လျှင် အမှားများစွာကိုကျူးလွန်မိသည့်အပြင် ဒေါသထွက်နေစဉ် စဉ်းစားဆုံးဖြတ်သမျှ၊ ပြုလုပ်သမျှ အရာအားလုံး၏ရလဒ်သည် ဆိုးကျိုးများသာ ဖြစ်ပေလိမ့်မည်။ ထိုဆိုးကျိုးများကြောင့် သင့်ဒေါသများ တစ်စထက်တစ်စ ပွါးများနေမည် သာဖြစ်သည်။ ကိုယ့်စိတ်ကိုဆင်းရဲအောင် ကိုယ်ကိုတိုင်ပဲအများဆုံးလုပ်နိုင်သလို အရာရာကိုမကျေမနပ်၊ ဘ၀င်မကျ ဖြစ်နေတဲ့သူဟာ ကိုယ့်စိတ်ကို ထောင်ချထားသလိုပါပဲ။ ကိုယ့်စိတ်ဒေါသကိုထိန်းနိုင်ရင် ငြိမ်းချမ်းနေမယ်၊ ပျော်ရွှင်နေမယ်၊ ကြည်လင်နေပါ လိမ့်မယ်။ စာဖတ်သူမိတ်ဆွေအပေါင်း ဘုံဘ၀မှာ ကြုံသမျှ၊ မြင်သမျှ ဘ၀င်မကျခြင်းမှ လွတ်ကင်းပြီး အေးချမ်းသောဘ၀ကိုပိုင်ဆိုင်ကာ စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ။

ဆက်လက်ဖတ်ရှုရန်...

နှုတ်ဆက်စကား  

စာရေးသူ >> အညာသား

ဝေးကြပြီတဲ့လားကွယ်…
အချစ်ဆိုတာ

လွယ်လွယ်ဖျက်လို့ရမယ့်

မှင်ချက်မျိုးမှ မဟုတ်တာ

ငါ့နှလုံးသားမှာ

စုတ်ချက်တင်ခဲ့ပြီးမှ

နုတ်ထွက်သွားချင်ရင်လဲ

မင်းသဘောအတိုင်းပါပဲ

အချစ်ဆိုတာ ချည်တိုင်မှမဟုတ်တာ

မင်းအတွက် ငါမလိုအပ်ရင်လဲ

ကျန်ခဲ့ပါရစေတော့

မင်းလျှောက်မယ့်လမ်းမှာ

ငါဟာ ဆူးတစ်ချောင်းမဖြစ်စေရပါဘူး

ထားခဲ့လိုက်ပါကွယ်

အချစ်ဆိုတာ

ရင်ဘတ်နဲ့ကြည့်မှ မြင်တတ်တာပါ

နှလုံးသာမပါဘဲ မင်းကြည့်ခဲ့တော့

ငါဟာ မင်းရဲ့လှောင်အိမ်တစ်ခုပေါ့

သွားပါတော့ကွယ်


ငါ နားလည်ခွင့်လွှတ်ပေးပါတယ်

ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့လောက်အောင်

မင်းအပေါ်မှာ နားလည်ပေးခဲ့ပါတယ်

အဝေးဆုံးကိုသာသွားပါတော့

ငါပြောခဲ့ဘူးပါတယ်

မြစ်ခြား၊ ချောင်းခြား၊ ကမ္ဘာခြားသွားတာထက်

အသဲနှလုံးချင်းကွာခြားသွားမှာ

အကြောက်ဆုံးပါပဲ လို့

ငါမလိုချင်ဆုံးဆုလဒ်

ငါ့အတွက်ဖြစ်ခဲ့ပြီပဲ

ငါတို့နှစ်ယောက်ဟာ

ကမ္ဘာမခြားခဲ့ပါဘူးကွယ်

ရင်ချင်းအပ်၊ ကျောချင်းကပ်ပြီး

စိတ်တွေ တဖြည်းဖြည်းဝေးထွက်ခဲ့တာပါ

ငါ မင်းကိုအပြစ်မတင်ရက်ပါဘူး

အချစ်ဆိုတာ

တစ်ယောက်ကိုတစ်ယောက်

အပြစ်ပုံချဘို့မှ မဟုတ်တာ

မင်းအတ္တတွေရှင်သန်နေစေဘို့

ငါ့မျက်ရည်တွေနဲ့

ရေလောင်းပေါင်းသင်ပေးခဲ့ပါတယ်

ငါဟာ

မင်းမြင်ခဲ့တဲ့ ချည်တိုင်ဆိုရင်လည်း

သံယောဇဉ်ကြိုးကို

ငါဖြည်ပေးပါတယ်

လှောင်အိမ်တစ်ခုဆိုရင်လည်း

တံခါးဖွင့်ပေးလိုက်ပါပြီကွယ်

အဝေးဆုံးအရပ်ကိုသာ မင်းခရီးနှင်ပါ

မင်းသွားမယ့်ခရီးလမ်း
ဖြောင့်ဖြူးအေးချမ်းဘို့
ငါဆုတောင်းပါတယ်။ ။
“သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ပါ။”

ဆက်လက်ဖတ်ရှုရန်...

ဂွတ်မောနင်း  

စာရေးသူ >> အညာသား

မှောင်ရီပျိုးမှ၊ အိပ်ယာထ
ဖြစ်ချင်ရာဖြစ်၊ မျက်နှာမသစ်
ငါဟာလူမိုက်၊ သွားမတိုက်
လူညစ်ပတ်အိုး၊ ရေမချိုး
ခေါက်ဆွဲခြောက်သောက်၊ ဗိုက်ကိုမှောက်
ဝါသနာပါတာ၊ Blogger
မိုးစင်လင်းရင်၊ အိပ်ယာဝင်

မျက်လုံးပူစဉ်း၊ ဂွတ်မောနင်း။ wink


ဆက်လက်ဖတ်ရှုရန်...

ဘ၀သင်္ချာ  

စာရေးသူ >> အညာသား

အညာသား ဖတ်ဖူးတဲ့ ဒဿနလေးတစ်ခုပါ။ မူရင်းစာမူရှင်ကိုမသိပါဘူး။ ကိုကို၊ မမ များရဲ့ ဘ၀အတွက်၊ ဖတ်ရှုဆင်ခြင်၊ တွေးမြင်ကြံဆ၊ သုံးသပ်ကြလော့ ….razz

အောက်ပါညီမျှခြင်းများကိုကြည့်လျှင် သင်အံ့သြသွားလိမ့်မည်။ သို့သော် ယင်းညီမျှခြင်း ရလဒ် များသည် ယေဘုယျအားဖြင့် မှန်ကန်ကြောင်းတွေ့ရလိမ့်မည်။

• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = အချစ်ဇာတ်လမ်း
• အရည်အချင်းပြည့်ဝသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = ကိုယ်ဝန်ဆောင်မှု
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းပြည့်ဝသောမိန်းမ = ပြဿနာ
• အရည်အချင်းနည်းသောယောင်္ကျား + အရည်အချင်းနည်းသောမိန်းမ = လက်ထပ်ခြင်း

• အရည်အချင်းပြည့်ဝသောအလုပ်ရှင်+အရည်အချင်းပြည့်ဝသောအလုပ်သမား= အကျိုးအမြတ်
• အရည်အချင်းပြည့်ဝသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = ထုတ်လုပ်မှု
• အရည်အချင်းနည်းသောအလုပ်ရှင်+အရည်အချင်းပြည့်သောအလုပ်သမား= ရာထူးတိုးတက်မှု
• အရည်အချင်းနည်းသောအလုပ်ရှင် + အရည်အချင်းနည်းသောအလုပ်သမား = အပိုအလုပ်ချိန်

• ယောင်္ကျားတစ်ဦးသည် သူအလိုရှိသော (၁)ကျပ်တန်ပစ္စည်းကို (၂)ကျပ်ပေး၍၀ယ်ပါလိမ့်မည်။
• မိန်းမတစ်ဦးသည် သူမလိုချင်သော(၂)ကျပ်တန်ပစ္စည်းကို ငွေ(၁)ကျပ်သာအကုန်ခံလိမ့်မည်။
• မိန်းမတစ်ဦးသည် ခင်ပွန်းယောင်္ကျားမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်နေလိမ့်မည်။
• ယောင်္ကျားတစ်ဦးသည် ဇနီးခင်ပွန်းမရမချင်း သူ၏ရှေ့ရေးအတွက် ပူပန်မည်မဟုတ်ပေ။
• အောင်မြင်သောယောင်္ကျားတစ်ဦးသည် သူ၏ဇနီးသုံးစွဲနိုင်သည်ထက် ငွေပိုရှာနိုင်သူဖြစ်သည်။

အောင်မြင်သောမိန်းမတစ်ဦးသည် ယင်းယောင်္ကျားမျိုးကို ရအောင်ရှာနိုင်သူဖြစ်သည်။


ဆက်လက်ဖတ်ရှုရန်...

အိပ်စက်ခြင်းနှင့်ဆိုင်သော  

စာရေးသူ >> အညာသား

ကျနော်တို့ ဂစ်တာဝါသနာအိုးနှစ်ယောက် စကားပြောနေတုန်း ဈေးရောင်းတဲ့ ကျနော့်သူငယ်ချင်း တစ်ယောက် အိပ်နေရာကနေ ထထိုင်လိုက်ပြီးတော့ “အဲဒါ အစိတ်(၂၅ကျပ်)..အဲဒါအစိတ်” လို့ ပြောတယ်။ ကျနော်တို့နှစ်ယောက် သူ့ကို ကြောင်အမ်းအမ်းနဲ့ ကြည့်နေတုန်းမှာပဲ သူက သူ့ကွန် ပျူတာကိုကြည့်ပြီးတော့ “ငါ့ကွန်ပျူတာ ဘာဖြစ်သွားတာလဲ” လို့မေးပြန်ရော။ ကျနော်က သူ့ကို “သယ်ရင်း မင်း ယောင်နေတာလား” လို့မေးတော့ သူက “မဟုတ်ဘူး ငါယောင်နေတာမဟုတ်ဘူး” လို့ ပြန်ဖြေသေးတယ်ဗျ။ ပြီးတော့ “ဟင်.. ဟမ်.. အင်း အင်း” ဆိုပြီးတော့ ပြန်အိပ်ပျော်သွား တယ်။ မနက်မိုးလင်းတော့ သူ့ကိုပြန်မေးတော့ သူ ဘာဆိုဘာမှမသိတော့ဘူး။ သူ မယောင်တတ် ပါဘူး လို့တောင် ဇွတ်အတင်း ငြင်းလိုက်သေးသဗျ။

နောက်တစ်ယောက် ယောင်တာကြတော့ တစ်မျိုးဗျ။ အိပ်နေရင်းနဲ့ “ဟေ့ကောင် ထမင်းချက်ထား သေးလား” လို့ ကျနော့်ကိုမေးတယ်။ ကျနော်ကလဲ သူယောင်နေတာကို မသိပဲ ..“အင်း..” လို့ဖြေ လိုက်တယ်။ “မင်း ထမင်းမစားရသေးဘူးလား” လို့ ကျနော်သူ့ကို ပြန်မေးလိုက်တော့ သူက “အင်း” တဲ့။ “ထမင်းချက်တာက ခဏပါ.. ဟင်းကတော့ ကြက်ဥပဲ ကြော်ရမှာပဲ” လို့ ကျနော်ပြော တော့ သူဘာမှ ထပ်မပြောတော့ဘူး။ အဲဒီတော့မှ သူယောင်နေတယ်ဆိုတာ ကျနော်သိလိုက်တာ။

(၁၀)တန်းကျောင်းသားဘ၀တုန်းက ကျနော် အိပ်နေရင်းနဲ့ ကြွက်ကြောတက်တာတော့ ဖြစ်ဘူး တယ်။ ကျနော့်သူငယ်ချင်းတွေ ပြန်ပြောမှသိရတာပါ။ ကိုရွာသားလေးပြောသလိုပဲ အိပ်ရင်းနဲ့ ယောင်နေတဲ့သူရဲ့ခြေမ ကိုကိုင်ပြီးတော့ မေးရင် မေးသမျှကို ပြန်ဖြေတာတို့၊ အိပ်နေရာက ထပြီး လမ်းလျှောက်တာတို့တော့ ကြားဘူးတယ်။ ကျနော်ကတော့ လက်တွေ့မကြုံဘူးပါဘူး။

ကိုရွာသားလေးရဲ့ “အိပ်စက်ခြင်းနှင့်ဆိုင်သော” ခေါင်းစဉ်နှင့်ပက်သက်၍ ကျနော်ကြုံတွေ့ခဲ့ သမျှကို ပြန်လည်ဖောက်သည်ချခြင်း ဖြစ်ပါတယ်။

ဆက်လက်ဖတ်ရှုရန်...

အကြွားသန်သူများ  

စာရေးသူ >> အညာသား

တစ်ခါက အလွန်အကြွားသန်တဲ့ ရွာသားနှစ်ယောက် လမ်းခုလတ်မှာ ဆုံကြလေတော့ ကိုယ့်ရွာကထွက်တဲ့ သီးနှံတွေအကြောင်းကို ကိုယ်စီကြွားကြတာပေါ့။ ရွာသားနှစ်ယောက် အပြိုင်အဆိုင်စကားနိုင်လုကာ ကြွားကြရင်းနဲ့ အဆုံးသတ်သွားပုံကတော့…
ပထမရွာသားက


“ငါတို့ရွာကထွက်တဲ့ ဂေါ်ဖီထုပ်တွေ ကြီးလိုက်ပုံများကွာ ဂေါ်ဖီတစ်လုံးဆိုရင် ဆာလာအိတ်တစ်လုံးပဲ” လို့ ခပ်ရင့်ရင့် ကြွားပြီးပြောလိုက်တယ်။

ဒုတိယရွာသား ကြွားလိုက်ပုံက

“ဟာကွာ.. မင်းတို့ ဂေါ်ဖီထုပ်က ဘာရှိသေးလို့လဲကွ။ ငါတို့ရွာကထွက်တဲ့ ငရုတ်သီးကြီးးတွေများကွာ မင်း မြင်စေချင်တယ်၊ ငရုတ်သီးကြီးတစ်တောင့်ကို (၁၀)ဘီးကားပေါ်တင်လိုက်ရင် ကားနဲ့မဆန့်တဲ့အပြင် ကားနောက်မှာ ငရုတ်သီးအညှာကြီးတောင် ထွက်နေသေးတာ” ဟူလေသတည်း။

ဆက်လက်ဖတ်ရှုရန်...