
နောက်တစ်နေ့ ( ၁၇ ဇူလိုင် ၂၀၀၈ ရက်နေ့ ) ဟာ ၀ါဆိုလပြည့်နေ့ ဖြစ်တဲ့အားလျော်စွာ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုဟာ MSU ကျောင်း ဘုရားခန်းမှာ ဓမ္မစင်္ကြာ တရားတော်ကို ရွတ်ဖတ်ပူဇော်ခဲ့ကြပြီး အခုလို နေ့ထူးနေ့မြတ်မှာ ကျွန်တော်တို့ ချစ်တဲ့ မြန်မာ ပြည်သူပြည်သားအပါင်း ကိုယ်၏ချမ်းသာခြင်း (သုခိနောဝ) စိတ်၏ ချမ်းသာခြင်း (ခေမိနောဝ) အပေါင်းနှင့် ပြည့်စုံပြီး ဘေးရန်အပေါင်းက ကင်းဝေးပါစေကြောင်း ဆုမွန်ကောင်း တောင်း ခဲ့ကြပါတယ်။ နေ့လည်ခင်းမှာတော့ အမှတ်တရ ခရီးအဖြစ် (Коломенский Парк) ပန်းခြံနဲ့ ဟိုချီမင်း ရင်ပြင်တို့ကို သွားရောက် လည်ပတ်ခဲ့ကြပါတယ်။
ကျွန်တော်တို့ သူငယ်ချင်းတစ်စုရဲ့ တွေ့ဆုံပွဲကို နိုင်ငံအသီးသီးမှာ ရှိကြတဲ့ ကျွန်တော်တို့ရဲ့ Blogger ညီအစ်ကို ၊ မောင်နှမများအားလုံး သိရှိစေဖို့ ၀မ်းသာစရာ သတင်းကောင်း တစ်ခုအနေနဲ့ ဖော်ပြပေးလိုက်ပါတယ် ခင်ဗျာ။ ကျွန်တော်တို့ရဲ့ တွေ့ဆုံပွဲလို နိုင်ငံအသီး သီးမှာရှိကြတဲ့ Blogger ညီအစ်ကို ၊ မောင်နှမ များလည်း ပျော်ပျော်ရွှင်ရွှင် စည်းစည်းလုံးလုံးနဲ့ ဆုံတွေ့နိုင်ကြပါစေလို့ ကျွန်တော်တို့ သူငယ်ချင်း Blogger တစ်စုက ဆန္ဒပြုလိုက်ပါ တယ်ခင်ဗျာ။ Blogger များ အားလုံးနဲ့ Blog စာဖတ်သူများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ ချမ်းသာကြပါစေ …….


မှတ်ချက် ။ ။ အကြောင်းကြောင်းကြောင့် လူကိုယ်တိုင်မလာနိုင်ပဲ G-talk ၊ Phone များနဲ့ ဆွေးနွေးခဲ့ကြတဲ့ Blogger တစ်ချို့ကိုလည်း ဆွေးနွေးပွဲမှာ ပါဝင်သူအဖြစ် အားလုံးကို ဖော်ပြပေးလိုက်ပါတယ်ခင်ဗျာ။
ကိုရင်ညိန်း ၊ တင့်ထူးရွှေ ၊ နတ်သျှင်နောင် ၊ Black Dream ၊ မောင်ကောင်းအောင် ၊ လွမ်းလုင် ၊ မျှားပြာ ၊ ရွှေရောင်ကောင်းကင် ၊ လင်းထွန်း ၊ လွမ်းသုခ ၊ ရတ်မွန် ၊ နေချိုအေး ၊ ၀ဿန်ဦး ၊ မောင်နိုင် ၊ မီးပြတိုက် ၊ ဇွတ်ဆိုးလေး ၊ 4Ever ၊ ထိပေ့သျှင် ၊ ကိုစွမ်း ၊ ကိုအောင် ၊ ညိမ်းညို ၊ ဖြိုးငယ် ၊ အောင်ဦး ၊ နန်းထိုက်ဝင်း ၊ မင်းဝေ ၊ တင်နွယ်မောင် ၊ သုခရိပ် ၊ မင်းကျန်စစ် ၊ အလွမ်းရောင် ၊ စောမဏ္ဍိုင် ၊ အညာသားလေး ၊ မောင်ငယ် ၊ မောင်သုည ၊ လွမ်းစေ (မြန်မာပြည်) ။
This entry was posted
on Friday, July 25, 2008
and is filed under
အမှတ်တရများ
.
You can leave a response
and follow any responses to this entry through the
Subscribe to:
Post Comments (Atom)
.
2 ယောက်ရဲ့အမြင်