"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

နှုတ်ဆက်စကား  

စာရေးသူ >> အညာသား

ဝေးကြပြီတဲ့လားကွယ်…
အချစ်ဆိုတာ

လွယ်လွယ်ဖျက်လို့ရမယ့်

မှင်ချက်မျိုးမှ မဟုတ်တာ

ငါ့နှလုံးသားမှာ

စုတ်ချက်တင်ခဲ့ပြီးမှ

နုတ်ထွက်သွားချင်ရင်လဲ

မင်းသဘောအတိုင်းပါပဲ

အချစ်ဆိုတာ ချည်တိုင်မှမဟုတ်တာ

မင်းအတွက် ငါမလိုအပ်ရင်လဲ

ကျန်ခဲ့ပါရစေတော့

မင်းလျှောက်မယ့်လမ်းမှာ

ငါဟာ ဆူးတစ်ချောင်းမဖြစ်စေရပါဘူး

ထားခဲ့လိုက်ပါကွယ်

အချစ်ဆိုတာ

ရင်ဘတ်နဲ့ကြည့်မှ မြင်တတ်တာပါ

နှလုံးသာမပါဘဲ မင်းကြည့်ခဲ့တော့

ငါဟာ မင်းရဲ့လှောင်အိမ်တစ်ခုပေါ့

သွားပါတော့ကွယ်


ငါ နားလည်ခွင့်လွှတ်ပေးပါတယ်

ကိုယ့်ကိုယ်ကို နားမလည်နိုင်တော့လောက်အောင်

မင်းအပေါ်မှာ နားလည်ပေးခဲ့ပါတယ်

အဝေးဆုံးကိုသာသွားပါတော့

ငါပြောခဲ့ဘူးပါတယ်

မြစ်ခြား၊ ချောင်းခြား၊ ကမ္ဘာခြားသွားတာထက်

အသဲနှလုံးချင်းကွာခြားသွားမှာ

အကြောက်ဆုံးပါပဲ လို့

ငါမလိုချင်ဆုံးဆုလဒ်

ငါ့အတွက်ဖြစ်ခဲ့ပြီပဲ

ငါတို့နှစ်ယောက်ဟာ

ကမ္ဘာမခြားခဲ့ပါဘူးကွယ်

ရင်ချင်းအပ်၊ ကျောချင်းကပ်ပြီး

စိတ်တွေ တဖြည်းဖြည်းဝေးထွက်ခဲ့တာပါ

ငါ မင်းကိုအပြစ်မတင်ရက်ပါဘူး

အချစ်ဆိုတာ

တစ်ယောက်ကိုတစ်ယောက်

အပြစ်ပုံချဘို့မှ မဟုတ်တာ

မင်းအတ္တတွေရှင်သန်နေစေဘို့

ငါ့မျက်ရည်တွေနဲ့

ရေလောင်းပေါင်းသင်ပေးခဲ့ပါတယ်

ငါဟာ

မင်းမြင်ခဲ့တဲ့ ချည်တိုင်ဆိုရင်လည်း

သံယောဇဉ်ကြိုးကို

ငါဖြည်ပေးပါတယ်

လှောင်အိမ်တစ်ခုဆိုရင်လည်း

တံခါးဖွင့်ပေးလိုက်ပါပြီကွယ်

အဝေးဆုံးအရပ်ကိုသာ မင်းခရီးနှင်ပါ

မင်းသွားမယ့်ခရီးလမ်း
ဖြောင့်ဖြူးအေးချမ်းဘို့
ငါဆုတောင်းပါတယ်။ ။
“သူငယ်ချင်းတစ်ယောက်ရဲ့ ခံစားချက်ပါ။”

This entry was posted on Thursday, May 22, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

11 ယောက်ရဲ့အမြင်

ဒီကဗျာလေး အရမ်းကြိုက်တယ်.. နောက်လည်း ထပ်ရေးပါဦး ကဗျာကောင်းကောင်းလေးတွေ...

သူငယ်ချင်းရဲ့ ခံစားချက်ကို ကဗျာရေးပေးတဲ့ အညာသားလေး
ကောင်းချက်ဗျာ

Anonymous  

အချစ်ဆိုတာ ချည်တိုင်မှမဟုတ်တာ
မင်းအတွက် ငါမလိုအပ်ရင်လဲ
ကျန်ခဲ့ပါရစေတော့
မင်းလျှောက်မယ့်လမ်းမှာ
ငါဟာ ဆူးတစ်ချောင်းမဖြစ်စေရပါဘူး
ထားခဲ့လိုက်ပါကွယ်
အချစ်ဆိုတာ
ရင်ဘတ်နဲ့ကြည့်မှ မြင်တတ်တာပါ
နှလုံးသာမပါဘဲ မင်းကြည့်ခဲ့တော့
ငါဟာ မင်းရဲ့လှောင်အိမ်တစ်ခုပေါ့
သွားပါတော့ကွယ်
ပွင့်ဖြူသားရေ... ဒီအပုဒ်ကို အကြိုက်ဆုံးပဲ။

ကဗျာလေးလာဖတ်တယ်ဗျ ... အရမ်းမိုက်တယ်ဗျာ။
ခံစားလိုကောင်းပ...။း)

အရေးအသားလေးတွေမိုက်တယ် bro :D

ကောင်းပ...အရမ်းကောင်းပါသည်...ပရိသတ်အသစ်ပါ...နောင်များလည်းလာအားပေးပါမည်...
"အချစ်ဆိုတာ
တစ်ယောက်ကိုတစ်ယောက်
အပြစ်ပုံချဘို့မှ မဟုတ်တာ".....အရမ်းခိုက်တယ်...အဲ့ဒီစာသားကို...အငှားခံစားချက်ပေမယ့်...ကိုယ်တိုင်ခံစားနေသလိုပဲ....မိ

အမှန်ပြောရရင် ခုချိန်ဖတ်မိတော့မှ နားလည်ခံစားတတ်တယ် သူငယ်ချင်းရာ။ ဘာမှကို မပြောနိုင်လောက်အောင် ဆွံ့အ သွားရတယ်။ သိပ်ကောင်းတဲ့ ကဗျာလေးပါပဲ။

Anonymous  

အဟောင်းတွေလှန်လှော်ဖတ်နေတာ ကဗျာ label လေးတွေ့ တာနဲ့  တစ်ပုဒ်ပဲဖတ်ရသေးတယ် ကောင်းလိုက်တာဗျာ စာတွေ လာဖတ်မှပဲး)

မင်းအတ္တတွေရှင်သန်နေစေဘို့
ငါ့မျက်ရည်တွေနဲ့
ရေလောင်းပေါင်းသင်ပေးခဲ့ပါတယ် ....
အဲ့ စာသားလေး ရေရေလည်လည် ဂွဒ်တယ်ဗျို့  ကြိုက်သွားပြီးး ။

မဆိုးပါဘူး ... ကြိုးစားအုံးကွာ နော် ... အားပေးနေမယ် ... စလင်းသား

ဒီကဗျာလေးက်ုအရမ်းသဘောကျတယ်...
အရမ်းကောင်းတဲ့ကဗျာလေးပဲ...
စာသားတွေအကုန်ကြိုက်တယ်..