"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ကျနော့်မွေးနေ့  

စာရေးသူ >> အညာသား

၂၃ နှစ်ပြည့်မွေးနေ့လေးဖြစ်ပါတယ်။ လူ့လောကထဲသို့ ကျနော့်ကို မွေးဖွါးသန့်စင် ပေးလိုက်သော အနန္တဂိုဏ်းဝင်မိဘနှစ်ပါးအား ရှိသုံးခါခိုးရိုကျိုးပါ၏ (သောက်ပြီးရင် ကန်တော့ဘို့ မေ့သွားမှာစိုးလို့ :P) ။ မွေးနေ့ကို ပျော်ပျော်ပါးပါး ဆင်နွှဲဘို့ စိတ်ကူးယဉ်ခဲ့တာ အကြိမ်ပေါင်း မနည်းတော့ပါဘူး။ အကြောင်းကြောင်းသော အကြောင်းကြောင်းတွေကြောင့် စိတ်ကူး အိမ်မက်တို့ကို အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ ကျနော့်စိတ်ကူးတွေ အကောင်အထည် ပေါ်တဲ့ နေ့ဟာ ဒီနေ့(ပထမဆုံးအကြိမ်) ပါပဲခင်ဗျာ။ ကျနော့်မွေးနေ့ကို လာရောက်အားပေး ကြတဲ့ ကိုကိုမမအားလုံးကို အများကြီးကျေးဇူးတင်ပါတယ်ခင်ဗျာ။

ကိုကိုမမများအတွက် မွေးနေ့အစီအစဉ်



မွေးနေ့ကိတ်






စားကောင်းသောက်ဖွယ်များ








Happy Birthday


ညီတော်မောင် အချစ်တုံးလေး “မောင်ကျန်ရစ်”ရဲ့ ကျနော့်အတွက် မွေးနေ့လက်ဆောင်ပါ။

မင်းဘဝအချိန်တွေရဲ့ ငါးပုံတစ်ပုံကို
ငါနဲ့အတူ တလိမ့်ကောက်ကွေး စီးမျောခဲ့ကြပြီး
လက်မောင်းသွေးဖောက် သစ္စာရေမသောက်ပဲ
ညီအစ်ကိုတွေဖြစ်ခဲ့ကြတဲ့ မင်းနဲ့ငါ
ဘဝအစိတ်အပိုင်းတွေ အားလုံးထွင်းဖောက်လို့
အတ္တဆိုတာ တစ်ယောက်ရဲ့ကောင်းကျိုးတယောက် ဖြည့်ခြင်းပဲ။
ဝမ်းနည်းမှုဆွတ်ပျံတိုင်း ပျော်ရွှင်ခြင်းလွန့်လူးတိုင်း
တူတူစားသုံးခဲ့ကြတာ မေ့နိုင်စရာမှ မဟုတ်တာ။
မင်းမိသားစုရဲ့ မြင့်မိုရ်လို ထူမတ်ထားတဲ့မင်း
ငါ့အတွက် သူငယ်ချင်းလည်းဟုတ် အစ်ကိုဆိုလည်း ဟုတ်တယ်။
ဒီနေ့ဟာ မင်းဘဝလမ်းကြမ်းကြမ်းရဲ့
(၂၃) ဆိုတဲ့ မှတ်တိုင်တခုပေါ့…
ဒီနေ့ ဒီရက်မှစပြီး ကံကောင်းခြင်းတွေစီးနင်းရင်း
ပီတိတွေစားသုံးလို့ ပျော်ရွှင်ငြိမ်းချမ်းတဲ့
ကမ္ဘာတစ်ခု မင်းဖန်တီးနိုင်ပါစေ သူငယ်ချင်း။
ကျန်နေတဲ့ မင်းဘဝအပိုင်းအစတွေမှာ
ငါဆိုတဲ့ မင်းသူငယ်ချင်း မင်းညီတစ်ယောက်
ဘေးမှာအမြဲရှိနေတယ်ဆိုတာ ယုံပေးထားလိုက်တော့ကွာ။

မောင်နှမအရင်းပမာ ချစ်ခင်ရသော အစ်မတော် “အစိမ်းရောင်မိန်းကလေး” ရဲ့ မွေးနေ့လက်ဆောင် ကဗျာလေးပါ။

မောင်လေးသို့…

နှစ်ဆယ့်တစ် ဇွန်
အသက်တစ်နှစ်လွန်
အဟောင်းတွေ မေ့ထား
မောင်အညာသား...
ဘ၀ခရီး ရှေ့ဆက်
ဇွဲမာန်အပြည့်နဲ့
နှစ်ဆယ့်လေးအတွက် အားအင်ထည့်...
စိတ်နှလုံးသား ဖြူစင်ရှင်းစေ
ဘ၀ခရီး စမ်းလိုအေးစေ
ပညာဥာဏ်အသိ ဓားလိုထက်စေ
ရည်ရွယ်ချက်ထား ပန်းတိုင်ရောက်စေ

အမိကောင်းသား ပီသစေ...
မြတ်ဆန္ဒနဲ့ ဆုမွန်ခြွေ
နှစ်ပေါင်း တစ်ရာ့နှစ်ဆယ် တည်ပါစေ...

“ကျနော့်မွေးနေ့ကို လာရောက်အားပေးကြတဲ့ ကိုကိုမမများအားလုံးကို Record လုပ်ထားမှာဖြစ်ကြောင်း၊ ရှိစုမဲ့စုလေးနဲ့ မွေးနေ့ပွဲလုပ်လိုက်ရသဖြင့် အညာသား ဆီမှာ လုံချည်တစ်ထည်သာကျန်ပါတော့ကြောင်း၊ မွေးနေ့ပွဲပြီးတာနဲ့ ကိုကိုမမများ ဆီသို့ တစ်အိမ် တစ်ရက် လိုက်လံစားသောက်မှာဖြစ်ပါကြောင်း အသိပေး ကြေညာအပ်ပါသည်ခင်ညာ” razz
(ဓာတ်ပုံတစ်ချို့အား http://myanmarbamar.blogspot.com/ မှ ရယူပါသည်။)

This entry was posted on Saturday, June 21, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

31 ယောက်ရဲ့အမြင်

Happy Birthday to you--A Nyar Tar..

အညာသားလေး...
မွေးနေ့မှာ ပျော်ရွှင်ပါစေ...
အမိအဖကို မမေ့တဲ့သားတစ်ယောက် ကောင်းတာမွန်တာတွေပဲ ဒီအသက်ရပါစေဗျာ...
ကိုယ်စိတ်ကျန်းမာချမ်းသာပြီး အများအကျိုးလုပ်နိုင်တဲ့သူတစ်ယောက်ဖြစ်ပါစေ...

ကိုဇနိ၊မဇနိ

ယခု ၂၃ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် ကျန်းမာပျော်ရွှင် အဆင်ပြေနိုင်ပါစေဗျာ....:D

မွေးနေ့မှာပျော်ရွှင်ပါစေလို့ ဆုတောင်းပေးသွားပါတယ်ဗျာ။

Anonymous  

Happy Birthday ကိုညာ ကိုကျန်စစ် ရဲ့အစ်ကိုတော် ဆိုတော့ တော်တော် အိုနေပြီလားလို့  အခုမှ ၂၃ ပဲ ရှိသေးတာကိုး) ကောင်း၏ ကောင်း၏ မွေးနေ့ မှစ ဘ၀လမ်းခရီးကို အခက်ခဲမရှိ ဖြောင့်ဖြူးစွာလျှောက်လှမ်းနိုင်ပါစေဗျာ လိုတာတွေအကုန်ပြည့်ပါစေလို့  တိုတိုပဲဆုတောင်းပေးတော့မယ် မွေးနေ့ ရှင်ကဘာလို ချင်လည်း သိမှမသိနိုင်တာ ဟားဟား ။ ကျွေးထားတာတွေ အများကြီးပဲ သောက်စရာကတော့ ပါစယ်ပါနည်းနည်းဆွဲသွားတယ် ကျေးဇူးဗျို့  ။

Happy 23rd Birthday ! ပါအညာသားရေ။ “အနန္တဂိုဏ်းဝင်မိဘနှစ်ပါးအား ရှိသုံးခါခိုး ရိုကျိုးပါ၏ (သောက်ပြီးရင် ကန်တော့ဘို့ မေ့သွားမှာစိုးလို့ :P) “ ဆိုတော့ မောင်ကျန်ရစ်ပြောတဲ့ “လက်မောင်းသွေးဖောက် သစ္စာရေသောက်” တာလား? (ဒါမှမဟုတ့်) Black, Red, Jack တွေ သောက်တာလား?

happy birthday.all the best.
best wishes

မွေးနေ့ပွဲလာတယ်ကွာ.... လက်ဆောင်တော့မပါဘူး.... :)
လိုအပ်သောအချိန်များမှာ တောင်းတသောဆုများ ပြည့်ပါစေဗျာ...:P

ဘ၀မှ
အောင်မြင်မှုတွေ
ပျော်ရွှင်မှုတွေ
စိတ်ချမ်းသားမှုတွေနဲ့ ပြည့်စုံပါစေ

စမိုင်းမေ

This comment has been removed by the author.

မောင်လေး အညာသား
ယနေ့မှစ နှစ်တစ်ရာတိုင် ပျော်ရွှင်အေးချမ်းသောဘ၀ကို ပိုင်ဆိုင်နိုင်ပါစေ
လိုရာဆန္ဒများလည်း ပြည့်စုံပါစေ
မုန့်တွေကျွေးလို့ ပိုက်ပိုက်ကုန်ရင် အိုးဝေမှာ လာစားနော်
မဇနိ

မွေးနေ့မှာ ပျော်ရွှင်ပါစေ
အဖေအမေကို ချစ်တဲ့ သားလိမ္မာလေး
ဘဝတစ်လျှောက်လုံးကြီးပွားတိုးတက်ပါစေ
စိတ်ကျန်းမာ ကိုယ်ချမ်းသာနဲ့
အများအကျိုး သယ်ပိုးနိုင်တဲ့ သူတစ်ယောက်
ဖြစ်ပါစေလို့....

မွေးနေ့ရှင် ဧည့်ခံတဲ့ ၀ိုင် နဲ့  လက်ဖက်ကို သုံးဆောင်ပြီးသကာလ ... မွေးနေ့လက်ဆောင်ပေးရရင်တော့

ဆန္ဒတွေ ပြည့်စုံ ... လိုချင်တာတွေ ရပါစေ ..။

သူငယ်ချင်းရေ ...၂၃ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင်သည်အထိ စိတ်ချမ်းသာ ကိုယ်ကျန်းမာစွာနဲ့ ကျန်းမာပျော်ရွှင် အဆင်ပြေနိုင်ပါစေဗျာ....:)

ကိုတောသားကြီးရေ... လိုအင်ဆန္ဒများနှင့်ပြည်စုံ၍
မွေးနေ့မှာပျော်ရွှင်ချမ်းမြေ့ပါစေနော်...
:)
~~~ ဇောင်း ~~~

Happy Birthday ပါဗျာ။ မွေးနေ့တိုင်းမှာ သူငယ်ချင်း အပေါင်းအသင်းတွေနဲ့ ပျော်ရွှင်ပါစေ

မွေးနေ့ မှာ ပျော်ရွှင်ပါစေ.!
မိဘကိုလုပ်ကျွေးနိုင်တဲ့ သားကောင်းရတနာလေး ဖြစ်ပါစေ။ (:

AK-47 သောက်မယ်အစ်ကို
တိုက်! :P ( ဗော်ကာ+၀ိုင်+ရှန်ပိန်+ Green Lable=AK 47)

ယခုမွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာသော မွေးနေ့သည့်တိုင် ပျော်ရွှင်ချမ်းမြေ့သော လမ်းခရီးကို လျှောက်လှမ်းနိုင်ပါစေ...

ပျော်ရွှင်စရာ မွေးနေ့လေး ဖြစ်ပါစေ အကိုရေ. :D

ကဲ...စားပြီးမှဆုပေးရမှာလား။ဆုပေးပြီးမှဆွဲရမှာလား။
ကြာပါတယ်။အရင်ဆွဲလိုက်ဦးမယ်။အင်း..ငတ်နေလို့လားမ
သိဘူး။

အခုမှစနောင်နှစ် ၁၀၀ ကျော်တိုင် အဆင်ပြေပါစေ။ဘဝ
လမ်းချောမွေ့ပါစေ။ချစ်သူကောင်မလေးနဲ့လဲဆုံစည်းနိုင်ပါ
စေ(မရှိသေးဘူးလား၊ဒါဆိုလည်းလက်တို့.....တူတူလူပျို
ကြီးလုပ်ကြတာပေါ့ ဟဲဟဲ :P)

၂၃ နှစ်မြောက်မွေးနေ့မှသည် နောင်နှစ်ပေါင်းများစွာတိုင် အောင်မြင်ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ ဆုမွန်ကောင်းတောင်းလျက်...

မွေးနေ့မှာပျော်ရွှင်ပါစေ ။ ၂၃ နှစ်ပြည့် မွေးနေ့မှစ၍ နောင်နှစ်ပေါင်း ၁၂၀တိုင် အေးချမ်းအောင်မြင်ပျော်ရွှင်သော ဘဝကို ပိုင်ဆိုင်နိုင်ပါစေ။

မွေးနေ့မှာ လိုအင်ဆန္ဒတွေ ပြည့်စေဗျာ ၊၊ပျော်ရွှင်အောင်မြင်ပါစေ ..(ညီ)အညာသားလေးရေ

မွေးနေ့ပွဲမှာ ကြေးအိုးအဝကြိတ်သွားပါတယ်..
ယနေ့၂၃ နှစ်မြောက်မွေးနေ့မှသည် နောင် နှစ်ပေါင်းများစွာတိုင်သည်အထိ လိုအင်ဆန္ဒများ တလုံးတဝ တည်း ပြည့်စုံနိုင်ပါစေဗျာ..။

အညာသားရေ စားစရာ သောက်စရာတွေက များတော့
ဘာကို သောက်ရမှန်းမသိကြောင်း ၊ သို့ပေမယ့်
မွေးနေ့ဆုတောင်းတော့ ပေးသွားကြောင်း မွေးနေ့မှသည်
နောက်နှစ်ပေါင်းများစွာ ဘ၀မှာ အခက်အခဲ အနဲဆုံးနဲ့ ကျော်ဖြတ်နိုင်ပါစေကြောင်း
မိဘအား ကျေးဇူးဆပ်နိုင်တဲ့ သားလိမ္မာ ဖြစ်ပါစေကြောင်း
ညီအစ်ကို ၂ ယောက်လဲ ဒီထက်ပိုပြီး ချစ်ချစ်ခင်ခင် နေနိုင်ကြပါစေကြောင်း
ဆုတောင်းပေးသွားပါကြောင်း ။ ။

THS

မွေးနေ့မှာ ပျော်ရွှင်ပါစေ..အခုမှစနောင်နှစ် ၁၀၀ ကျော်တိုင်အောင်မြင်ပျော်ရွှင်သော ဘ၀ကို ပိုင်ဆိုင်နိုင်ပါစေလို့ဆုတောင်းပေးလိုက်ပါတယ်နော်

စိတ်ချမ်းသာ ကိုယ်ကျန်းမာနဲ့ ဘ၀ကို ပျော်ရွှင်စွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေ ညီလေးရေ :)

ကဲ..ကဲ ကြိတ်မယ်...စကြိတ်ပါပီ..
ကြေးအိုးအ၀တွယ်သွားတယ်..ကိတ်မုန့်တော့ အကုန်ကိုစားသွားတယ် အဟီးး
ဆုတောင်းပေးဖို့
ငါနောက်ဆုံးထင်တယ်..
နောက်ဆုံးမှလာပေမယ့်
ဆုတောင်းသံဇဉ်တွေကတော့ ပြည့်နှက်လို့ပါ..
မွေးနေ့မှစတင်၍ နောင်နှစ်ပေါင်း များစွာတိုင်အောင်
စိတ်ချမ်းသာမှုအစစ်အမှန်ဖြင့် ပျော်ရွှင်စွာဖြတ်သန်းနိုင်ပါစေလို့ ဆုတောင်းပေးတယ်နော်...

hi do u want to rellay exchange to my bllog
i am myat thu hein 12 years old http://kingmth.blogspot.com/