"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

သို့..အဖေ  

စာရေးသူ >> အညာသား

၂၀၀၆ခုနှစ် သက်ြန်တုန်းက အဖေ့စကားတွေကို သား ပြန်ကြားယောင်နေမိတယ်အဖေ။

“သားကြီးရယ်..အဖေတို့မိသားစု အခုလိုပြန်ဆုံတဲ့အချိန် ခဏလေးမှာ ဘယ်ကိုမှမသွား ပါနဲ့လားကွယ်..” တဲ့။ ကျွန်တော့်ချစ်သူကို ကတိတွေအထပ်ထပ်ပေးခဲ့တယ် အဖေ။ သက်ြန်မှာ ကျွန်တော့်ချစ်သူရှိတဲ့မြို့ ကို ရေသွားကစားမယ် လို့ ဆုံးဖြတ်ထားတဲ့ကျွန်တော့် အတွက် မျှော်လင့်ချက်တွေ ဆုံးရှုံးရတော့မယ်ဆို တဲ့ အသိနဲ့အတူ ၀မ်းနည်းမိတာတော့ အမှန်ပဲအဖေ။ သားကို မျှော်လင့်ချက်တွေ အများကြီးနဲ့ပြောနေတဲ့ အဖေ့မျက်နှာကို ကြည့် ပြီး အဖေ့ဆန္ဒတွေကို သားဖြည့်ဆည်းပေးခဲ့ပါတယ် အဖေရယ်။ အဲဒီနှစ်သက်ြန်ကလဲ သား တို့မိသားစုအတွက် ခဲယဉ်းလှတဲ့ပြန်ဆုံမှုလေးပါပဲ အဖေ။ ချစ်သူနဲ့ပျော်ရွှင်ရမယ့် နေ့လေး တွေအစား အဖေ့အတွက်၊ သားမိသားစုအတွက် ပျော်ရွှင်ဖွယ်နေ့လေးတွေအဖြစ် သားပေး ဆပ်ခဲ့ပါတယ်အဖေ။ ကျွန်တော့်ချစ်သူနဲ့ ပြန်ဆုံတဲ့နေ့မှာ ကတိပျက်ခဲ့တဲ့ကျွန်တော့်ကို ခွင့် လွှတ်ဘို့ တောင်းပန်တော့ ချစ်သူက စိတ်မဆိုးတဲ့အပြင် မိဘစကားကိုနားထောင်တဲ့သား အဖြစ် ချီးကျူးစကားတောင် ဆိုခဲ့ပါသေးတယ် အဖေ။ ပြန်စဉ်းစားမိတိုင်း အဖေ့ကို ကျေးဇူး တင်မဆုံး ဖြစ်ရပါတယ်အဖေ။ ကျွန်တော့်ချစ်သူရဲ့ ချီးကျူးမှုတွေအတွက် မဟုတ်ပါဘူး အဖေ။ ညီလေး၊ ညီမလေးတွေအတွက် တာဝန်ကျေတဲ့ အစ်ကိုကြီးတစ် ယောက်အဖြစ် ရပ်တည်ပေးနိုင်ခဲ့လို့ပါ။

This entry was posted on Sunday, April 13, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

1 ယောက်ရဲ့အမြင်