"စိတ်နှလုံးရွှင်ပြုံးနိုင်ပါစေ"

ငါ့ကဗျာ  

စာရေးသူ >> အညာသား


အလွမ်းက ပင်လယ် ဆိုရင်
မှောက်ခဲ့တဲ့လှေငယ်ဟာ င့ါနှလုံးသားပေါ့
ပျောက်ဆုံးသွားတဲ့ ဆုံမှတ်တစ်ခုက
အခုထိေ၀၀ါးနေတုန်းပဲ
တကယ်တော့ နင်ဟာငါ့ရဲ့အသက်ပါ
ငါမပိုင်တဲ့ ဒုတိယအသက်ပေါ့ကွယ်
ငါ့မနက်ခင်းတိုင်းရဲ့ အာရုဏ်ဦး
ငါ့အိပ်မက်ပေါင်းများစွာရဲ့ ပန်းတိုင်
လှေမှောက်ခဲ့ပေမယ့်
ရွက်မကျိုးသေးပါဘူး…။
အသဲကွဲတယ်ဆိုတာ
ငါ့အတွက် ကဗျာတစ်ပုဒ်မွေးဖွါးခြင်း
နင့်နင့်သီးသီးချစ်ခဲ့ပေမယ့်
နင့်အတွက်က မခံစားတတ်ခြင်း
မညီမျှခြင်းတွေနဲ့ ဘောင်ခတ်နေတဲ့
မင်းနဲ့ ငါ့ကြားမှာ
မှားယွင်းစွာသန္ဓေတည်ခဲ့တာ “အချစ်” ပေါ့
မင်းအတွက်ကြောင့်
ငါ့ကိုယ်ငါ သတ်မသေပါဘူး
ငါ့ဘ၀မှာ ပျက်နေတဲ့ရင်ဘတ်နဲ့
အသက်ဆက်ရှင်နေတယ်
ဒါပေမယ့် နင်စွန့်ပစ်ခဲ့တဲ့ဘဝ
ဘယ်လောက်ထိ ကျိုးကျနေသလဲသိချင်ရင်
တစ်ချက်လောက်လှည့်ကြည့်လိုက်ပါ
နှလုံးသားမှာ
တစ်စစီ စုတ်ပျက်နေတဲ့
အခန်းလေးခန်းတွေ့ရမယ်
နင်ပျော်နိုင်ပါစေကွယ်…။ ။

(သယ်ရင်းတစ်ယောက်ရဲ့ခံစားချက်ပါ)

This entry was posted on Friday, October 03, 2008 and is filed under . You can leave a response and follow any responses to this entry through the Subscribe to: Post Comments (Atom) .

10 ယောက်ရဲ့အမြင်

ကဗျာကကောင်းတယ်ဟ။ ဘယ်သူ့ လက်ရာလဲဗျို့ ။
စာကြောင်းတိုင်းက ခံစားချက်တွေ အပြည့်ပါနေတယ်။
နောက်တစ်ခေါက် ထပ်ဖတ်သွားတယ် ။ ကြိုက်၏။
ဆက်ေ၇းစေချင်၏။ :D

မညီမျှခြင်းတွေနဲ့ ဘောင်ခတ်နေတဲ့
မင်းနဲ့ ငါ့ကြားမှာ
မှားယွင်းစွာသန္ဓေတည်ခဲ့တာ “အချစ်” ပေါ့...။

ခိုက်တယ်ဗျာ ။

ဟုတ်ရဲ့လား သယ်ချင်းးရဲ့.။ ခံစားချက်. သိတ်စူးရှ နေတယ်။။။

ဘယ်သယ်ရင်းလဲဟ .. ငါကမင်းများရေးတာလားလို့ ..
ခံစားချက်ကတော့ အပြင်းသား ကိုယ့်လူရေ

အစ်ကို ရေးတာမဟုတ်ဘူးလား ...
ဟဲဟဲ သိနေတယ်နော်

ရှင်းရှင်းပြောစမ်းပါအုံး နင်ရေးတာလား သူငယ်ချင်းရေးတာလား သူ့ခံစားချက်ကို ငှားပြီး နင်ရေးထားတာလား အဲလိုရှင်းအောင်ပြော မပြောလိုက်ချင်ဘူး ငါဂိမ်းရှုံးတာ နင့်ကြောင့်အဟင့်
မခေါ်ဘူးဒါပဲ ဂလောက်
အော်ခဏလေး ကျန်သွားလို့
နင့်ကဗျာသိပ်ကောင်းတာပဲ သိလား :P

Anonymous  

ဘာ သူငယ်ချင်း ခံစားချက်လဲ မယံဘူး ကိုညာပြဲနေတယ်လို့ မှတ်လိုက်မယ် ဟီး အသဲပြောတာပါဗျာ.....။

ကဗျာလေးကိုအရမ်းကြိုက်တယ်
ကဗျာနဲ့ထပ်တူခံစားသွားတယ်..

၁ ပုဒ်လုံးကောင်းတယ်။
အကြိုက်ဆုံးစာသားလေးကတော့

မညီမျှခြင်းတွေနဲ့ ဘောင်ခတ်နေတဲ့
မင်းနဲ့ ငါ့ကြားမှာ
မှားယွင်းစွာသန္ဓေတည်ခဲ့တာ “အချစ်” ပေါ့


အားပေးနေပါတယ်..ကဗျာကောင်းလေးတွေ
အမြဲရေးနိုင်ပါစေလို့..

သန္ဓေတည်မှားသွားတာ ခေတ်မှီနည်းပညာတွေနဲ့ ပြုပြင်လို့ရနေပီလို့ နင့်သယ်ရင်းကိုပြောလိုက် :D :P

မင်းနဲ့ ငါ့ကြားမှာ
မှားယွင်းစွာသန္ဓေတည်ခဲ့တာ “အချစ်” ပေါ့

ဒီစာသားလေးအကြိုက်ဆုံးပဲ အစ်ကိုရ.....
တစ်ပုဒ်လုံးကောင်းပါတယ် :D

ကဗျာဖတ်လေ့မရှိပေမယ့်ဖတ်ကြည့်ပြီးပြီ လာလည်ရင်းပေါ့